Tuesday, September 7, 2010

အရှေ့အာရှကို ပထမဆုံးအလည်အပတ် သွားမယ်ဆိုရင် မင်းရဲ့ခေါင်းထဲမှာ တရုတ်ပြည်က အရင်ဆုံးနေရာယူလာမှာ အသေအချာပဲ။ ဒါပေမဲ့ မင်းရဲ့ပထမဆုံး ဦးတည်ရမဲ့ခရီးစဉ်က “တိုကျို” ပဲ ဖြစ်သင့်တယ်။ သစ္စာရှိတဲ့ မဟာမိတ်နိုင်ငံဟာ ဦးစားပေးမှုကို ခံစားသင့်တယ်မို့လား။ လွန်ခဲ့တဲ့ အနှစ် (၆၀)ကျော်ကတည်းက ဂျပန်နိုင်ငံဟာ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာတဲ့၊ ဆင်းရဲတဲ့နိုင်ငံတွေအပေါ် ရက်ရက်ရောရောကူညီတဲ့ စက်မှုအင်အားကြီးနိုင်ငံ တခုဖြစ်နေခဲ့တယ်။ ဂျပန်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ သိတ်ပြီးအဆင်မပြေလှပေမဲ့ အမေရိကန်ပြည်ထောင်စုကို တန်ဘိုးထား နီးနီးကပ်ကပ်နေခဲ့တဲ့ ယုံကြည်လောက်စရာနိုင်ငံ တခုဖြစ်ခဲ့တယ်။ ဂျပန်နိုင်ငံကိုလေးစားတန်ဘိုးထားနေကြပေမဲ့ ဒေါသထွက် စိတ်ဆိုးနေမှုတွေကိုလည်း ကြုံတွေ့ရတယ်။ တကယ်တော့ ဂျပန်နိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲဝင်
နိုင်ငံတခုအဖြစ် ဖြစ်သင့်တာကြာပါပြီ၊ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်အတွင်းတုံးက ဂျပန်စစ်တပ်ရဲ့တရုတ်ပြည်အပေါ် ကြမ်းတမ်းရိုင်းပြစွာကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် ဂျပန်နိုင်ငံကိုကုလသမဂ္ဂမှာ နေရာရဖို့အတွက် တရုတ်ပြည်ကဆန့်ကျင်ပယ်ချနေခဲ့တယ်။

၂၀၀၁ မတိုင်ခင် နှစ်တွေတုံးက ဂျပန်နိုင်ငံဟာ ဝန်ကြီးချုပ် (၁၀) ယောက်အောက်မှာ ဦးတည်ရာမဲ့ လျှောက်လှမ်းနေခဲ့ရတယ်။
နောက်– “ဂျူနီချီယို ကိုအိဇူးမိ” အာဏာရလာခဲ့တယ်။ သူ့ကို “ အေးစက်နေတဲ့ ပီဇာ” လို့ သူ့ရှေ့ကတာဝန်ယူသွားတဲ့ ဝန်ကြီးချုပ်က နာမည်ဝှက် ပေးသွားခဲ့ဘူးတယ်။ “ကိုအိဇူးမိ” ဟာ ရှေးရိုးမဆန်တဲ့စိတ်ကူးတွေနဲ့ အားအင်အပြည့် ရှိသူတယောက်ဖြစ်တယ်။ သူ့ရဲ့အနိုင်ရပါတီ လက်အောက်မှာ ထိုင်းမှိုင်းလေးလံနေတဲ့ စီးပွားရေး အခြေအနေတွေကို ပိုင်ဆိုင်ခဲ့ရတယ်။ သူက လိုအပ်တဲ့ ဘတ်ဂျက်ပမာဏ၊ ဘဏ်လုပ်ငန်းနဲ့ စည်းမျည်းစည်းကမ်းတွေကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ပွင့်ပွင့်လင်းလင်းပြောခဲ့တယ်။ … အပြည့်အစုံသို့ >>>

