Friday, September 10, 2010

ဦးဝင်းတင်နှင့် ပဒိုဒေးဗစ်သကဘော် စကားပြောခြင်း အစီအစဉ် (RFA)

Posted by မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု On February - 4 - 2010 စာပုံနှိပ်ရန် စာပုံနှိပ်ရန်

ဦးဝင်းတင် ။    ။ ကျနော်ကတော့ ဘယ်လိုစဉ်းစားတယ်ဆိုတော့ ကျနော်တို့ စောစောက ဦးဒေးဗစ်ပြောတဲ့ထဲမှာ ပါတဲ့ ဒီ လူမျိုးမုန်းတီရေးတို့ ဘာတို့ဆိုတာတွေက နှစ်ပေါင်းများစွာ ဖန်တီးခဲ့တဲ့ကိစ္စပေါ့ဗျာ ဒါကတခုပေါ့။ နောက်တခါ ကျနော် တို့ လူ့အခွင့်အရေးတို့ ဘာတို့ ယှဉ်တြွဲမင်ကြည့်တာက တခုပေါ့၊ နောက်တခုကလည်း အခုနားက ဒီမိုကရေစီ အလားအလာတွေကို လာမည့်ရွေးကောက်ပွဲတို့ ဘာတို့ကိစ္စတွေမှာ ဒီမိုကရေစီအလားအလာ သစ်များပေါ်ထွန်းအောင် လုပ်ဖို့ဆိုတဲ့ သဘောထားတွေ ကြားရတဲ့အတွက် ကျနော် မူအားဖြင့်သဘောတူပါတယ်။ အဓိကပြဿနာက ဒီနေ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့၊ အခြေခံတွေရှာဖို့ လက်တွဲနိုင်ဖို့၊ အဲဒါက အဓိကအကျဆုံးလို့ ကျနော်ထင်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဦးဒေးဗစ်တို့ရဲ့ သဘောထား အမြင်ကိုလည်း ကျနော်တို့ ကြားချင်ပါတယ်ခင်ဗျား။

ဒေးဗစ်သကဘော် ။    ။ ဟုတ်ကဲ့ ကျနော်တို့ကတော့ ဒီ စစ်မှန်တဲ့ပြည်ထောင်စုစနစ်ဖြစ်ပေါ်ရေးပေါ့။ ဥပမာ၊ ဆွစ်ဇာလန် မှာလို ကျနော်တို့လူလေးမျိုးရှိတယ် ဟုတ်လား၊ အဲဒီမှာ ပြည်နယ်ပေါင်း ၂၃ ပြည်နယ်ထင်ပါတယ် အဲဒီလောက် ရှိတယ်ပေါ့၊ အဲဒီလို အခြေခံမျိုးပေါ့၊ ကျနော်တို့ ဒီမှာလုပ်ရင်ရမယ်လို့ထင်တယ်။ အဲဒီလို ကျနော်တို့ စီစဉ်မယ်ဆိုရင် အားလုံး ငြိမ်းချမ်းသွားပါမယ်။ နောက်ပြီးတော့ စစ်အစိုးရက စစ်အင်အားမသုံးနဲ့ ကျနော်တို့ ငြိမ်းချမ်းတဲ့နည်းနဲ့ အပေးအယူလုပ်ပြီးတော့ ရှင်းလင်းအဖြေရှာမယ်ဆိုရင် ငြိမ်းချမ်းမှုဖြစ်မှာပဲ။ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေ လပ်ရှားတာ ကျနော်တို့ ထောက်ခံတယ်။ ဘာလိုလဲဆိုတော့ ဒီမိုကရေစီဆိုတာက ငြိမ်းချမ်းတဲ့နည်းနဲ့ ပြဿနာဖြေရှင်းရေး၊ ပြဿနာဖြေရှင်းတဲ့အခါမှာလည်း ကျနော်တို့ အပေးအယူလုပ်ပြီးတော့ ဖြေရှင်းရမယ်ဆိုတဲ့ ဒီမိုကရေစီ အခြေခံရှိပါတယ်။ … အပြည့်အစုံသို့ >>>

Leave a Reply

ဒီတပတ်မှာ ပြောချင်တာ

''၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့ရင်တောင်မှ အစိုးရအဖွဲ့အပေါ်မှာ ပြည်သူ့လွှတ်တော်က ထိန်းကျောင်းတည့်မတ်နိုင်တဲ့ အခြေအနေ မရှိဘူး ဒီဥပဒေအရ ဆိုရင် Parliamentary Government မဟုတ်ဘူး Presidential Government ပဲ။ စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေမှာ မတရားတဲ့ ကွဲပြားခြားနားမှုတွေ ရှိလာရင် ပြည်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို ထောက်ပြကြဖို့။ NLD ပါတီကိုမှ မဲပေးချင်သူတွေအတွက် NLD ပါတီဟာ ရွေးကောက်ပွဲ မဝင်တော့တာကြောင့် မဲပေးစရာ NLD ပါတီ မရှိဘူးဆိုရင် မဲမပေးပဲ နေနိုင်ကြောင်း။"

(ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်သတင်းစကား ကောက်နုတ်ချက်)

(25-8-2010) RFA နှင့် ဦးညဏ်ဝင်းအင်တာဗျူးမှ

အပေါ်သို့