ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက လာမည့်ရွေးကောက်ပွဲအတွက် ပြင်ဆင်ကြရန် ဒဂုံမြို့သစ်
(တောင်ပိုင်း) မြို့နယ်က ရပ်ကွက်အာဏာပိုင်များကို အမိန့်ပေးညွှန်ကြားလိုက်ကြောင်း ကိုယ်တိုင်မြင်တွေ့ကြားသိ
ရသည့် ဒေသခံများက ပြောသည်။ (DVB 210210) Read More …
နအဖစစ်အစိုးရအား ဆန့်ကျင်သည့်လှုပ်ရှားမှုများကို အချိန်မီသတင်းပေးနိုင်ရန်အတွက် ရည်ရွယ်၍ ရန်ကုန်ရှိ
စည်ပင်ဧရိယာမြို့နယ်များရှိ ဈေးအသီးသီးမှ ဈေးသည်အချို့ကို ဝေါ်ကီတော်ကီ (ခေါ်) စကားပြောဆက်သွယ်ရေးစက်
များ ချထားပေးကြောင်း ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (တယက) မှ ဆိုသည်။ (NEJ
220210) Read More …
စစ်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနား၏ ရန်ကုန်အပြည်
ပြည်ဆိုင်ရာ လေဆိပ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားချက်များကို ပြည်တွင်းသတင်းဂျာနယ်များတွင် ဖော်ပြခွင့်
ပိတ်ပင်လိုက်ကြောင်း ပြည်တွင်းသတင်းဂျာနယ်အယ်ဒီတာတစ်ဦးက ပြောသည်။ (Irrawaddy 220210) Read
More …
PDF file : [ အပြည့်အစုံသို့ ]

နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးစတဲ့ နယ်ပယ်တွေမှာ အခုလို ထိပ်တိုက်တွေ့မှုတွေပေါင်းဆုံ စုစည်းလာမယ် သို့တည်းမဟုတ် ကျနော်တို့ စနစ်တကျ ပြင်ဆင်စည်းရုံးလှုံ့ဆော်နိုင်မယ် ဆိုရင်တော့ ၂၀၁၀ ခုနှစ်ဟာ (နအဖ)စစ်အစိုးရအတွက် စိုးရိမ်ထိပ်လန့်ဖွယ်ရာနှစ် ဖြစ်လာပါလိမ့်မယ်။ …
ဒီအခြေအနေမှာ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံရေးသမားများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ဟိုဖားဒီဖား နိုင်ငံရေးဖော်လံဖားများ၊ နိုင်ငံရေးစားဖားများ၊ နိုင်ငံရေးသမားပျက်များ ပြောကြရေးကြတဲ့ အသံတွေကိုလည်း အမျိုးမျိုး ကြားနေရပါတယ်။ ဒီအသံတွေ အမျိုးမျိုးကြားထဲမှာ နိုင်ငံရေးသမားပျက်များရဲ့ အသံတွေကို ပိုမိုကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။