“မြန်မာ လူမျိုးများရဲ့ နိုင်ငံရေး အသိအမြင် ဗဟုသုတက နိမ့်ကျနေသေး လေတော့ ဒီမိုကရေစီ စနစ် အောင်မြင်ပါ့မလား” အသက်နှစ်ဆယ်၊ အစိတ်ဝန်းကျင် လူငယ်တွေနဲ့ စကားပြောကြတိုင်း ဒီမေးခွန်း တစ်ခုကို မေးမြဲဖြစ်တယ်။ သူတို့ စိတ်ထဲမှာ အနောက် နိုင်ငံကြီးတွေလို ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံကြီးတွေမှ ဒီမိုကရေစီ အောင်မြင်နိုင်တယ်လို့ ထင်မှတ် နေကြဟန် ရှိပါတယ်။ တချို့ကျတော့လည်း နိုင်ငံရေးဆိုတာ နှာခေါင်း ရှုံစရာလို့ ယူဆပြီး တစ်သက်လုံး ဝေးဝေးရှောင်ခဲ့တဲ့ ရေပေါ်ဆီ လူတန်းစား “အီလစ်”(elite) တွေ ပြောတဲ့ စကားသံတွေ ကြားပြီး “နဝေတိမ်တောင်” ဖြစ်နေကြပုံ ရပါတယ်။
အပြည့်အစုံသို့ »

ဗန်းမော်တင်အောင်ကွယ်လွန်တော့ ကျနော် ၁၀ နှစ်သား ပဲရှိသေးတယ်။ အသက် (၂၀) ကျော်တော့ ၈၈”လူထု အုံကြွမှုကြီးထဲပါ ဝင်ခဲ့ပြီး(အဲဒီကာလတုန်းက တက်ကြွနေတဲ့လူငယ်တွေနည်းတူကျနော်လည်းပါခဲ့တာပါ၊ “ခေါင်းဆောင်တယ်”/“ရှေ့တန်းကပါတယ်”တို့ဆိုတာ မျိုးမဟုတ်ပါဘူး) နောက်တော့ တော်လှန်ရေးထဲ ရောက်သွားတယ်။ နိုင်ငံရေးလှုပ်ရှားမှုထဲမရောက်ခင်က (၈၈ လူထုအုံကြွမှုကြီးမစတင်မီက) ဗန်းမော်တင်အောင်စာအုပ်အချို့ဖတ်ဖူးပါတယ်။ ဒါလည်းဇာတ်လမ်းကျောရိုးဖတ်တဲ့သဘောပါ။ နိုင်ငံရေးလှုပ်ရှားမှုထဲရောက်မှ ဗန်းမော်တင် အောင်စာအုပ်များများဖတ်ဖူးလာတာပါ။ ဒါတောင်အကုန်မဖတ်ဖူးသေးပါဘူး။ တလောလေးကမှ “မြစ်ဧရာပေါ်ဝယ်” ဆိုတဲ့ စာအုပ်ဖတ်ဖူး ပါတယ်။ ပြီးတော့ တခါမှပုံမနှိပ်ရသေးတဲ့စာအုပ်ဆိုတဲ့ “လူ” စာအုပ်ထွက်လာလို့ဝယ်ထားတာ အခုထိမဖတ်ရသေးပါဘူး။ … အပြည့်အစုံသို့ >>>

ရေးချိန်တန်က ရေးရမှာပဲ . . . . . . ။(ဆောင်းပါး-လူထုစိန်ဝင်း)

Posted by မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု On October - 20 - 2009 မှတ်ချက်ပေးရန်
လူထုစိန်ဝင်း

