Tuesday, September 7, 2010

ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်၊ စနေနေ့စကားဝိုင်း။ (အင်တာဗျူး)

Posted by မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု On January - 28 - 2010 စာပုံနှိပ်ရန် စာပုံနှိပ်ရန်

၂ဝ၁ဝ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်။

ဗွီအိုအေ။        ။ ၂ဝ၁ဝ ရွေးကောက်ပွဲ နီးကပ်လာတဲ့အချိန်မှာ အာဏာလက်ရှိမဟုတ်တဲ့ အတိုက်အခံတွေ စည်းလုံးညီညွတ်မှု ဘယ်လောက်ရှိကြပါသလဲ။ စည်းလုံးညီညွတ်မှုမရှိကြရင်၊ သဘောထားချင်း မတူညီကြဘူးဆိုရင်၊ သဘောထားချင်း ကွဲလွဲနေတယ်ဆိုရင် ဒါဟာ စစ်အစိုးရအတွက် အခွင့်ကောင်းတရပ် မဖြစ်နိုင်ဘူးလားဆိုတဲ့ ကျနော့်ခေါင်းစဉ်ကို ကြေညာလိုက်ပြီးတော့ ပြန်စဉ်းစားကြည့်တော့ စည်းလုံးညီညွတ်မှုမရှိဘူးလို့ ကြိုတင်ယူဆထားသလိုများ ဖြစ်နေမလား၊ ကျနော် စဉ်းစားမိပါတယ်။ ဒါဟာ စည်းလုံးညီညွတ်မှု မရှိတာလား၊ သို့မဟုတ် သဘောထားကွဲလွဲမှု သက်သက်ပဲလား၊ အတိုက်အခံထဲမှာ အခုလောလောဆယ်ဖြစ်နေတာတွေကို

ဗွီအိုအေ။        ။ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB) မှ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်ရော ဘယ်လိုမြင်ပါ သလဲခင်ဗျ။

ဒေါက်တာနိုင်အောင်
။    ။ ကျနော်မြင်တာကတော့ စစ်အာဏာရှင်စနစ်ကို အတိုက်အခံလုပ်နေတဲ့ လူတွေနဲ့ စစ်အာဏာရှင်စနစ် ကို အတိုက်အခံမလုပ်နေတဲ့ လူတွေနဲ့ သဘောထားကွဲလဲတယ်ဆိုတာတော့ ရှိတယ်။ အဲဒါကတော့ ပထမအချက် ထည့်စဉ်းစားတာပါ။ နောက်တခုကတော့ စစ်အာဏာရှင်စနစ်ကို အတိုက်အခံလုပ်နေတဲ့လူတွေကြားထဲမှာတော့ မူအရ၊ အနှစ်သာရအရ အခုဖြစ်နေတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ အဓိက အခြေခံဖြစ်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ အားလုံးက လက်မခံနိုင်ဘူး၊ ၂ဝ၁ဝ ကို သွားနိုင်ဖို့အတွက် သုံးပွင့်ဆိုင်ပါတဲ့ ပြန်လည်တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ဖို့ဆိုတာတွေ အားလုံးက အခိုင်အမာ ပြောနေကြတာပါ။ ဒါပေမယ့် အဲဒီကိစ္စတွေကို အကောင်အထည်ဖော်တဲ့နေရာမှာတော့ နည်းနာပိုင်းအရ၊ ကိုယ့်ပထဝီ၊ ကိုယ့်ဒေသ၊ ကိုယ့်အခြေအနေအရ နည်းနာပိုင်းအရ ချဉ်းကပ်မှုတွေကတော့ ကွာနိုင်ပါတယ်ခင်ဗျ။

ဗွီအိုအေ။        ။ ဆိုတော့ အတိုက်အခံမလုပ်သည်ဆိုရာမှာ စစ်အစိုးရအလိုကျ ပူးပေါင်းဆောင်ရွက်လိုသည်နဲ့ မလုပ်လိုသူကြားမှာ တော့ ကွဲလွဲမှုရှိတယ်ပေါ့လေ။ ပူးပေါင်းဆောင်ရွက်မှု မလုပ်လိုသူအချင်းချင်းကြားမှာတော့ ဒါ ကွဲလွဲမှုမရှိဘူးလို့ ဆိုတဲ့သဘောပေါ့။

