Tuesday, September 7, 2010

ဇန်န၀ါရီ ၂၃၊ ၂၀၁၀။

ယနေ့ညနေတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) ၏ “Debaters of Our Society” (DOS) မှ စီစဉ်ကျင်းပသည့်စကားရည်လုပွဲ နောက်ဆုံးပွဲစဉ်ကို Assistance Program of Education for Burmese Children (APEBC) အဆောင်ဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

DOSသည် စကားရည်လုပွဲသင်တန်းများကို မြန်မာရွှေ့ပြောင်းကျောင်းများတွင် တပတ်လျှင် ၂ရက်၊ ၃လ ကြာပေးလာ ခဲ့ပြီး၊ အဆင့်ဆင့်ပြိုင်ပွဲများကိုလည်း ပြုလုပ်လာခဲ့ပါသည်။

APECB အဆောင်ဝင်းအတွင်း စကားရည်ပွဲဝင် အသင်း (၇) သင်းဖြင့် လွန်ခဲ့သည့်သီတင်းပတ်ကတည်းက ပြိုင်ပွဲများ ကျင်းပလာခဲ့ရာ ယနေ့ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်လာခဲ့ကြသည့် အသင်း ၂ သင်းမှာ “Never give up” နှင့် “Sky Blue” အသင်းတို့ဖြစ်ကြသည်။

စကားရည်လုပွဲတွင် ယှဉ်ပြိုင်စကားစစ်ထိုးကြသောခေါင်းစဉ်မှာ “ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျောင်းသူ၊ ကျောင်းသားများသည် ဖွံဖြိုးပြီးနိုင်ငံများရှိ ကျောင်းများထက်၊ ဒေသအတွင်းရှိ ကျောင်းများတွင်သာ ပညာသင်ကြားသင့်သည်” ဖြစ်ပြီး၊ “Never give up” အသင်းက အနိုင်ရရှိကာ ပထမဆုကို ဆွတ်ခူး ရရှိသွားပါသည်။

ဗကသများအဖွဲ့ချုပ်(နိုင်ငံခြားရေးရာကော်မတီ)က စကားရည်လုပွဲများ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ မြန်မာ နိုင်ငံပညာရေးစနစ်တွင်မရနိုင်သည့် မြန်မာရွှေ့ပြောင်းကျောင်းသူ ကျောင်းသားများကို ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ စကား ပြောစွမ်းရည်၊ ယုံကြည်မှု နှင့် အသိ ပညာများတိုးတက်စေရန် ဖြစ်သည်။

စကားရည်ပွဲသည် နေ့စဉ်ဘ၀အတွက်သာမက အစိုးရအဆင့်အတွက်ပါ အရေးပါပြီး၊ ၁၉၆၂ ခုနှစ် ဒုတိယအကြိမ် စစ်တပ် အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံတွင် စကားရည်လုပွဲများ ဆိတ်သုန်းသွားခဲ့ရသည်မှာ ကြာပြီဖြစ်သည်။ … အပြည့်အစုံသို့ >>>

Leave a Reply

ဒီတပတ်မှာ ပြောချင်တာ

''၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့ရင်တောင်မှ အစိုးရအဖွဲ့အပေါ်မှာ ပြည်သူ့လွှတ်တော်က ထိန်းကျောင်းတည့်မတ်နိုင်တဲ့ အခြေအနေ မရှိဘူး ဒီဥပဒေအရ ဆိုရင် Parliamentary Government မဟုတ်ဘူး Presidential Government ပဲ။ စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေမှာ မတရားတဲ့ ကွဲပြားခြားနားမှုတွေ ရှိလာရင် ပြည်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို ထောက်ပြကြဖို့။ NLD ပါတီကိုမှ မဲပေးချင်သူတွေအတွက် NLD ပါတီဟာ ရွေးကောက်ပွဲ မဝင်တော့တာကြောင့် မဲပေးစရာ NLD ပါတီ မရှိဘူးဆိုရင် မဲမပေးပဲ နေနိုင်ကြောင်း။"

(ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်သတင်းစကား ကောက်နုတ်ချက်)

(25-8-2010) RFA နှင့် ဦးညဏ်ဝင်းအင်တာဗျူးမှ

အပေါ်သို့