Tuesday, September 7, 2010

သို့

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ဥက္ကဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
နေပြည်တော်

ရက်စွဲ – ၂၀၀၉၊ နိုဝင်ဘာလ၊ ၂၈ ရက်။

အကြောင်းအရာ။            ။ မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေးနှင့်ပါတ်သက်သောကိစ္စ။

(၁) မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးသည့် အချိန်မှစ၍ မြန်မာနိုင်ငံပြည်သူတစ်ရပ်လုံး စည်းလုံး ညီညွတ် ရေးပြိုကွဲခဲ့ရာမှ အလွန်နာကျည်းမနှစ်မြို့ဖွယ်ရာပြည်တွင်းစစ်ဖြစ်ခဲ့ရာ ယနေ့မြန်မာနိုင်ငံ အခြေအနေကို ဓမ္မဒိဌာန်ကျကျ သုံးသပ်ကြည့်ရှုလျှင် အဖက်ဖက်မှယိုးယွင်းနိမ့်ကျလျက်၊ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံအဖြစ်မှ ရုန်းမထွက်နိုင်သေးသည်ကို ထင်ထင်ရှားရှားတွေ့နိုင်မည် ဖြစ်ပါသည်။

အပြည့်အစုံသို့ »

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ယခုနှစ် နိုဝင်ဘာလ ၂၃ ရက် နေ့က ရွှေဂုံတိုင်ကြေညာစာတမ်းသည် မြန်မာနိုင်ငံရေး၏ တခုတည်းသော ထွက်ပေါက်ဖြစ်ကြောင်း ဆွေးနွေးကြသည့် နှီးနှောဖလှယ်ပွဲတခု ကျင်းပ ခဲ့ပါသည်။ ထိုနှီးနှောဖလှယ်ပွဲသို့ မြန်မာ့ဒီမိုကရေစီအင်အားစုများ နှင့်အတူ ဂျပန်နိုင်ငံအစိုးရပိုင်းမှ တာဝန်ရှိ သူများလည်း တက်ရောက်ခဲ့ကြပါသည်။

ထို နှီးနှောဖလှယ်ပွဲသို့ ပြည်တွင်းရှိ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီအတွင်းရေးမှူး ဦးအေးသာအောင် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင်တို့မှ အဖွင့်အမှာစကားများ ပေးပို့ပြောကြားခဲ့ကြသည်။ … အပြည့်အစုံသို့ >>>

ဗိုလ်ချုပ်ကျော်ဇော၏ အသက် ၉ဝ ပြည့်နေ့ အမှာစကား

Posted by မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု On November - 24 - 2009 မှတ်ချက်ပေးရန်
ဗိုလ်ကျော်ဇော

ဗိုလ်ကျော်ဇော

ကျွန်တော် ဒီနေ့ အသက် ၉ဝ ပြည့်ပါပြီ။ ဆရာကြီးမှိုင်း ပြောသလို “အိုမင်းမစွမ်း” ဖြစ်နေပါပြီ။ ကျွန်တော်ချစ်လှတဲ့ ပြည်သူတွေ အခုအထိ ဆင်းရဲတွင်းနက်နေသေးတဲ့အတွက် ကျွန်တော် စိတ်မကောင်းနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ပြည်သူတွေ မတရားမှု၊ ဖိနှိပ်မှုမျိုးစုံကို အလျှော့မပေးဘဲ တဗိုလ်ကျတဗိုလ်တက်၊ တမျိုးဆက်ပြီးတမျိုးဆက် ဆက်လက်တိုက်ပွဲဝင်နေကြတာကို မပြတ်ကြားသိနေရတဲ့အတွက် အဲသလို ပြည်သူတွေမျိုးအတွက်တော့ ကျွန်တော် အလွန်ဂုဏ်ယူပြီး အားရကျေနပ်မှုလည်းရှိပါတယ်။ ဆက်လက်ပြီးတော့လည်း မလျှော့တမ်း ဇွဲနဲ့ ကြိုးစားအားထုတ်ကြပါလို့ အားပေးမှာကြားလိုပါတယ်။ မိမိတို့ အချင်းချင်းကြားလည်း စည်းလုံးညီညွတ်ကြပါ။ သဘောထား ကြီးကြပါလို့ ပြောပါရစေ။

နအဖရဲ့ တပ်မတော်သားများကိုလည်း ပြည်သူသာ အမိ၊ ပြည်သူသာ အဖပါ။ ပြည်သူ့မျက်နှာပဲ ကြည့်ပါ။ ပြည်သူကို ရန်သူလို သဘောမထားကြပါနဲ့လို့ မှာကြားလိုပါတယ်။ ပြည်သူများ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီစနစ် အမြန်ဆုံး ရရှိနိုင်ပါစေ။ အားလုံးကျန်းမာချမ်းသာကြပါစေ။  အသံနားဆင်ရန်

