Tuesday, September 7, 2010

စစ်အာဏာရှင် ဆက်ထုံးကို ဖြတ်ပစ်ရမည် . . . (e-bulletin – 8 / 2010)

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသက်သွင်းမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲ သပိတ်မှောက်ရေး။ အပစ်ရပ် အဖွဲ့အစည်းများထဲက စစ်အုပ်စုအပေါ် ဒူးထောက် အညံ့မခံပဲ နယ်ခြားစောင့်တပ်ဖွဲ့ရေး၊ ပြည်သူ့စစ်ဖွဲ့ရေး လက်မခံတဲ့ တုန့်ပြန်မှုများ။ ဒါတွေဟာ စစ်အာဏာရှင် သက်ဆိုးရှည်မယ့်၊ တရားဝင် စစ်ကျွန်ပြု၊ တိုင်းပြည်နဲ့ ပြည်သူကို ဟောင်းနွမ်း ခေတ်နောက်ကျပြီး ပြည်တွင်းစစ် သက်ဆိုးရှည်မယ့်၊
ဒီမိုကရေစီမိုးမှောင်ကျမယ့် အဖြစ်ဆိုးတွေကို တားဆီးနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံးက စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းကူညီကြရင်း စစ်အာဏာရှင်စနစ်ကို အကုန်အစင် ဖျက်သိမ်းပစ်ဖို့ တိုက်တွန်းနိုးဆော်လိုက်ပါတယ်။

လူတို့သည် ‘ဖြစ်မှ ဖြစ်ရလေ၊ ဖြစ်မှ ဖြစ်ရလေ’ ဟု တတွတ်တွတ် မြည်တမ်းရင်းပင် ညနေစောင်းလာတော့သည်။ ဗိုလ်ချုပ် ဆုံးကြေားကား ညနေသတင်းစာများမှ ကြားရလေပြီ။ မည်သူ့မျက်နှာ ကြည့်ကြည့်၊ မျက်နှာ ညှိုးငယ်နွမ်းလျစွာနှင့် လမ်းပေါ်မှ စက်ပြင်ဆရာတဦး၏ မိန်းမပါးစပ်မှ ‘ကျုပ်တို့တော့ ထမင်းလည်း မချက်တော့ဘူး၊ စားချင်စိတ်လည်း မရှိတော့ပါဘူးရှင်’ ဟူသော အသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည်။

မြန်မာ့ လွပ်လပ်ရေး သမိုင်းကို မှတ်တန်းတင် ရေးသားသည်ရှိသော် ၁၉၄၇-ခုနှစ် ဆန်းက ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် မြန်မာ့ လွတ်လပ်ရေး ကိစ္စအရေးဆိုရန် ရန်ကုန်မြို့မှ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့သို့ သွားရောက်ခဲ့သည်ကို လည်းကောင်း၊ ဗိုလ်ချုပ်တို့ အဖွဲ့နှင့် ဗြိတိသျှနန်းရင်းဝန် (၀န်ကြီးချုပ်) မစ္စတာ အက်တလီ ဦးဆောင်သည့် ဗြိတိသျှ ကိုယ်စာလှယ်အဖွဲ့တို့ ၁၉၄၇-ခုနှစ်၊ ဇန်န၀ါရီလ ၁၃ ရက် နေ့မှစ၍ လန်ဒန်မြို့ရှိ ကမ္ဘာကျော် လိပ်စာတစ်ခုဖြစ်သော အမှတ် ၁၀၊ ဒေါင်းနင်းလမ်း (No. 10, Downing Street) တွင် စတင် ဆွေးနွေးခဲ့သည်ကို လည်းကောင်း ချန်လှပ်ထားလိုက်ပါက ပြီးပြည့်စုံမည် မဟုတ်ချေ။

