Friday, September 10, 2010

ဖိုရမ်ခေါင်းဆောင်များရဲ့ နှစ်သစ်ကူးစကား

Posted by မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု On December - 30 - 2009 မှတ်ချက်ပေးရန်

နှစ်သစ် တနှစ်ကူးတဲ့အခါ အနာဂတ်အကြောင်းကို သာမန်အချိန်တွေထက် ပိုသတိထားကြ၊ ပိုစိတ်ဝင်စားကြ၊ ပိုမျှော်လင့်ကြပါတယ်။ ဒါဟာ လူ့သဘာဝပါပဲ။ လူသားဆန်ကြတဲ့ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု ခေါင်းဆောင်များကလည်း စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုများအကြား ညီညွတ်ရေး၊ လူထုနဲ့အတူ တိုက်ပွဲဆင်ကြရမယ့် လူထုနည်း၊ စိန်ခေါ်မှုကုဋေကုဋာနဲ့ ကြိုဆိုနေမယ့် ၂၀၁၀ စတဲ့ နိုင်ငံရေးရာသီသစ်အကြောင်း ထက်ထက်သန်သန် ဖွင့်ဟထားကြတာကို . . . . . အပြည့်အစုံသို့ »

၁၉၅၈ တုန်းက တည်ရှိနေတဲ့ ‘အခြေခံဥပဒေ’ကို မဖျက်သိမ်းဘူး။ ၁၉၆၂ ရော၊ ၁၉၈၈ ကပါကျတော့ ဖျက်သိမ်းပစ်တယ်။ အခုပေါ်လာမည့် စစ်အုပ်စုကတော့ တမျိုးဖြစ်လိမ့်မယ်။ ‘၂၀၀၈ အခြေခံဥပဒေ’ ကို အသက်သွင်းပေးမယ့် ‘၂၀၁၀ ရွေးကောက်ပွဲ’ ကနေ ပေါ်လာမှာ ဖြစ်တယ်။ ‘၂၀၀၈ အခြေခံဥပဒေ’မှာက စစ်ကောင်စီကို ဘယ်လိုဖွဲ့ရမယ်ဆိုတာကို အတိအကျ ပြဌာန်းပြီး ဖြစ်တယ်။ “အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ” လို့ နာမည်ခံမှာပဲ။ ကောင်စီဝင်စုစုပေါင်း (၁၁)ယောက်ရှိမယ်။ ယူနီဖောင်းဝတ်ထားတဲ့သူက (ဘောင်းဘီဝတ်က) (၇)ယောက် သေချာပေါက်ပါမယ်။ ကျန်တဲ့ (၄)ယောက်မှာကလည်း ဘောင်းဘီချွတ်ပဲပါဖို့ များတယ်။ … အပြည့်အစုံသို့ >>>

၁။ ကုန်လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့မှာ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံဟာ နှစ်ပေါင်း ၂၀ ပြည့်ခဲ့ပါပြီ။ ၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးဟာ ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) နဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ဒီမိုကရေစီအင်အားစုများ နှစ်ပေါင်း (၄၀) ကျော် ဆင်နွှဲခဲ့တဲ့ လက်နက်ကိုင်တိုက်ပွဲ (A.S) တိုက်ပွဲရဲ့ အကျိုးဆက်နဲ့ အဆက်ဖြစ်ပါတယ်။ အပြည့်အစုံသို့ »

၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့သည် (၆၁) နှစ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းကို အတည်ပြုသည့်နေ့ ဖြစ်သည်။ ဤကဲ့သို့ ကြီးကြယ်မြင့်မြတ်သည့် နေ့ထူးနေ့မြတ် အခါသမယတွင် အဆက်ဆက်သော စစ်အာဏာရှင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများကို ၁၉၆၂ ခုနှစ်မှစ၍ ခံစားနေကြရသော မြန်မာနိုင်ငံ ပြည်သူပြည်သားများ ကိုယ်စား ကျွန်ုပ်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ဤသဝဏ်လွှာကို နိုင်ငံတကာ ပြည်သူများထံ ပေးပို့လိုက်ပါသည်။ အပြည့်အစုံသို့ »

“ပြဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွတ်တော် ကိုယ်စား လှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်”
ပုဒ်မ (၄၃၆) အခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခြင်းအခန်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈)

စစ်အုပ်စုကလုပ်မယ့်၂ဝ၁ဝ ရွေးကောက်ပွဲကို ကျော်ဖြတ်သွားရင် ….

ပေါ်လာမယ့် ပါလီမန်မှာ အမတ်တွေဟာ ကိုယ်လုပ်ချင်တိုင်း လုပ်လို့မရ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈)အတိုင်း လိုက်နာလုပ်ကိုင်ကြရမှာဖြစ်တယ်။ အဲသလို ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသွားရင် စစ်အာဏာရှင်စနစ်အတိုင်းသွားတာနဲ့ ဘာမှ မထူး၊ ကုလားကြီးနဲ့ အရာကြီး၊ ဗိုလ်နေဝင်း နဲ့ ဦးနေဝင်း၊ ဗိုလ်သန်းရွှေ နဲ့ ဦးသန်းရွှေ အခေါ်အဝေါ်ကွာသလို ဖြစ်တော့မယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အနှစ်သာရက စစ်အာဏာရှင်စနစ်ပဲကိုး။
အပြည့်အစုံသို့ »

ဒီတပတ်မှာ ပြောချင်တာ

''၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့ရင်တောင်မှ အစိုးရအဖွဲ့အပေါ်မှာ ပြည်သူ့လွှတ်တော်က ထိန်းကျောင်းတည့်မတ်နိုင်တဲ့ အခြေအနေ မရှိဘူး ဒီဥပဒေအရ ဆိုရင် Parliamentary Government မဟုတ်ဘူး Presidential Government ပဲ။ စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေမှာ မတရားတဲ့ ကွဲပြားခြားနားမှုတွေ ရှိလာရင် ပြည်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို ထောက်ပြကြဖို့။ NLD ပါတီကိုမှ မဲပေးချင်သူတွေအတွက် NLD ပါတီဟာ ရွေးကောက်ပွဲ မဝင်တော့တာကြောင့် မဲပေးစရာ NLD ပါတီ မရှိဘူးဆိုရင် မဲမပေးပဲ နေနိုင်ကြောင်း။"

(ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်သတင်းစကား ကောက်နုတ်ချက်)

(25-8-2010) RFA နှင့် ဦးညဏ်ဝင်းအင်တာဗျူးမှ

အပေါ်သို့