တစ်ခုသော မီဒီယာကွန်ဖရင်၌
တူမောင်ညို
(၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်)
မနေ့ညက ကျွန်တော့်မိတ်ဆွေ မီဒီယာသမားက ဖုန်းဆက်သည်။
နံနက်မှာ ခါတိုင်းဆုံနေကြလက်ဖက်ရည်ဆိုင်တွင် တွေ့ကြရအောင်တဲ့။ ဒါနဲ့ကျွန်တော်သည် ဒီကနေ့ နံနက်စောစောထကာ ဆုံနေကြလက်ဖက်ရည်ဆိုင်သို့ ထွက်လာခံသည်။ လက်ဖက်ရည် ဆိုင်ရောက်တော့ ဖတ်လက်စ စာအုပ်ကို ထုတ်ဖတ်ရင်း မိတ်ဆွေ မီဒီယာသမားအလာကို စောင့်နေလိုက်သည်။ စာမျက်နှာ လေးငါးဆယ်မျက်နှာခန့်ကျော်လွန်သွားပြီးတဲ့အခါ မိတ်ဆွေ မီဒီယာသမားရောက်လာသည်။ ရောက်ရောက်ခြင်း သူက ဒီနှစ်ဆောင်းက ဆောင်းနဲ့မတူဘူး ဗျာနော်ဟု ပြောပါသည်။