Friday, September 10, 2010

စစ်အာဏာရှင် ဆက်ထုံးကို ဖြတ်ပစ်ရမည် . . . (e-bulletin – 8 / 2010)

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသက်သွင်းမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲ သပိတ်မှောက်ရေး။ အပစ်ရပ် အဖွဲ့အစည်းများထဲက စစ်အုပ်စုအပေါ် ဒူးထောက် အညံ့မခံပဲ နယ်ခြားစောင့်တပ်ဖွဲ့ရေး၊ ပြည်သူ့စစ်ဖွဲ့ရေး လက်မခံတဲ့ တုန့်ပြန်မှုများ။ ဒါတွေဟာ စစ်အာဏာရှင် သက်ဆိုးရှည်မယ့်၊ တရားဝင် စစ်ကျွန်ပြု၊ တိုင်းပြည်နဲ့ ပြည်သူကို ဟောင်းနွမ်း ခေတ်နောက်ကျပြီး ပြည်တွင်းစစ် သက်ဆိုးရှည်မယ့်၊
ဒီမိုကရေစီမိုးမှောင်ကျမယ့် အဖြစ်ဆိုးတွေကို တားဆီးနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံးက စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းကူညီကြရင်း စစ်အာဏာရှင်စနစ်ကို အကုန်အစင် ဖျက်သိမ်းပစ်ဖို့ တိုက်တွန်းနိုးဆော်လိုက်ပါတယ်။

ကျနော် မနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၄) နှစ်မြောက်မွေးနေ့နဲ့ ပတ်သက်ပြီးတော့ သွားသတိရ တယ်ဗျာ။ အဲ့ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲကို ရောက်နေတယ်။ ကျနော်တို့တွေက အပြင်မှာပေါ့ဗျာ။ အဲ့ဒီတော့ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အခမ်းနားတွေ ကျင်းပတယ်။ ဌာနချုပ်မှာလည်း ကျင်းပပါတယ်။ နောက်ပြီးတော့ အခြားသော ဒီလှုပ်ရှားမှုတွေအများကြီး ဒီလူငယ်တွေက လှုပ်ရှားတာ၊ ထောင်ကျမိသားစုတွေကနေ လှုပ်ရှားတာ၊ ဆုတောင်းပွဲတွေလုပ်တာ စသည်ဖြင့် အများကြီးလုပ်ခဲ့ပါတယ်။

အမှန်တရားနှင့် အလွန်ဝေးကွာနေသော အရာမရှိပါ။ ယခု ကျမတို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကတော့ ကမ္ဘာပေါ်ရှိ မတူကွဲပြားနေကြတဲ့ နိုင်ငံများ၊ ပြည်သူများက လူ့တန်ဖိုး၏ အခြေခံကျသော အချက်တစ်ခုအပေါ် သဘောတူညီရေးဘဲ ဖြစ်ပါတယ်။ ယင်းအချက်သည်သာ ကမ္ဘာလုံးဆိုင်ရာ လူ့အသိုင်းအ၀ိုင်း၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်အားတစ်ရပ် (A Force)အဖြစ် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ စစ်မှန်သော စီးပွားရေး အသွင်ကူးပြောင်းရေး ဆိုသည်မှာလည်း နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် ပြည်တွင်း နိုင်ငံရေးတည်ငြိမ်မှုဖြစ်စဉ်များ မှသာဖြစ်လာနိုင်သည်။ လျှင်မြန်သော ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် လူမှုအဖွဲ့အစည်းများ အားကောင်းအောင် ဆောင်ရွက်ခြင်းသည်သာ ဖွံ့ဖြိုးတိုးတက်မှု အတွက် မရှိမဖြစ်အရာ (sine qua non) ဖြစ်သည်။ သို့မှသာလျှင် လူသားတွေကို တန်ဖိုးထားသော အနာဂါတ်တစ်ခုကို မြင်တွေ့နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု ဒုတိယအကြိမ်ညီလာခံသက်တမ်း၊ ဒုတိယအကြိမ် မူဝါဒရေးရာ ဦးဆောင်အဖွဲ့အစည်းအဝေးသို့ အတွင်းရေးမှူးအဖွဲ့မှ တင်ပြသည့် ယနေ့ကာလ နိုင်ငံရေး ဖြစ်ထွန်းတည်ရှိမှုများနှင့် သုံးသပ်အကြံပြုချက်
(၂၀၁၀ ဇွန်လ ၇ ရက် – ၁၀ ရက်)