ဗိုလ်ကျော်ဇော
ဒီဇင်ဘာ ၃ ရက်၊ ၁၉၁၉ – ၂ဝဝ၉ ခုနှစ်။

ကျနော်တို့ ဒီအပတ်အတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီရဲ့ လှုပ်ရှားမှုတွေကို မီးမောင်းထိုးပြဖို့ ရည်စူးထား ပါတယ်။ အရင်ဆုံး ဥက္ကဌ ဦးအောင်မိုးဇော်ခင်ဗျ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဖြစ်ပေါ်လာပုံနဲ့ သမိုင်းကြောင်းကို အကျဉ်းချုံးပြီး နည်းနည်းလေး တင်ပြပေးပါလားခင်ဗျာ။

ဦးအောင်မိုးဇော်။    ။ ကျနော်တို့ ပါတီရဲ့ ၂၁ နှစ် သမိုင်း အကျဉ်းချုပ်ပြောပြရမယ်ဆိုရင်တော့ အပိုင်း ၃ ပိုင်း ခွဲပြီးတော့ ပြောရမယ်။ ပထမအပိုင်းက မြေပေါ်လှုပ်ရှားမှုအပိုင်း၊ အားလုံးသိတဲ့အတိုင်းပဲ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီး နောက်ပိုင်းမှာ အဓိကကျတဲ့ ကျောင်းသားခေါင်းဆောင်တွေ အဲဒီတုန်းက ဗကသများအဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေး မှူးဖြစ်တဲ့ ရဲဘော်မိုးသီးဇွန် ခေါင်းဆောင်ပြီးတော့ ကျနော်တို့ပါတီကို ထူထောင်ခဲ့တာဖြစ်တယ်။ အတော်အတန်အင်အား ကောင်းတဲ့ နိုင်ငံရေးလှုပ်ရှားမှုတခုအဖြစ် မြေပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့တယ်။ အဲဒီနောက်ပိုင်း ၁၉၉၁ အစောပိုင်း မှာ ကျနော်တို့ပါတီ အဖျက်သိမ်းခံခဲ့ရတယ်။ ကျနော်တို့တော်တော်များများ ဒီလက်နက်ကိုင်ဒေသ အထူးသဖြင့်တော့ မာနယ်ပလောကို အခြေစိုက်တဲ့ လွတ်မြောက်နယ်မြေကို ရဲဘော်တော်တော်များများ ရောက်ရှိခဲ့တယ်။

အပြည့်အစုံသို့ »

မြန်မာအရေးနဲ့ ပတ်သက်လို့ တိုက်ရိုက်ထိတွေ့ ဆက်ဆံမယ်ဆိုပြီးတော့ စစ်အစိုးရကို သမ္မတအိုဘားမား အစိုးရက ကမ်းလှမ်းတာဟာ မျှော်လင့်ချက်အမှားပေးတာ (Burma Engagement Offers False Hope) လို့ Australia နိုင်ငံ Sydney Morning Herald သတင်းစာမှာ အကြီးတန်းအယ်ဒီတာ ဂရေဟမ် ရယ်လေ (Graham Reilly) ဒီကနေဘဲ ဆောင်းပါးရေးသားထားပါတယ်။ သမ္မတအိုဘားမား အစိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲဟာ ဗမာပြည်က ဒီမိုကရေစီ အပြောင်းအလဲဖြစ်ပေါ်အောင် လုပ်ငန်းစဉ်အစလို့ ရှုမြင်နေတယ်လို့ Graham Reilly သုံးသပ်ပြီးတော့ မြန်မာစစ်အစိုးရကြတော့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ နှစ်ပေါင်း ၅၀ နီးပါးလောက် သူတို့ စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တာတောင်ဆက်ပြီး တရားဝင်ဖြစ်အောင်လုပ်မယ့် အောင်ပွဲအဖြစ် ရှုမြင်တယ်လို့ အယ်ဒီတာ Reilly က သုံးသပ်ထောက်ပြထားပါတယ်။

ဒီ သတင်းအယ်ဒီတာရဲ့  သုံးသပ်ချက်နဲ့ လက်ရှိ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး၊ မြန်မာနိုင်ငံရေးအခြေအနေများကို ပိုမိုသိရှိနိုင်ဖို့ နှစ်ရှည်နိုင်ငံရေး အကျဉ်းသမားဟောင်းတဦးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင် ကို ဦးရော်နီညိမ်း က ဆက်သွယ်မေးမြန်း သုံးသပ်ဆွေးနွေး တင်ပြထားပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒီနေရာမှာ သမ္မတအိုဘားမား အစိုးရက သူတို့ရှုမြင်ပုံက ၂၀၀၈ ခုနှစ်အခြေခံ ဥပဒေကို ကျော်ကျော်ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲ က အခွင့်အလမ်းတခုဘဲလို့ ပြောနေတာက ဆရာတို့အနေနဲ့လည်း မကြာသေခင်က လာရောက်သွားတဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကဒ် ကမ်ဘဲလ် (Kurt Campbell) နဲ့ တွေ့ဆုံခဲ့တာဆိုတော့ သူတို့ကိုရော ဆရာတို့အနေနဲ့ မထောက်ပြခဲ့ဘူးလား။

