အရိုင်းနဲ့ အယဉ်
(အာဏာရှင်နဲ့ လူထုရှေ့ဆောင်တွေ)
ခွန်ဆိုင်း
ဦးချိုရှိတဲ့ သတ္တ၀ါက ဦးချိုနဲ့ဝှေ့၊ အစွယ်ရှိ တဲ့ သတ္တ၀ါက အစွယ်အားကိုးနဲ့ ကိုက်ဖြတ်တတ်၊ ခွာရှိတဲ့ သတ္တ၀ါက ခွာနဲ့ခုတ်ဖို့ ကြိုးစားတာ သဘာဝပဲ။
မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ အုပ်ချုပ်တဲ့ ထောင်မှူးထောင်ပိုင်တွေဟာ အကျဉ်းထောင်ကို ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်တဲ့နေရာမှာ အကျဉ်းကျနေတဲ့သူ အကျဉ်းသားဘ၀တူအချင်းချင်း၊ ဒုက္ခရောက်နေသူအချင်းချင်းကို အခွင့်အရေးနဲ့ သွေးကွဲအောင်လုပ်ပြီး ရိုက်ရဲ၊ နှက်ရဲ၊ နှိပ်စက်ရဲ လိုအပ်လာရင် သတ်ရဲဖြတ်ရဲတဲ့အထိ အပြစ်ထပ်ကျူးလွန်ဖို့ ၀န်မလေးတဲ့ လူသတ်မှုဓါးပြမှုနဲ့ နှစ်ကြီးကြီးကျနေတဲ့ ဆိုးပေ့မိုက်ပေ့ ဆိုတဲ့သူတွေကို နေရာပေးလေ့ရှိပါတယ်။ ဒီလိုနဲ့ ခိုးဆိုးလုယက် လူသတ်တွေ ထောင်ထဲမှာ အခန်းလူကြီး၊ တန်းစီးဘုတ်ကိုင်၊ ဘာယာ၊ စည်းကမ်းထိန်းစတဲ့ နေရာတွေကိုရကြတာ သိပ်မဆန်းတဲ့ထုံးစံတခုပါ။ လျှော့ရက် များများပေမယ်၊ ပုံစံအသား များများစားရမယ်။ နေရာကောင်းမှာ အိပ်ရမယ်၊ ရေ ၀၀ ချိုးရမယ်ဆိုတဲ့ လူမဖြစ်လောက်တဲ့ အခွင့်အရေးလေးတွေနဲ့ သူတို့ကို မြူဆွယ် မက်လုံးပေးပြီး ဘ၀တူအကျဉ်းသားအချင်းချင်းကို ရိုက်စေနှက်စေ၊ အလုပ်ကြမ်းတွေ လုပ်စေပါတယ်။ ဒီလိုနဲ့ ဦးနှောက်နည်းတဲ့ လောဘ၊ ဒေါသ၊ မောဟတွေ များလွန်းတဲ့လူတွေက ထောင်မှူးထောင်ပိုင်တွေ ခိုင်းသမျှကို လက်မရွံ့ နှိပ်စက်ခဲ့။ လုပ်ကိုင်ခဲ့ကြတာတွေကို မကြာခဏ ကြုံခဲ့ကြရပါတယ်။
ဒီနေ့ ဖြစ်တည်နေတဲ့ မြန်မာနိုင်ငံကိုလည်း အကျဉ်းထောင်ကြီးတခုလို မြင်ကြည့်ကြပါစို့၊ ဒီလိုဆိုရင်သွားလေသူ သမ္မတကြီးတဦး၊ သွားလုဆဲ ၀န်ကြီးချုပ်တဦးနဲ့ ပြန်ကြားရေး ၀န်ကြီးအပါအ၀င် သမ္မတလူကြမ်းအဖွဲ့တို့ဟာ ဒီ မြန်မာပြည်အကျဉ်းထောင်ကြီးရဲ့ နံမည်ဆိုးနဲ့ နာမည်ကျန်တော့မယ် ထောင်ပိုင်၊ ထောင်မှူး၊ ၀ါဒါ၊ တန်းစီး၊ ဘုတ်ကိုင်တွေ ဖြစ်ပါလိမ့်မယ်။
ထောင်ထဲမှာ ထုံးစံက တခုခုလုပ်တော့မယ်ဆို အကျဉ်းသားတွေကို ဘယ်တော့မှ ကြိုတင်အသိပေးလေ့ မရှိပါဘူး။ အရာရာကို တဖက်သတ် သုံးသပ်ဆုံးဖြတ်ကြတာပါ၊ ခုလည်း လူထုကို ဘာတခုမှ မပြောဘဲ လောင်စာဆီဈေးနှုန်းတွေကို အဆမတန် မြှင့်လိုက်ကြပါတယ်။ တို့လက်ခုပ်ထဲ ထားရာနေ၊ စေရာသွားကြပေါ့။
ဂရုစိုက်စရာလားပေါ့။
မနေ့က(အငတ်ဘေးချီတက်ဆန္ဒပြပွဲကြီး)ဆိုတဲ့ ခေါင်းစဉ်နဲ့ လူထုတွေကို ရန်ကုန်မြို့လယ် လမ်းမကြီးတွေပေါ်မှာ ငြိမ်းချမ်းစွာ လမ်းလျှောက်ကြပြီး နစ်နာခံစားနေရတာတွေ အဖြစ်မှန်တွေကို တောင်းဆိုဆန္ဒပြနေကြတာ ကမ္ဘာတလွှား သတင်းမီဒီယာများစွာကနေ (နအဖ သတင်းမီဒီယာများမှအပ) အကြိမ်ကြိမ်ထုတ်လွင့်ပြသနေခဲ့တာတွေကို တကမ္ဘာလုံးက မြင်နေခဲ့ရတယ်၊ ဦးဆောင်ကြတဲ့လူတွေထဲမှာ အမျိုးသမီးတွေကတောင် များနေတယ်လို့ သတင်းဌာနတချို့က ဖေါ်ပြပေးကြပါတယ်။ ၈၈ အရေးတော်ပုံနဲ့ ဘာကွာလဲ။ ပြောပါဆိုရင်တော့ .... အပြည့်အစုံသို့ >>>
|