Tuesday, September 7, 2010

စစ်အာဏာရှင် ဆက်ထုံးကို ဖြတ်ပစ်ရမည် . . . (e-bulletin – 8 / 2010)

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသက်သွင်းမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲ သပိတ်မှောက်ရေး။ အပစ်ရပ် အဖွဲ့အစည်းများထဲက စစ်အုပ်စုအပေါ် ဒူးထောက် အညံ့မခံပဲ နယ်ခြားစောင့်တပ်ဖွဲ့ရေး၊ ပြည်သူ့စစ်ဖွဲ့ရေး လက်မခံတဲ့ တုန့်ပြန်မှုများ။ ဒါတွေဟာ စစ်အာဏာရှင် သက်ဆိုးရှည်မယ့်၊ တရားဝင် စစ်ကျွန်ပြု၊ တိုင်းပြည်နဲ့ ပြည်သူကို ဟောင်းနွမ်း ခေတ်နောက်ကျပြီး ပြည်တွင်းစစ် သက်ဆိုးရှည်မယ့်၊
ဒီမိုကရေစီမိုးမှောင်ကျမယ့် အဖြစ်ဆိုးတွေကို တားဆီးနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံးက စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းကူညီကြရင်း စစ်အာဏာရှင်စနစ်ကို အကုန်အစင် ဖျက်သိမ်းပစ်ဖို့ တိုက်တွန်းနိုးဆော်လိုက်ပါတယ်။

နအဖ စစ်အုပ်စု၏ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်တိုက်ဖျက်ရေးနှင့် (၂၀၁၀) ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ရေး လုပ်ငန်းစဉ်များအား ယနေ့ကာလ၏ အဓိက တိုက်ပွဲလုပ်ငန်းစဉ်များအဖြစ် ချမှတ်ပြီး ရဲဝံ့ပြတ်သားစွာ ဆက်လက် တိုက်ပွဲဝင်သွားကြရမည်ဖြစ်ကြောင်း ပြည်တွင်းပြည်ပ အင်အားစုအားလုံးနှင့် မြန်မာပြည်သူတရပ်လုံးအား အလေးအနက် ပြန်ကြားတိုက်တွန်းအပ်ပါသည်။

ရှစ်လေးလုံးစိတ်ဓါတ်ဖြင့် မတရားရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကာ နအဖ၏ တရားမဲ့ လုပ်ရပ်များအား တရားဝင်မှု လုံးဝမပေးဘဲ ဒီမိုကရေစီတန်ဘိုးများကို မိမိတို့ကိုယ်တိုင် ခိုင်ခိုင်မြဲမြဲ ကိုင်စွဲထိန်းသိမ်း မြှင့်တင်ကြပါရန် တိုက်တွန်းနှိုးဆော် …

ကျွန်တော်တို့အနေဖြင့် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၀ ပြည့်နှစ် လွန်ကာလ၏ ဟိုမှာဘက် အပိုင်းတွင်လည်း ၁၉၈၈ ဒီမိုကရေစီ လူထုအရေးတော်ပုံကြီး၏ အောင်ပွဲခံ စိတ်ဓါတ်နှင့် လူထုစွမ်းပကားကို စည်းရုံးဖေါ်ထုတ်ပြီး စစ်အာဏာရှင်စနစ်ကို ရင်ဆိုင်ကြရပေလိမ့်မည်။
စစ်အာဏာရှင်စနစ်၊ ယင်းစနစ်ကို ချုပ်ကိုင် မောင်းနှင်နေသည့် စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၏ တည်ရာမှီရာဖြစ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)နှင့် ယင်းစနစ်ကို စတင်အသက်သွင်းမည် ၂၀၁၀ ရွေးကောက်ပွဲတို့ကို ၁၉၈၈ ဒီမိုကရေစီ လူထုအရေးတော်ပုံကြီး၏ အောင်ပွဲခံ စိတ်ဓါတ်ဖြင့် ပြည်သူများကို စည်းရုံးလှုံ့ဆော်ကာ အကုန်အစင် ဖြိုချဖျက်သိမ်းပစ်ရမည်။

ရှစ်လေးလုံးရဲ့ မပြီးပြတ်သေးတဲ့ သမိုင်းပေးတာဝန်ကို ထမ်းရွက်ဖို့ဆိုရင် …
အဲဒီရှစ်လေးလုံး စိတ်ဓာတ်နှင့်ပဲ၊ အဲဒီလူထု အရေးတော်ပုံမျိုးနှင့်ပဲ စစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂ဝဝ၈ ကို ဆန့်ကျင် တိုက်ဖျက်တဲ့နည်း၊ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်တဲ့ နည်းတွေနှင့် စစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဖယ်ရှားဖျက်သိမ်း ပစ်ကြရလိမ့်မယ်။ …