ဒေါက်တာနိုင်အောင်။    ။ ဟုတ်ပါတယ်ခင်ဗျ။

ဗွီအိုအေ။        ။ ဟုတ်ကဲ့။ ပြည်သူလူထုကတော့ ဟုတ်ပြီ၊ နိုင်ငံရေးသမားအချင်းချင်းတွေကြားမှာရော၊ စည်းလုံးညီညွတ်မှုက အားရစရာကောင်းလောက်အောင် စောစောက ဒေါက်တာနိုင်အောင်ပြောသလို အတိုက်အခံမလုပ်နေသေးတဲ့လူတွေ ရှိနေတယ်ဆိုတော့ အဲဒီအပိုင်းကို ဘယ်လိုပြောချင်ပါသလဲခင်ဗျ။

ဗွီအိုအေ။        ။ ကိုနိုင်အောင် ပြောပါခင်ဗျ။

ဒေါက်တာနိုင်အောင်။    ။ ပထမတခုကတော့ ခုနက မရှင်းမှာစိုးလို့ပါ။ ဆိုတာကတော့ ညီညွတ်ဆိုတဲ့ဟာ ဘယ်အင်အားစုထဲမှာ ရှိရမယ်ဆိုတဲ့ အခါကျတော့ မဟုတ်ရင် မဟုတ်ဘူး၊ မှားရင် မှားတယ်လို့ ပြောတဲ့ ဖိနှိပ်မှုကိုလက်မခံဘူး ငြင်းဆန်နေတဲ့ အဖွဲ့တွေကြားထဲ မှာတော့ မူအားဖြင့် ညီညွတ်ရေးရှိတယ်လို့ ပြောတာပါ။ ဒါပေမယ့်လို့ စစ်အစိုးရက ဘာတွေပဲ လုပ်လုပ် ကောင်းမယ်ဆိုတဲ့ လမ်းကြောင်းကို သွားပြီးတော့မှ ကျန်နေတဲ့လူတွေကို ဝေဖန်နေတဲ့ လူတွေနဲ့ သဘောထားကွဲနိုင်ပါတယ်။ ဒါကိုတော့ ကျနော့်အနေနဲ့ကတော့ စစ်အာဏာရှင်စနစ် အတိုက်အခံလို့ မသတ်မှတ်ပါဘူး။ ဒါကတော့ တချက်ပါ။

နောက်တခုက ကျနော့်အနေနဲ့ အရိုးသားဆုံးတင်ပြချင် တာကတော့ ဖိနှိပ်မှုဒီလောက်ကြပ်တည်းနေတဲ့ အချိန်မှာ ကျနော်တို့အားလုံးက မအောင်မြင်တဲ့အခြေအနေကြားထဲမှာ ပြည်သူ့ကြောင့်၊ နိုင်ငံရေးသမားကြောင့်၊ နိုင်ငံရေးအဖွဲ့အစည်းတွေကြောင့် ဆိုတဲ့ အပြန်အလှန် အပြစ်တင်မှုတွေအစား၊ ကောင်းမွန်တဲ့ သုံးသပ်မှုလေးတွေနဲ့ ကိုယ်စီတာဝန်ယူနိုင်တဲ့ စိတ်မျိုးတွေရှိရင် ကျနော်တို့က ပိုပြီးတော့မှ ကောင်းမွန်သင့်မြတ်တယ်လို့ ထင်ပါတယ်။ နောက်တခုက အားလုံးသိကြတဲ့ အတိုင်းပါပဲ၊ ပြည်သူတွေအနေနဲ့က တိုင်းပြည်ဘာကြောင့် ဆင်းရဲနေတယ်ဆိုတာ ပြည်သူတွေအားလုံးသိတယ်။

