၂ဝ၁ဝ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်။
ဗွီအိုအေ။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲ နီးကပ်လာတဲ့အချိန်မှာ အာဏာလက်ရှိမဟုတ်တဲ့ အတိုက်အခံတွေ စည်းလုံးညီညွတ်မှု ဘယ်လောက်ရှိကြပါသလဲ။ စည်းလုံးညီညွတ်မှုမရှိကြရင်၊ သဘောထားချင်း မတူညီကြဘူးဆိုရင်၊ သဘောထားချင်း ကွဲလွဲနေတယ်ဆိုရင် ဒါဟာ စစ်အစိုးရအတွက် အခွင့်ကောင်းတရပ် မဖြစ်နိုင်ဘူးလားဆိုတဲ့ ကျနော့်ခေါင်းစဉ်ကို ကြေညာလိုက်ပြီးတော့ ပြန်စဉ်းစားကြည့်တော့ စည်းလုံးညီညွတ်မှုမရှိဘူးလို့ ကြိုတင်ယူဆထားသလိုများ ဖြစ်နေမလား၊ ကျနော် စဉ်းစားမိပါတယ်။ ဒါဟာ စည်းလုံးညီညွတ်မှု မရှိတာလား၊ သို့မဟုတ် သဘောထားကွဲလွဲမှု သက်သက်ပဲလား၊ အတိုက်အခံထဲမှာ အခုလောလောဆယ်ဖြစ်နေတာတွေကို
ဗွီအိုအေ။ ။ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB) မှ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်ရော ဘယ်လိုမြင်ပါ သလဲခင်ဗျ။
အပြည့်အစုံသို့ »
ယနေ့ညနေတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) ၏ “Debaters of Our Society” (DOS) မှ စီစဉ်ကျင်းပသည့်စကားရည်လုပွဲ နောက်ဆုံးပွဲစဉ်ကို Assistance Program of Education for Burmese Children (APEBC) အဆောင်ဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။


















