d
OFFICIAL WEBSITE OF FORUM FOR DEMOCRACY IN BURMA

d





မြန်မာနိုင်ငံ အမျိုးသမီးများနေ့ ကျင်းပပြုလုပ်

မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု၏ အဖွဲ့ဝင်အဖွဲ့အစည်းဖြစ်သော မြန်မာ့အမျိုးသမီးသမဂ္ဂ ပါဝင်သော မြန်မာနိုင်ငံအမျိုးသမီးထု လှုပ်ရှားမှုကော်မတီမှ ဦးစီးကျင်းပသည့် မြန်မာနိုင်ငံ အမျိုးသမီးနေ့အခမ်းအနားကို ၂၀၀၈ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၏ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားသို့ ကရင်အမျိုးသားအစည်းအရုံးမှ ဥက္ကဌ ဗိုလ်ချုပ်ကြီးတာမလာဘော၊ ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းနှင့် မယ်တော်ဆေးခန်း တည်ထောင်သူ ဆရာမဒေါက်တာစင်သီယာမောင်တို့မှ အမှာစကားများ ပြောကြားကြသည်။ ထို့နောက် နာဂစ်မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် အမျိုးသမီး ၈ ဦးက ကိုယ်တွေ့ဖြစ်ရပ်များကို ရှင်းလင်းပြောပြကြသည်။ အခမ်းအနားသို့ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ ကျောင်းသူ ကျောင်းသားများနှင့် ဧည့်သည်တော်များအပါအ၀င် စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ကြကြောင်း သိရသည်။

ဤအခမ်းအနားသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသည့် အနေဖြင့် သူမ၏ မွေးနေ့ပွဲကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် မြန်မာနိုင်ငံအမျိုးသမီးထု လှုပ်ရှားမှုကော်မတီမှ သတ်မှတ်ကာ နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုအကြီမ်သည် ၁၂ ကြိမ် မြောက် ဖြစ်ကြောင်း သတင်းရရှိသည်။

 

"Quote of the Week"

"ကျောက်နံရံများ ကာရံထား လည်း ထောင်က မဖြစ်လာနိုင် ပါဘူး။
သံတိုင်းသံချောင်းများ စိုက်ထူ ထားလည်း လှောင်ချိုင့်ဖြစ်မလာ နိုင်ပါဘူး။ အထဲမှာရှိနေသူများဟာ အပြစ်မဲ့ တဲ့လူတွေ ငြိမ်းချမ်း စိတ်ငြိမ်တဲ့ စိတ်ထားရှိသူတွေသာ ဖြစ်နေခဲ့ ရင်တော့ ဒါတွေဟာ ကျောင်း သင်္ခါန်းတွေပါပဲ။"

ရစ်ချဒ်လဗ်လေစ့်
(၁၆၁၈-၁၆၅၇)

 



She Must Be Free


Joint statement

©2006 Forum for Democracy in Burma
With support of the Denish Burma Committee
Website design by FDB Meida Team