ဘာကြောင့် ဆင်းရဲနေလဲဆိုတာ သိတယ်။ လာလ်စားမှုတွေ များနေတယ်ဆိုတာလည်း သိတယ်။ ဘယ်လိုအာဏာအလွဲသုံးစား လုပ်ခံနေရသလဲဆိုတာ သူတို့လက်တွေ့ဘဝနဲ့ ကြုံနေကြတာ။ ဆိုတော ခုလောက် နိုင်ငံရေးသိနိုင်တဲ့အနေအထားမျိုးတော့ မရှိပါဘူ၊း။ ဒါပေမယ့် ဖိနှိပ်မှုက ကြီးမားလွန်းတဲ့အခါကျတော့ ပြည်သူပဲဖြစ်ဖြစ်၊ နိုင်ငံရေးအင်အားစုတွေပဲဖြစ်ဖြစ်၊ တုန့်ပြန်ဖို့ နည်းလမ်းတွေ ရှာတဲ့ အခါမှာ လွတ်လွတ်လပ်လပ် ဒီမိုကရေစီ ဝန်းကျင်ရှိနေတဲ့နေရာမှာလိုတော့ သွက်သွက်လက်လက် မြန်မြန်ဆန်ဆန် စိတ်တိုင်းကျကိုတော့ မရနေတာ အမှန်ပါ။ သို့သော် မအောင်မြင်နေသေးတဲ့အခါမှာတော့ ဒီကိစ္စကို ဆောင်ရွက်နေတဲ့အခါမှာတော့ နိုင်ငံရေး အဖွဲ့အစည်းတွေကတော့ မအောင်မြင်နေသေးတဲ့ကိစ္စကိုတော့ ကျနော်တို့ ရိုးရိုးသားသား တာဝန်ယူပါတယ်။

ဗွီအိုအေ။     ။ စစ်အစိုးရက ဒီအတိုင်းနားလည်သလား။ ဒီနိုင်ငံတကာပြောတဲ့ သံတမန်နည်း၊ နိုင်ငံရေးနည်းပရိယာယ်တွေက     စစ်အစိုးရကနေ တကယ်နားလည်ရဲ့လား ဒေါက်တာနိုင်အောင် ဘယ်လိုသဘောရသလဲ။ နိုင်ငံတကာပြောနေတာ၊ နိုင်ငံတကာက  ဒီလိုဖြစ်စေချင်တယ်၊ ဒါမျိုးအခုမှ လုပ်ရတာလဲဆိုတဲ့ အယူအဆမျိုး စစ်အစိုးရခေါင်းထဲမှာ ရှိမယ်ထင်ပါသလား။

ဒေါက်တာနိုင်အောင်။            ။  အဲဒီမေးခွန်းက စစ်အစိုးရက ပိုဖြေနိုင်လိမ့်မယ်ထင်တယ်။ ကျနော်တို့အမြင်မှာတော့ ဆိုလိုတာကတော့ ၂ဝ၁ဝ ပြောမယ်ဆိုရင်တော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခဲ့တဲ့ ဖြစ်စဉ်ကို ကျနော်တို့ မပြောပဲနဲ့ နေလို့မရဘူး၊ ၉ဝ ရွေးကောက်ပွဲကိုလည်း မပြောပဲလည်း နေလို့မရဘူး၊ ဆိုတော့ ၉ဝ ရွေးကောက်ပွဲကတည်းက စလာတဲ့ ဒီတခုလုံးကြီးကို ဖော်ဆောင်လာခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံကြီးပေါ်လာတဲ့ အခါမှာ အနှစ်သာရအားဖြင့် ဘယ်ကို ရှေ့ရှုနေသလဲဆိုတာ ကျနော်တို့အားလုံး၊ အင်န်အယ်လ်ဒီခေါင်း ဆောင်တွေလည်း အဖွဖွတလဲလဲ ပြောပြီးပြီ။ အမျိုးသားညီလာခံမှာလည်းပဲ သွားကြိုးစားခဲ့ကြပြီးပြီ၊ ရှေ့ဘက်က အတွေ့အကြုံတွေအရ ၆၂ – ၇၄ အတွေ့အကြုံတွေလည်း ရှိသေးတယ်။ ဆိုတော့ အနှစ်သာရကို ကြည့်လိုက်လို့ရှိရင် အာဏာသုံးရပ်စလုံးမှာ  စစ်တပ်က လွှမ်းမိုးဖို့ပဲ။ တရားဝင်လုပ်ဖို့။ ကဲ ၂၅ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်း ကိုယ်တို့က ၇၅ ရာခိုင်နှုန်းလက်ခံနိုင်မယ်လို့ စဉ်းစားကြည့်ရင်ထားဦးတော့၊ အခင်းအကျင်းဆိုတာ ရှိသေးတယ်။