ကျနော်တို့ ယုံတာ လူထုနည်းနဲ့ နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေး ကြမယ်၊ ညှိနှိုင်းကြမယ်။ ရွေးကောက်ပွဲက အဖြေမဟုတ် ပါဘူး။ အနောက်နိုင်ငံတွေ မျက်စိလှည်နေတာက ရွေးကောက်ပွဲလမ်းကို ကျနော်တို့ ကိုပါ တက်ပြီး လျှောက်ခိုင်းနေတယ်။ ကျနော်တို့ တက်လျှောက်လို့ ဘာမှမဖြစ်ဘူး။ ကျနော်တို့ လက်မခံနိုင် ဘူး။ လျှောက်လည်း ဂိတ်ဆုံးမယ့်နေရာက ၂၀၀၈ အခြေခံဥပဒေ အတည်ပြုပြီးတော့ အောင်စည်ရွန်းမယ်ဂိတ် မှာ သွားဆုံးမယ်။ ကျနော်တို့က အဲဒီကို သွားနေတာမဟုတ်ဘူး။ ကျနော်တို့ သွားနေတဲ့ လမ်းက စစ်မှန်သော ဒီမိုကရေစီ၊ စစ်မှန်သော ပြည်ထောင်စု၊ စစ်မှန်သော လူ့အခွင့်အရေးပန်းတိုင်ကို ဦးတည်သွားနေတာ။

ကျနော်တို့ဟာ မှောင်ထဲမည်းထဲ သွားနေတာ မဟုတ်ဘူး။ ခုနပြောခဲ့တဲ့ ဥမင်လှိုဏ်ခေါင်း ထဲက အလင်းရောင်ကို မြင်ရတဲ့ လူတွေလို ကျနော်တို့ ခံစားရ တယ်။ အဲဒါ ဘာလဲဆိုတော့ ဥမင်လှိုဏ်ခေါင်းထဲမှာ အလင်းရောင်တွေ့တယ်ဆိုက တည်းကိုက ဥမင်လှိုဏ် ခေါင်းက ပိတ်နေတဲ့လမ်းကို သွားနေတာမဟုတ်ဘူး ဥမင်လှိုဏ်ခေါင်းထဲမှာ အရှေ့မှာ ထွက်ပေါက်ရှိတယ်။ အဲတော့ ကောင်းပြီ အဲဒီထွက်ပေါက်က ကျနော်တို့ဘယ်လို ထွက်ကြမလဲ။ ကျနော်တို့ အဲဒီထွက်ပေါက်ကို အရောက်ဘယ်လို တက်လှမ်းကြမလဲ။ အဲဒီ ထွက်ပေါက်ကနေ ထွက်ပြီး တဲ့အခါ ကျနော်တို့ ဘာတွေလုပ်မလဲဆိုတာကို ကျနော်တို့ စဉ်းစားတဲ့အခါမှာ ကျနော်တို့ ဒီနေ့ NLD လုပ်နေတာဟာ ပထမဦးဆုံး ကျနော်တို့ လုပ်တာ ဘာလဲဆိုတော့ ကျနော်တို့ဟာ ဘယ်လောက်ပဲ စစ်အစိုးရကနေပြီးတော့ ကျနော်တို့က သေစေချင်နေနေ ဘေးရောက်စေချင်နေနေ။ ကျနော်တို့က ဘေးကိုမရောက်ဘူး။ ကျနော်တို့ဟာ မသေဘူး။ ကျနော်တို့ဟာ နိုင်ငံရေးအားဖြင့် ၀တ်လစ်စားလစ်ဖြစ်မနေဘူး။ Politically Naked မဟုတ်ဘူး။ ကျနော်တို့က ရှေ့မှာ ကောင်းကောင်းလမ်းကြီးက ဖြောင့်ဖြောင့်တန်းတန်းရှိတယ်လို့ ကျနော်ပြောချင်ပါတယ်။

နိုင်ငံအနှံ့ တိုင်းရင်းသားလူငယ် ကျောင်းသူကျောင်းသားများ အားလုံးသည် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နှင့်အတူ ဗမာပြည်သူတို့၏ အကျိုးအတွက် စစ်အာဏာရှင်စနစ် ဆက်လက်တည်တံ့မည့် ၂၀၁၀ စစ်ရွေးကောက်ပွဲနှင့် ၂၀၀၈ စစ်ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ကို စစ်အာဏာရှစ်နစ် အမြစ်ပြတ်သည်အထိ နည်းသဏ္ဍန်မျိုးစုံဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင်သွားကြမည်ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်(၇)ရက် ကျောင်းသား အရေးတော်ပုံ(၄၈)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ပြန်ကြေညာလိုက်ပါသည်။