၂၀၁၀ ရွေးကောက်ပွဲကို ဆန်ကျင့်သပိတ်မှောက်ဖို့ ဆိုပြီးတော့ တိုက်တွန်းကြတဲ့ လူတွေရှိပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နဲ့ သံဃာ့တပ်ပေါင်းစုက ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပါတီတွေကတော့ ဒီရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ မခေါ်သင့်ဘူး သပိတ်မမှောက်သင့်ဘူး ဆိုပြီးတော့ ဆိုကြပါတယ်ခင်ဗျ။ ဒီအပေါ်မှာ အမြင်အမျိုးမျိုးရှိကြတဲ့ သူတွေကို ကျနော်ဖိတ်ခေါ်ထားပါတယ်။ ဒီနေ့အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ရောက်ရှိနေတဲ့ အမေရိကန်ပြည်ထောင်စု လူဦးရေထိန်းညှိရေး၊ ဒုက္ခသည်အရေးနဲ့ ရွှေ့ပြောင်းအလုပ်သမား အရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဲရစ်ရှက်ဝမ်ဇ်နဲ့အဖွဲ့ဟာ ဇွန်လ ၁၂ ရက်နေ့က နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (အက်ဖ်ဒီဘီ)က ခေါင်းဆောင်တွေနဲ့ အေအေပီပီရုံးမှာ တနာရီနီးပါးကြာ တွေ့ဆုံခဲ့ပါတယ်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးနှင့် ဒုက္ခသည်များဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးလည်းဖြစ်သူ မစ္စတာအဲရစ်ရှဝပ်သည် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်း (၁၅) ဖွဲ့နှင့် မနက်ဖြန်တွင် မဲဆောက်မြို့၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများအပြင် အမေရိကန်သို့ ခိုလှုံခွင့်မရဘဲ ဒုက္ခသည်စခန်းတွင် နှစ်ရှည်ဆိုင်းငံ့ခြင်းခံနေရသည့် နိုင်ငံရေးဒုက္ခသည်များ ကိစ္စတို့ကို တင်ပြသွားမည်ဟု ဆွေးနွေးပွဲ တက်ရောက်မည့် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB) ၏ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ခေတ်ပြိုင်သို့ ပြောသည်။

အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနှင့် ဒုက္ခသည်များ ဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး အဲရစ် ရှဝပ်(ဇ်)သည် ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများနှင့် လာမည့် စနေနေ့တွင် တွေ့ဆုံရန်ရှိ ကြောင်း သိရသည်။

တော်လှန်ရေးမျိုးဆက်တွေ တဆက်ပြီးတဆက် ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေးသမိုင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၄၇၊ ၇၄၊ ၂ဝဝ၈) အားနည်းချက်တွေ၊ လူထုဆန္ဒ အစစ်အမှန်ကို မဖေါ်ထုတ်နိုင်ခဲ့တဲ့ (ဖဆပလခေတ်၊ မဆလခေတ်၊ နဝတ-နအဖခေတ်) ဆန္ဒခံယူပွဲတွေ၊ ရွေးကောက်ပွဲတွေ၊ နှစ်ပေါင်း (၆ဝ) ကျော် လူထုလှုပ်ရှားမှုနဲ့ တိုက်ပွဲတွေ၊ သွေးညှီနံ့မပြယ်သေးတဲ့ စစ်မြေပြင်တွေကို တကယ်ရပ်တန့်နိုင်ဖို့ စစ်အာဏာရှင် ဖျက်သိမ်းရေးနဲ့ ဒီမိုကရေစီ တော်လှန်ရေးကို နိဂုံးချုပ်ဖို့ သမိုင်းသင်ခန်းစာ ထုတ်ဖို့ အထူးလိုအပ်နေပါပြီ။

ဒီတပတ်မှာ ပြောချင်တာ

''၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့ရင်တောင်မှ အစိုးရအဖွဲ့အပေါ်မှာ ပြည်သူ့လွှတ်တော်က ထိန်းကျောင်းတည့်မတ်နိုင်တဲ့ အခြေအနေ မရှိဘူး ဒီဥပဒေအရ ဆိုရင် Parliamentary Government မဟုတ်ဘူး Presidential Government ပဲ။ စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေမှာ မတရားတဲ့ ကွဲပြားခြားနားမှုတွေ ရှိလာရင် ပြည်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို ထောက်ပြကြဖို့။ NLD ပါတီကိုမှ မဲပေးချင်သူတွေအတွက် NLD ပါတီဟာ ရွေးကောက်ပွဲ မဝင်တော့တာကြောင့် မဲပေးစရာ NLD ပါတီ မရှိဘူးဆိုရင် မဲမပေးပဲ နေနိုင်ကြောင်း။"

(ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်သတင်းစကား ကောက်နုတ်ချက်)

(25-8-2010) RFA နှင့် ဦးညဏ်ဝင်းအင်တာဗျူးမှ

အပေါ်သို့