အပြည့်အစုံသို့ »

မျက်မှောက်နိုင်ငံရေးအခြေအနေကို အကဲခတ်ကြည့်ခြင်း

Posted by မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု On November - 22 - 2009 မှတ်ချက်ပေးရန်

‘နအဖ’ ရဲ့ အကျပ်အတည်း

နအဖ က အာဏာရ ဖြစ်သည်။ သူကပဲ ရွေးကောက်ပွဲ ဥပဒေ ထုတ်နိုင်တာ၊ ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့နိုင်တာ ဖြစ်သည်။ အခု၂၀၀၉ ခုနှစ် ကုန်ခါနီးအထိ ကော်မရှင်လည်းမဖွဲ့၊ ဥပဒေလည်း မထုတ်ဘဲနေသည်။ ဘာကြောင့်လဲ။

နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အမေရိကန်က ၂၀၁၀ ရွေးကောက်ပွဲမှာ အားလုံးပါဝင်စေဖို့ တွန်းတွန်းတိုက်တိုက် ပြောနေသည်။ လက်တွေ့အဓိပ္ပာယ်က NLD  ပါမှ ဖြစ်မည်ဟု ပြောခြင်းဖြစ်သည်။ ရွေးကောက်ပွဲဝင်ဖို့ တန်းစီနေတဲ့ ပါတီတွေကို ပြောတာမဟုတ်။

NLD  က ရွှေဂုံတိုင်ကြေညာချက် ထုတ်ထားသည်။ ရွေးကောက်ပွဲဝင်မဝင်ကိစ္စကို မစဉ်းစားသေး။ ဒေါ်အောင်ဆန်းစုကြည်၏ ဗိုလ်သန်းရွှေထံ ပေးစာကလည်း အတွင်းသဘောအရ ရွှေဂုံတိုင်ထုတ်ပြန်ချက်ကို အခြေအနေနဲ့အညီ ပြုပြင်ထားခြင်းသာ ဖြစ်သည်။

အပြည့်အစုံသို့ »

နအဖ က ‘၁၉၉၀ ရွေးကောက်ပွဲ’ လုပ်ပေးခဲ့ရတာတုန်းကလို ‘ရွေးကောက်ပွဲကော်မရှင်’ က အဆင်သင့်ရှိနေတာ မဟုတ်။ ဟိုတုန်းက “မဆလ လွှတ်တော်” က “ကော်မရှင်” ဖွဲ့ပေးထားတာ ရှိသည်။ အခု မရှိ။ အသစ်ဖွဲ့ပေးရမည်။ ဖွဲ့ပေးလျှင် ဘယ်သူတွေကို ပါဝင်စေမလဲ။ ဟိုတုန်းကလို (၅)ယောက်ပဲ ထားမလား။ ခပ်များများ ထားမလား။ ဘယ်သူတွေကို ပါစေမလဲ။ ကော်မရှင်က မီးသေပါ့မလား စသဖြင့် အဘက်ဘက်က စဉ်းစားနေလိမ့်မည်။ အဲဒီလို စဉ်းစားရင်းကနေပြီး ကောလာဟလ ဖြစ်လာတာဟု ထင်သည်။

နောက်အခက်တခုက NLD က ‘၂၀၀၈ အခြေခံဥပဒေ’ ကို ပြန်လည်ပြင်ဆင်ရမည်ဟု အတိအလင်းပြောနေသည်။ စစ်ရပ်အဖွဲ့ (ငြိမ်း)တွေကလည်း အတိအလင်း မပြောပေမယ့် ပြင်ဆင်စေချင်ကြသည်။ BGF စီမံကိန်းကို ‘မူအားဖြင့်’ လက်ခံသည်ဟု ပြောပြီး သီးခြားလိုလားချက်တွေကို တင်နေကြသည်။ NLD ခေါင်းဆောင်ကို ‘ဆက်ဆံရေးဝန်ကြီး’ ထားပြီး  ဆက်ဆံပေမယ့် ‘ငြိမ်း’ အဖွဲ့တွေကိုတော့ နအဖ ထိပ်သီးတွေကိုယ်တိုင် ဆက်ဆံနေရသည်။ အကိုင်မတတ်လျှင် ‘အခြေခံဥပဒေပြန်လည်ပြင်ဆင်ရေး’ အလံအောက်သို့ တွန်းပို့သလို ဖြစ်မှာကို နအဖ ပြောနေသည်။ … အပြည့်အစုံသို့ >>>

