နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ခေါင်းဆောင် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စ” နှင့်စပ်လျဉ်း၍ ၂၀၀၉ ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့တွင် စာရေးသားပေးပို့ခဲ့သည်။ ယင်းစာကို စာမျက်နှာ (၂) တွင် ပူးတွဲဖေါ်ပြ … အပြည့်အစုံသို့ >>>
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက် – ၆ / ၀၉ / ၀၉
လူထုလမ်းစဉ်နဲ့ လူထုလုပ်ငန်းစဉ် (ရွှေဂုံတိုင်ကြေညာချက်ကို အသက်သွင်းကြ)
နိုင်ငံရေးဆိုတာ နိုင်ငံရေးသမားတွေပဲလုပ်တဲ့ အလုပ်မဟုတ်၊ လူထုက လုပ်ချင်တဲ့ အလုပ်ကို နိုင်ငံရေးနယ်ပယ်ထဲ ရှိနေသူတွေက လူထုကိုယ်စားလှယ်အဖြစ် လုပ်ပေးကြရတာ။ ဒီနေရာမှာ လူထုကိုယ်စားလှယ်ဆိုတာလည်း မဲနဲ့ အရွေးခံတဲ့နည်းနဲ့မှ မဟုတ်၊ ပြည်သူ့အကျိုးဆောင်လိုစိတ်ဆိုတဲ့ စိတ်ဓါတ်နဲ့ အသိတရားသာရှိရင် လူထုကို ကိုယ်စားပြုတဲ့အလုပ် လုပ်လို့ရတာချည်းပါ။
လူထုကို ကိုယ်စားပြုတဲ့ ပါတီအဖွဲ့အစည်းဆိုတာ သူ့အဖွဲ့အစည်းရဲ့လမ်းစဉ်၊ လုပ်ငန်းစဉ်တွေမှာ လူထုရဲ့ လိုအပ်ချက်တွေကို ကိုယ်စားပြု ထင်ဟပ်နေကြတယ်။ အဲ့ဒီမှာ ပြည်သူလူထု အကျိုးစီးပွားကို မထင်ဟပ်ဘဲ၊ ကောင်းနိုးရာရာ ကိုယ့်စိတ်ကူးတည့်ရာ သဘောတရားတွေ ထုတ်နေခဲ့ရင်၊ လမ်းစဉ်ပေါ်လစီတွေ ချမှတ်နေခဲ့ရင် အဲဒီလမ်းစဉ်ပေါ်လစီတွေဟာ (လူထုလမ်းစဉ် မဖြစ်နိုင်၊ ကိုယ့်လမ်းစဉ် ကိုယ့်ပေါ်လစီသာ) ဖြစ်မယ်။
စစ်အာဏာရှင်တွေက သူ့အကျိုးစီးပွားအတွက် စစ်အာဏာရှင်စနစ် တရားဝင် ရေရှည်တည်တံ့အောင် ၂၀၁၀ ရွေးကောက်ပွဲကို ဦးတည်တဲ့ အခင်းအကျင်းတွေကို ဗြောင်တမျိုး၊ တိုးတိုးတိတ်တိတ်တဖုံ မကောင်းကြံနေကြပါပြီ။
ရွေးကောက်ပွဲဝင်မယ်ဆို လမ်းခွဲကကြို . . . ။ (ဆောင်းပါး-ရဲဘော်ဖိုးသံချောင်း)
၂၀၁၀ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန် ကာလနဲ့ပတ်သက်လို့ ပြည်ပမှာ ဖော်ပြချက်တွေလည်း တိုးတိုးတဖုံ၊ ပြောင်တမျိုး အမျိုးမျိုးပေါ်လာနေပါတယ်။ တချို့ကဆိုရင် “မောင်မောင်အခေါ်” စောင့်နေကြတာပါ။ ကြိုပြီး တိတ်တဆိတ် ဖျာခင်းတာတွေ လုပ်တယ်လို့လည်း ကြားနေရပါတယ်။ သူတို့က နိုင်ငံခြားပညာရှင်ကြီးတွေရဲ့ အဆိုအမိန့်တွေကို ကိုးကားပြီး ဗမာပြည်နိုင်ငံရေးကို ချဉ်းကပ်ပါတယ်။ ဒါပေမဲ့ မရဲတရဲနဲ့ အချိန်မရွေးပြန်ဆုတ်လို့ရအောင် ပြောဆိုပြင်ဆင်နေကြတာလည်း သတိထားမိပါတယ်။ ကြည့်ရတာ သူတို့ဟာ နအဖရဲ့ ကြိုးကိုင် ဒီမိုကရေစီရဲ့ အရသာကို မြည်းစမ်းချင်ကြတဲ့ သဘောပါပဲ။ ကြိုးကိုင်ငြင်သာရင် ပြည်တွင်းက ကွင်းမှာ ကစားမယ်၊ ကြိုးကိုင်ကြမ်းရင်တော့ ပြည်ပမှာပဲနေမယ်ဆိုတဲ့ သဘောပါပဲ။ သူတို့အနေနဲ့ အင်န်အယ်လ်ဒီကို အပြစ်တင်တာဟာ မလုပ်မဖြစ်လုပ်ရတဲ့ ကြိုတင်လမ်းခင်းခြင်းလို့ဆိုရင် မမှားပါဘူး။ … အပြည့်အစုံသို့ >>>
ကျပ်ငါးထောင်တန် ငွေစက္ကူ၊ ငွေကြေးဖောင်းပွမှုနှင့် မြန်မာနိုင်ငံ . . . ။ (ဆောင်းပါး-ခင်မမမျိုး)