လူထုစိန်ဝင်း

အင်ဂျီအိုတွေနဲ့ ပတ်သက်ပြီး ဆရာရေးတာကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ထားတာ အင်တာနက်ထဲမှာ တွေ့ရတယ်။ ဆရာ ဖတ်ပြီးရောပေါ့၊ ဘာမှ ပြန်မရေးတော့ဘူးလား” ဂျာနယ်တိုက် တစ်ခုက လူငယ်တစ်ယောက် ပြောတဲ့စကား ဖြစ်ပါတယ်။ အခုတလေ သူ့လို လာပြောသူတွေ နေ့စဉ်ပြတ်တယ် မရှိပါဘူး။

အပြည့်အစုံသို့ »

“လူတယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူ ဘယ်လောက် သယ်ပိုးထမ်းရွက်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ။”

ကျနော်တို့ နောက်မျိုးဆက်တွေ မမေ့နိုင်တဲ့ လူထုစာရေးဆရာ ဗန်းမော်တင်အောင်ရဲ့ အမှာစကားဖြစ်ပါတယ်။
ဆရာမကြီး လူထုဒေါ်အမာက “ကိုတင်အောင်က လူတော်၊ တခေတ်တယောက် ထွန်းတောက်တဲ့ ပုဂ္ဂိုလ်ပါ၊ တိုးတက်ခေတ်မီတဲ့ အယူအဆရှိတဲ့ သူ့စာတွေကို လူကြိုက်များတာမို့ လူထုစာရေးဆရာလို့ ပြောနိုင်ပါတယ်” လို့ မှတ်ချက်ပြုဖူးပါတယ်။

သေသောသူ ကြာရင်မေ့လို့ ဆိုကြပေမယ့် ကနေ့ နှစ်ပေါင်း (၃၀) ကျော်လာတဲ့အထိ မမေ့နိုင်သူတွေထဲမှာ ဆရာဗန်းမော်တင်အောင် လည်း တယောက်အပါအ၀င်ပါပဲ။ ကိုယ်ကျင့်သီလ တည်ကြည်မှုအရပဲ ကြည့်ကြည့်၊ ကိုယ်ကျိုးမရှာ အနစ်နာခံနိုင်မှုအရပဲ ကြည့်ကြည့်၊ သမိုင်းရေးတာဝန် ကျေပွန်မှုအရပဲကြည့်ကြည့်၊ ဗန်းမော်တင်အောင်ဟာ စံပြုလောက်တဲ့ တိုင်းပြုပြည်ပြု စာရေးဆရာတယောက် ဖြစ်တယ်လို့ သူနဲ့ ခေတ်ပြိုင်ပုဂ္ဂိုလ်တွေက ပြောကြပါတယ်။

အပြည့်အစုံသို့ »

ယနေ့ကာလတွင် ပြည်သူ အားလုံးနှင့် ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုအားလုံး၏ အဓိကတာဝန်မှာ စစ်အာဏာရှင်စနစ် ထာဝစဉ် တည်မြဲရေးအတွက် ရေးဆွဲအတည်ပြုခဲ့သော “ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)”နှင့် အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းမည့် “၂၀၁၀ ရွေးကောက်ပွဲ” ကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ရေးသာ ဖြစ်ပါကြောင်းနှင့် ယင်းတာဝန်ကို ပြည်တွင်းပြည်ပအင်အားစု အသီးသီးနှင့် ပြည်သူတရပ်လုံးအနေဖြင့် တစ်စိတ်တစ်ဝမ်းတည်း လက်တွဲဆောင်ရွက်ကြပါရန် ကျွန်တော်တို့ပါတီ၏ (၂၁)နှစ်မြောက်မွေးနေ့ အခါသမယတွင် အလေးအနက် တိုက်တွန်းပန်ကြားအပ်ပါသည်။ … အပြည့်အစုံသို့ >>>