ကျနော်တို့အင်န်အယ်လ်ဒီခေါင်းဆောင်တွေ ပြောနေတဲ့ နိုင်ငံရေးဝန်းကျင်ပေါ့။ လုပ်ရခက်တဲ့ အနေအထားမျိုး၊ ဘာမှပြင်လို့မရတဲ့ အနေအထားမျိုးမှာ ဒီလိုဖိနှိပ်မှုမျိုးမှာ ဒါကြီးကို တစိုက်မတ်မတ်လုပ်နေတာက စစ်အစိုးရအနေနဲ့ နိုင်ငံတကာသဘောကို နိုင်ငံတကာက အခုသွားတဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ယဉ်ကျေးမှုလမ်းကြောင်းကို သွားနေတာမဟုတ်ဘူး ဆိုတာကိုတော့ အထင်အရှားပါပဲ။ ဒါပေမယ့် တပြိုင်နက်တည်းမှာပဲ စစ်အစိုးရက ကျနော်တို့ နိုင်ငံကြီးတွေရဲ့ အကျိုးစီးပွား အပေါ်မှာ အခြေခံပြီးတော့မှ သူတို့အလိုကျ ဖြစ်နိုင်မယ့် အနေအထားမျိုးဖြစ်အောင်တော့ ကစားနေနိုင်တာမျိုးတွေတော့ ရှိနိုင်ပါတယ်။ ဆိုတော့ ကျနော်တို့အနေနဲ့ကတော့ အခုလောလောဆယ်တော့ စစ်အစိုးရကတော့ တကယ်တမ်းကို ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုသွားတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို လုပ်မှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ ပြောနေတာက ကိုယ့်ရပ်ကွက်ထဲမှာ ကိုယ်လည်းမကြည့်ချင်တဲ့ ဇာတ်ပွဲကြီးကို အတင်းလာပြောပြီးတော့ ပိုက်ဆံပေး ကြည့်ခိုင်းမယ်လို့ရှိရင် ကြည့်ချင်မလားဆိုတဲ့စိတ်နဲ့ပဲ အဲလိုပဲပြောရမှာပေါ့။

ဗွီအိုအေ။        ။ ဟုတ်ကဲ့။ ကိုနိုင်အောင်တို့ဘက်ကကော ရွေးကောက်ပွဲဝင်မယ့် အဲဒါတွေ ရှိရောရှိရဲ့လား။

ဒေါက်တာနိုင်အောင်။    ။ ကျနော်က အစောပိုင်းက ပြောပြီးသာရှိပါတယ်။ ကျနော်တို့က အခြေခံမူတွေက ပန်းတိုင်တူကြတဲ့ ဥစ္စာကတော့ စစ်အစိုးရကို အတိုက်အခံလုပ်တဲ့ဟာမှန်သမျှ ကျနော်တို့ကြားထဲမှာရှိတယ်။ ဒါပေမယ့် တခါတလေ ဒါဟာ ခုန အဲဒီနာမည်ကို ထည့်ပြောလို့ပါ။ Ceasefire အဖွဲ့တွေလည်း ရှိပါသေးတယ်။ တိုင်းရင်းသားအဖွဲ့တွေ။ တခါတလေကျတော့ ကိုယ့်ပတ်ဝန်းကျင် အခြေအနေအရ နည်းပရိယာယ်တွေ ရွေးချယ်ရတာချင်း မတူဘူး။ ဒါပေမယ့် ကျနော်တို့ သေချာတာကတော့ အဲဒီအဖွဲ့အစည်းတွေ၊ အဲဒီလူပုဂ္ဂိုလ်တွေရဲ့ ရပ်တည်ချက်သမိုင်းဆိုတာ ရှိတယ်။ အဲတော့ အဲဒီရပ်တည်ချက်သမိုင်းရှိတဲ့ လူတယာက်က နည်းပရိယာယ်ကျနော်တို၌ချင်း မတူဦးတော့ မဝေသွားဘူး။ အဲဒီဟာမျိုးက ကျနော်တို့က နားလည်စဉ်းစားကြည့်နိုင်လို့ရတယ်။

