မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု မူဝါဒရေးရာ ဦးဆောင်အဖွဲ့၏ ပထမအကြိမ်ညီလာခံ စတုတ္ထအကြိမ်မြောက်အစည်းအဝေး ကျင်းပ
မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစ မူဝါဒရေးရာဦးဆောင်အဖွဲ့၏ ပထမအကြိမ်မြောက်ညီလာခံ စတုတ္ထအကြိမ်မြောက်အစည်းအဝေးကို ၂၀၀၇ ခုနှစ်၊ ဇွန်လ (၁၇-၁၈) ရက်ထိ ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုရုံး၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။ ထိုအစည်းအဝေးသို့ အဖွဲ့ဝင်အဖွဲ့အစည်းများမှ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် စုစုပေါင်း ၂၁ ဦးတက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အတွင်းရေးမှူးအဖွဲ့၏ မျက်မှောက်အခြေအနေများအပေါ် သုံးသပ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ အကြံပြုချက်ကို တင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ အတည်ပြုချက်ရယူခြင်း၊ အတွင်းရေးမှူးအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ တင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ အတည်ပြုချက် ရယူခြင်း၊ ကော်မတီအလိုက် (ပြည်တွင်းလုပ်ငန်းကော်မတီ၊ သတင်းနှင့် ပြန်ကြားရေးကော်မတီ၊ နိုင်ငံခြားရေးကော်မတီတို့၏) အစီရင်ခံစာများ တင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ အတည်ပြုချက် ရယူခြင်း ဘဏ္ဍာရေးအစီရင်ခံစာ တင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ အတည်ပြုချက်ရယူခြင်း၊ Vote No လှုပ်ရှားမှုအတွင်း ဘဏ္ဍာရေးသုံးစွဲမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ရှေ့လုပ်ငန်း စဉ်များ ညှိနှိုင်းချမှတ်ခြင်းနှင့် အထွေထွေကိစ္စရပ်များကို ညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိသည်။ |