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့က အကြိမ်ကြိမ် တင်ပြတောင်းဆိုထားတဲ့ (ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး။ ကြိုတင်စည်းကမ်း ကန့်သတ်ထားခြင်းမရှိသော တွေ့ဆုံဆွေးနွေးပွဲကို အဆုံးအဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ကာ အပြန်အလှန် လေးစားမှုနှင့် အမျိုးသားပြန်လည်သင့်မြတ် မှုကို အခြေခံထားသည့် အခွင့်အရေးများရရှိစေရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ကို ပြန်လည်သုံးသပ် ပြင်ဆင်ရေး၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး၊ နောက်လာမည့်ရွေးကောက်ပွဲများအရေး၊ လက်ရှိ ပြည်သူလူထု၏ ဘ၀အခြေအနေများ တိုးတက်ကောင်းမွန်လာစေရေးစသည်တို့ ပါဝင်စေရန်) အချက်တွေကို ဘာမှအကြောင်းမပြန်ဘဲ ထားတမျိုး/ အချိန်ဆွဲ လျစ်လှူရှုထားတာမျိုး လုပ်နေမယ်ဆိုရင်တော့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ရေးလမ်းစဟာ ဝေးနေမြဲ ဝေးနေဆဲလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ … အပြည့်အစုံသို့ >>>

၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ သဘောထားများ (ဗွီအိုအေ-အင်တာဗျူး)

Posted by မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု On October - 10 - 2009 မှတ်ချက်ပေးရန်

၂၀၁၀ ရွေးကောက်ပွဲဟာ ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့် ရွေးကောက်ပွဲဖြစ်ပါတယ်။ အဲတော့ ဒီရွေးကောက်ပွဲက ပေါ်လာမည့် အစိုးရကလည်း စစ်အာဏာရှင်စနစ်ကို အထောက်အကူဖြစ်စေမယ့်၊ သက်ဆိုးရှည်အောင် ဆက်ပြီးကာကွယ်ပေးမယ့် အစိုးရမျိုး၊ နောက် ပေါ်ပေါက်လာမယ့် ယန္တရားတွေကလည်း ဖိနှိပ်တဲ့ ယန္တရားတွေပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီတော့ စစ်အာဏာရှင်စနစ်ရဲ့ သဘောသဘာဝအရကိုက သူက လူထုကို ဖိနှိပ်ရမယ်၊ တိုင်းရင်းသားအင်အားစုတွေကို ဖိနှိပ်ရမယ်။ ဒါဟာ သူ့ရဲ့ သဘောသဘာဝဖြစ်ပါတယ်။ အဲဒီတော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲက နိုင်ငံတကာကပဲ လာကြည့်ကြည့်၊ သူဟာသူ လွတ်လပ်တယ်ပဲ ဆိုဆို စစ်အာဏာရှင်စနစ်အတွက်ပဲ ဖြစ်ပါလိမ့်မယ်။ … အပြည့်အစုံသို့ >>>

ဒီတပတ်မှာ ပြောချင်တာ

''၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့ရင်တောင်မှ အစိုးရအဖွဲ့အပေါ်မှာ ပြည်သူ့လွှတ်တော်က ထိန်းကျောင်းတည့်မတ်နိုင်တဲ့ အခြေအနေ မရှိဘူး ဒီဥပဒေအရ ဆိုရင် Parliamentary Government မဟုတ်ဘူး Presidential Government ပဲ။ စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေမှာ မတရားတဲ့ ကွဲပြားခြားနားမှုတွေ ရှိလာရင် ပြည်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို ထောက်ပြကြဖို့။ NLD ပါတီကိုမှ မဲပေးချင်သူတွေအတွက် NLD ပါတီဟာ ရွေးကောက်ပွဲ မဝင်တော့တာကြောင့် မဲပေးစရာ NLD ပါတီ မရှိဘူးဆိုရင် မဲမပေးပဲ နေနိုင်ကြောင်း။"

(ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်သတင်းစကား ကောက်နုတ်ချက်)

(25-8-2010) RFA နှင့် ဦးညဏ်ဝင်းအင်တာဗျူးမှ

အပေါ်သို့