Aung Moe Zaw, DPNS chairman

Aung Moe Zaw DPNS-chairman

ဦးကျော်ဇံသာ။    ။ အခု မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီးတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို စာရေးပို့ပါတယ်။ ပထမတစ်ကြိမ်တုန်းက မြန်မာနိုင်ငံ ပေါ်မှာ အနောက်နိုင်ငံတချို့ရဲ့ စီးပွားရေးပိတ်ဆို့မှုကို  ပြန်လည်ရုတ်သိမ်းဖြစ်အောင် သူ ကူညီဆောင်ရွက်လိုတယ်။ အဲဒီ အတွက် လိုအပ်သလို ပံ့ပိုးကူညီပါဆိုတော့ စစ်အစိုးရဖက်က လိုက်လျောတာတွေရှိခဲ့ပါတယ်။ အခု ဒုတိယစာထဲမှာတော့ သူက သူ့ရဲ့ CEC အဖွဲ့ဝင်တွေကို သူ့အိမ်မှာခေါ်ယူဆွေးနွေးပြီးတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သူကိုယ်တိုင်တွေ့ဆုံဆွေးနွေး ပါရစေဆိုပြီးတော့ မေတ္တာရပ်ခံစာပေးပို့ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ တချို့သောသူတွေက သိပ်ပျော့ပြောင်းလွန်း တယ်လို့ သုံးသပ်သူတွေလည်းရှိကြပါတယ်။ တချို့က ကြိုဆိုတဲ့သူတွေလည်းရှိကြပါတယ်။ ဆရာဦးဇင်လင်းကတော့ ဒါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်မှန်သောသဘောထားကို ပြည်သူတွေ ကမ္ဘာကလူတွေသိလာနိုင်တယ်ဆိုပြီးတော့ ပြောခဲ့ပါ တယ်။ ကိုအောင်မိုးဇော်ရဲ့ သဘောထားလည်း ဘယ်လိုရှိသလဲခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ စာရေးတာနဲ့ ပတ်သက်ပြီးတော့။

ဦးအောင်မိုးဇော်။    ။ အခြေခံအားဖြင့်တော့ ဦးဇင်လင်းပြောတာကို ကျနော်သဘောတူပါတယ်။ အခု လောလောဆယ်ဆယ် ဒေါ်အောင်ဆန်းစုကြည် စာနှစ်စောင်ရေးတယ်။ ရေးတဲ့အတွက်လည်းဘဲ ကျိန်းသေတာကတော့ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေဘက်က ဒီမိုကရေစီခေါင်းဆောင်တစ်ဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တွေ့ဆုံဆွေးနွေးလိုတဲ့ဆန္ဒရှိတယ် တိုင်းပြည်ပြသနာတွေကို အေးအေးချမ်းချမ်းဖြေရှင်းလိုတဲ့ဆန္ဒရှိတယ်လို့ဆိုတာကို ကျနော်တို့ တစ်ကမ္ဘာလုံးသိအောင် ဖော်ပြလိုက်တာပဲဖြစ်တယ်လို့ ကျနော်အနေနဲ့ အဲဒီလိုယူဆတယ်။ တကယ်တော့ အခုဒီကိစ္စကို အဖြေပေးရမှာက နအဖပဲ ဖြစ်တယ်။ နအဖဘက်ကပဲဖြစ်တယ်လို့ ကျနော်ထင်တယ်။ အပြည့်အစုံသို့ »

ဒီတပတ်မှာ ပြောချင်တာ

''၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့ရင်တောင်မှ အစိုးရအဖွဲ့အပေါ်မှာ ပြည်သူ့လွှတ်တော်က ထိန်းကျောင်းတည့်မတ်နိုင်တဲ့ အခြေအနေ မရှိဘူး ဒီဥပဒေအရ ဆိုရင် Parliamentary Government မဟုတ်ဘူး Presidential Government ပဲ။ စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေမှာ မတရားတဲ့ ကွဲပြားခြားနားမှုတွေ ရှိလာရင် ပြည်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို ထောက်ပြကြဖို့။ NLD ပါတီကိုမှ မဲပေးချင်သူတွေအတွက် NLD ပါတီဟာ ရွေးကောက်ပွဲ မဝင်တော့တာကြောင့် မဲပေးစရာ NLD ပါတီ မရှိဘူးဆိုရင် မဲမပေးပဲ နေနိုင်ကြောင်း။"

(ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်သတင်းစကား ကောက်နုတ်ချက်)

(25-8-2010) RFA နှင့် ဦးညဏ်ဝင်းအင်တာဗျူးမှ

အပေါ်သို့