ယနေ့ ဗမာပြည် တိုင်းရင်းသား ပြည်သူအားလုံး၏ တောင်းဆို လိုအပ်ချက်မှာ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည်။ စစ်အုပ်စု လူတစ်စု ကောင်းစား ရေးဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အသက်ဝင်ရေး မဟုတ်ပါ။ တိုင်းရင်းသား ပြည်သူအားလုံး၏ လိုအပ်ချက် များအတွက် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးတာဝန်ကို ဒီမိုကရေစီရေး အင်အားစုများနှင့် ပြည်သူအားလုံး (တပ်မတော်သားများ အပါအ၀င်) စုစည်းကြိုးပမ်းရမည့် အချိန်ကျရောက်နေပြီ ဖြစ်သည်ကို တိုက်တွန်းပန်ကြားအပ်ပါသည်။ ။

စစ်အုပ်စုက လုပ်မယ့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အနာဂတ် မဟုတ်ဘူး၊ အကျိုးစီးပွား မဟုတ်ဘူး၊ ပြဿနာတွေရဲ့ အဖြေ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိမြင်ပြီး လူမျိုးပေါင်းစုံ၊ နေရာပေါင်းစုံက သပိတ်မှောက် ဆန့်ကျင်ပစ်ရပါမယ်။ ရသမျှရွှေ့ယူမယ်၊ မရှိတာထက် ရှိတာကောင်းတယ်၊ အဆိုးဆုံးထဲက အကောင်းရွေးမယ်ဆိုတဲ့ လူထုကို မယုံကြည်တဲ့၊ တိုက်ပွဲကို မယုံကြည်တဲ့ အတွေးအခေါ်တွေကို ခဝါချပြီး လူထုအားကို အရယူဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ ။

လူမျိုးရေးအရ နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပေါ်ခဲ့သော ပြဿနာကို အတုအယောင် ပြည်ထောင်စုဖြင့် လှည့်စား၍ မရပါ။ ပိုမိုစုစည်း အားကောင်းရန်ဆိုပြီး တစ်ပြည်ထောင် စနစ်ဖြင့် လူမျိုးကွဲအသွင်ကို ဖျောက်ဖျက်ရန် ကြိုးပမ်းမှုသည်လည်း အားမကောင်းနိုင်ဘဲ ပို၍ပို၍သာ အားနည်းလာ စေခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ နောက်ဆုံးမျိုးဆက် အနှစ်ငါးဆယ်ကျော် လက်တွေ့နယ်ပယ်တွင် စမ်းသပ်ခဲ့ပြီးဖြစ်၍ လမ်းမှန်ကို လျှောက်ကြရန် သင့်ပြီ။ လူမျိုးရေးအရ ဖြစ်ပေါ်နေသော ပြဿနာများကို ဖြေရှင်းပြီး ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးများကိုပါ ဖြည့်စွက်လိုက်ပါက တမျိုးသားလုံး စည်းလုံးညီညွတ်ရေးကို မြေကြီးလက်ခတ်မလွဲ ရရှိလာပါလိမ့်မည်။ ထိုအခါ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီးကို လွယ်ကူစွာ အမှန်တကယ် ဖော်ဆောင်နိုင်ပါလိမ့်မည်။

ဒီတပတ်မှာ ပြောချင်တာ

''၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့ရင်တောင်မှ အစိုးရအဖွဲ့အပေါ်မှာ ပြည်သူ့လွှတ်တော်က ထိန်းကျောင်းတည့်မတ်နိုင်တဲ့ အခြေအနေ မရှိဘူး ဒီဥပဒေအရ ဆိုရင် Parliamentary Government မဟုတ်ဘူး Presidential Government ပဲ။ စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေမှာ မတရားတဲ့ ကွဲပြားခြားနားမှုတွေ ရှိလာရင် ပြည်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို ထောက်ပြကြဖို့။ NLD ပါတီကိုမှ မဲပေးချင်သူတွေအတွက် NLD ပါတီဟာ ရွေးကောက်ပွဲ မဝင်တော့တာကြောင့် မဲပေးစရာ NLD ပါတီ မရှိဘူးဆိုရင် မဲမပေးပဲ နေနိုင်ကြောင်း။"

(ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်သတင်းစကား ကောက်နုတ်ချက်)

(25-8-2010) RFA နှင့် ဦးညဏ်ဝင်းအင်တာဗျူးမှ

အပေါ်သို့