ကျနော်တို့အခုပြောနေတဲ့ အခြေခံက တော့ဖြင့် ကျနော်တို့ခုနက ပြည်သူတဦးတင်ပြသလိုပဲ၊ ကျနော်တို့ တကယ်တမ်းတော့ လုပ်သင့်သာက ဘာလဲဆိုတော့ လာပြီးတော့မှ အတင်းအားဓမ္မ လာပြီးတော့ ပြနေတဲ့၊ ရုံသွင်းနေတဲ့ ဇာတ်ပွဲကြီးကို ဘယ်သူမှ သွားမကြည့်ရင် သူ့ဟာသူ ဆိုင်းတီ၊ သူ့ဟာသူ ကတယ်။ သူ့ဇာတ်နဲ့ သူဖြစ်မှာပဲ။ ဆိုတော့ တယောက်ထဲပြိုင်လို့ နိုင်ပါတယ်လို့ပြောရင် ရီ (ရယ်)စရာကောင်းမှာပေါ့လေ။ အဲဒီဥစ္စာကို ကျနော်တို့က တင်ပြတဲ့သဘောပါပဲ။ ဒါပေမယ့် နည်းပရိယာယ်ဖော်ပြမှုအပေါ်မှာ တကယ်ပဲ အတိုက်အခံလုပ်နေတဲ့လူတွေ၊ သမိုင်းရှိတဲ့ လူတွေ တိုက်နေတဲ့ကိစ္စကတော့ ကျနော်တို့ကတော့ ဒါဟာ မိတ်ဆွေတွေလို့ပဲ သဘောထားပါတယ်။

ဗွီအိုအေ။        ။ ဒါပေမယ့် သူတို့ ဝင်ပြိုင်တာကို အခွင့်ကောင်းယူပြီးတော့ စစ်အစိုးရက ဒါဟာ လုံလောက်တဲ့ ပြိုင်ဆိုင်မှုရှိတယ်ဆို ပြီးတော့မှ လုပ်သွားမှာကို ဒါဟာ ကျနော်တို့ကအဓိက မေးလိုခြင်း ဖြစ်ပါတယ်။

ဒေါက်တာနိုင်အောင်။    ။ ကျနော်မြင်တာကတော့ အခု ပြောတာကိုကျနော်တို့လည်း နားထောင်ဖူးတယ်၊ အခု ပြည်သူတွေက ၂ဝ၁ဝ ရွေးကောက်ပွဲကို သူတို့အတွက် အကျိုးစီးပွားဘာမှမရှိတော့မှန်းသိလို့ရင် စိတ်ကိုမဝင်စားဘူး။ ဆိုတော့ အဲလိုအခြေအနေမျိုးမှာကိုပဲ ကျနော်တို့က ပြည်သူတွေကိုယ်တိုင်က တကယ်ကိုယ်စားပြုပြီးတော့ အပြောင်းအလဲကို လုပ်နိုင်ပါ့မလား၊ အဲလိုကြိုးစားခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့ဖူးတာပဲ။ တကြိမ်တခါလောက် ကျနော်တို့အားလုံး ပြိုင်တူတွန်းရင် မရွေ့နိုင်ဘူးလားပေါ့ ကျနော်က အဲလိုစဉ်းစားတာပါ။

Leave a Reply

ဒီတပတ်မှာ ပြောချင်တာ

''၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့ရင်တောင်မှ အစိုးရအဖွဲ့အပေါ်မှာ ပြည်သူ့လွှတ်တော်က ထိန်းကျောင်းတည့်မတ်နိုင်တဲ့ အခြေအနေ မရှိဘူး ဒီဥပဒေအရ ဆိုရင် Parliamentary Government မဟုတ်ဘူး Presidential Government ပဲ။ စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေမှာ မတရားတဲ့ ကွဲပြားခြားနားမှုတွေ ရှိလာရင် ပြည်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို ထောက်ပြကြဖို့။ NLD ပါတီကိုမှ မဲပေးချင်သူတွေအတွက် NLD ပါတီဟာ ရွေးကောက်ပွဲ မဝင်တော့တာကြောင့် မဲပေးစရာ NLD ပါတီ မရှိဘူးဆိုရင် မဲမပေးပဲ နေနိုင်ကြောင်း။"

(ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်သတင်းစကား ကောက်နုတ်ချက်)

(25-8-2010) RFA နှင့် ဦးညဏ်ဝင်းအင်တာဗျူးမှ

အပေါ်သို့