မျက်မှောက်နိုင်ငံရေး အခြေအနေမှာလည်း စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဝင်မလား / မဝင်ဘူးလား၊ ဖွဲ့စည်းပုံ မရှိတာထက် ရှိတာကောင်းတယ်၊ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ် ဖွဲ့တာလက်ခံမလား / မခံ့ဘူးလားဆိုတဲ့ နိုင်ငံရေးပြဿနာတွေဟာ သမိုင်းတပတ်လည် လာပြန်ပါတယ်။ အုပ်စိုးသူတွေဟာ ရာဇဝင်ဘီးကို နောက်ပြန်လှည့် လေ့ရှိကြတယ်။ ဒါပေမယ့် သမိုင်းကို ပြည်သူတွေက ရေးပြီး သမိုင်းဆိုတာ ဘယ်တော့မှ နောက်ပြန် မလှည့်ဘူး၊ သံသရာလို တပတ်မလည်ဘူး၊ အမြဲတမ်း ရှေ့ကို ချီတက်နေတယ်ဆိုတာ မှန်ကန်တဲ့ သမိုင်းရေးအမြင်ပါပဲ …

ဘယ်အကြောင်းအရာကိုမဆို၊ ဘယ်ပြဿနာကိုမဆို ကြည့်မြင်ကြတဲ့အခါ အမျိုးမျိုးသော မတူကွဲပြားတဲ့ အမြင်တွေ ရှိတတ်ကြတာ သဘာဝပါ။ ဒါကို ကျနော်တို့ သဘောတူပါတယ်။ အဲဒီအကြောင်းအရာကို၊ အဲဒီပြဿနာကို ကြည့်တဲ့သူတွေက ဘယ်အထိုင်က ကြည့်တာလဲ၊ ဘယ်အကျိုးစီးပွားဘက်က ကြည့်တာလဲ၊ ဘယ်ဘက်ကရပ်ပြီး ကြည့်တာလဲဆိုတဲ့ အချက်တွေက အဓိကကျပါတယ်။ အထိုင်မတူရင် ကြည့်မြင်ပုံချင်း၊ အဖြေရှာပုံချင်း ဘယ်လိုမှ တူနိုင်တော့မယ် မဟုတ်ပါ။

မှတ်ပုံတင် ပါတီအချို့ကတော့ ဒီလို မတရား မမျှတမှုတွေကို ဝေဖန် ထောက်ပြနေသော်လည်း တချို့ ပါတီတွေကတော့ အမြှီးစားဖက် ခေါင်းစားဖက် ဖြစ်နေလို့လား / ကိုယ့်ရှူးကိုယ်ပတ်ဖြစ်မှာ စိုးရိမ်လို့လား မသိပါ။ ဘာမျှပြောသံမကြားရပါ။

စည်းဝိုင်းထဲက မတရားမှု / မမျှတမှုတွေကို စည်းဝိုင်းထဲက လူတွေ၊ ပါတီအဖွဲ့အစည်းတွေက ပြောကြာတာပိုပြီး သဘာဝကျလိမ့်မယ်လို့ ကျနော်တို့ ယူဆပါတယ်။ …

မေးခွန်း ၁။ “(တစည)က ကြံ့ဖွံ့ပါတီကို အဓိက ယှဉ်ပြိုင်ဘက်အဖြစ် သဘောထားရလိမ့်မယ်လို့ ပြောဆိုနေပါတယ်။ ဒါကြောင့် ခင်ဗျားတို့ ပါတီငယ်တွေ အနေနဲ့ (တစည) နဲ့ မဟာမိတ်ဖွဲ့ပြီး ကြံ့ဖွံ့ပါတီကို ရင်ဆိုင်ဖို့/ယှဉ်ပြိုင်ဖို့ သဘောထားရှိပါသလား”

မေးခွန်း ၂။ “ ကြံ့ဖွံ့ပါတီကို ယှဉ်ပြိုင်ဖို့ (တစည) က ခင်ဗျားတို့ကို မဟာမိတ်ဖွဲ့ကြစို့လို ကမ်းလှမ်းလာခဲ့မယ် ဆိုရင်ကော ခင်ဗျားတို့ ပါတီငယ်တွေဘက်က ဘယ်လိုတုန့်ပြန်မှာလဲ။”

ဒီတပတ်မှာ ပြောချင်တာ

''၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့ရင်တောင်မှ အစိုးရအဖွဲ့အပေါ်မှာ ပြည်သူ့လွှတ်တော်က ထိန်းကျောင်းတည့်မတ်နိုင်တဲ့ အခြေအနေ မရှိဘူး ဒီဥပဒေအရ ဆိုရင် Parliamentary Government မဟုတ်ဘူး Presidential Government ပဲ။ စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေမှာ မတရားတဲ့ ကွဲပြားခြားနားမှုတွေ ရှိလာရင် ပြည်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို ထောက်ပြကြဖို့။ NLD ပါတီကိုမှ မဲပေးချင်သူတွေအတွက် NLD ပါတီဟာ ရွေးကောက်ပွဲ မဝင်တော့တာကြောင့် မဲပေးစရာ NLD ပါတီ မရှိဘူးဆိုရင် မဲမပေးပဲ နေနိုင်ကြောင်း။"

(ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်သတင်းစကား ကောက်နုတ်ချက်)

(25-8-2010) RFA နှင့် ဦးညဏ်ဝင်းအင်တာဗျူးမှ

အပေါ်သို့