ကျပ်ငါးထောင်တန် ငွေစက္ကူ အသစ်များ ထွက်ပေါ်လာတာ ဟာ တိုင်းပြည်စီးပွားရေးအတွက် ကောင်းမွန်တဲ့ လက္ခဏာတရပ် မဟုတ်ပါဘူး။ ဒါဟာ ငွေကြေးဖောင်းပွမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ မဆလ၊ န၀တ၊ နအဖစစ်အုပ်စု အဆက်ဆက်ရဲ့ တိုင်းပြည်စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းရဲ့ ရလာဒ်တွေပဲ ဖြစ်ပါတယ်။ သေနတ်ပစ်တတ်တိုင်း စစ်မတိုက်တတ်ပါဘူး။ စစ်တိုက်တတ်တိုင်းလဲ တိုင်းပြည်အုပ်ချုပ်ရေး နားမလည်ပါဘူး။
တိုင်းပြည်အုပ်ချုပ်ရေး နားလည်တိုင်းလဲ မူဝါဒတခုချင်းစီကို အသေးစိတ် မရေးဆွဲတတ်ပါဘူး။
မူဝါဒရေးဆွဲတတ်တိုင်းလဲ မူဝါဒအကောင်အထည် မဖော်နိုင်ပါဘူး။ မူဝါဒအကောင်အထည်ဖော်တတ်တိုင်းလဲ
တိုင်းပြည်မအုပ်ချုပ်နိုင်ပါဘူး။ တိုင်းပြည်အုပ်ချုပ်နိုင်တိုင်းလဲ ရှေ့တန်းစစ်မြေပြင်မှာ စစ်မတိုက်နိုင်ပါဘူး။
မိသားစုတခုပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းတခုပဲဖြစ်ဖြစ်၊ တိုင်းပြည်တခုပဲ ဖြစ်ဖြစ်မှာ လူမှန်၊ နေရာမှန် ဖြစ်ဖို့က
အရေးကြီးဆုံး ဖြစ်ပါတယ်။ ခေါင်းဆောင်၊ နောက်လိုက် အတွဲညီဖို့ လိုအပ်ပါတယ်။ ဒီလို သဟဇာတ
မဖြစ်တဲ့ ဘယ်လို မိသားစုပြဲဖစ်ဖြစ်၊ အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ တိုင်းပြည်ပဲဖြစ်ဖြစ် ရေရှည်မှာ ပြိုလဲယိုင်နဲ့မှာ
အသေအချာပဲ ဖြစ်ပါတယ်။
ဒါကြောင့် တိုင်းပြည်စီးပွားရေးကို မိသားစုကောင်းစားရေး၊ ဆွေမျိုးသားချင်း
ကောင်းစားရေး၊ မိတ်ဆွေအပေါင်းအသင်းနီးစပ်သူ ကောင်းစားရေးစတဲ့ ဘက်လိုက်မှုများ မရှိပဲ
မှန်မှန်ကန်ကန် စီမံခန့်ခွဲနိုင်မယ့် အစိုးရသစ်တရပ် ပေါ်ထွက်လာရေးဟာ မြန်မာ့စီးပွားရေးအဆောက်အအုံရဲ့
အဓိက လိုအပ်ချက် ဖြစ်နေပါကြောင်း … အပြည့်အစုံသို့ >>>
လူ့ဘောင်သစ်ပါတီ သုတေသနနှင့် လေ့လာရေးဌာန ဝေဖန်သုံးသပ်ချက် အမှတ်စဉ်(၁၀/၂၀၀၉)
(နအဖ) စစ်စိုးရဟာ သိပ်ခေါင်းမာပါတယ်။ အင်မတန်ကိုခေါင်းမာပါတယ်။ ဘယ်လိုပြည်ပရဲ့ဖိအားကိုမှ မကြောက်ဘူးလို့လည်း ကြွားဝါလေ့ရှိပါတယ်။ လမ်းပြမြေပုံ(၇)ချက်/ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)/ “၂၀၁၀ရွေးကောက်ပွဲ”တို့ ဆိုတာ (နအဖ)စစ်အစိုးရရဲ့ မဆုတ် တမ်းခံစစ်စခန်းတွေပါ။
ထို့အတူပါပဲ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ခွန်းထွန်းဦး၊ စိုင်းညွန့်လွင်၊ ကိုမင်းကိုနိုင် စတဲ့နိုင်ငံရေးအကျဉ်းသားတွေ ချွင်းချက် မရှိ လွှတ်ပေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြန်လည်သုံးသပ်ရေးဆိုတာတွေမရရှိပဲနဲ့ ပြည်တွင်းပြည်ပအတိုက်အခံအင်အားစုတွေ ဘက်ကလည်း အလျှော့ပေးလိုက်လျောနိုင်ဖို့လုံးဝမဖြစ်နိုင်ပါ။
ဒီလိုထိပ်တိုက်တွေ့နေတဲ့ ပြဿနာ ၂ ရပ်ဖြေရှင်းရေးနဲ့ပတ်သက်ပြီး “ဖိအားလည်းပေး/နီးနီးကပ်ကပ်လည်းဆက်ဆံဆိုတဲ့ပေါ်လစီ” က အဆင်ပြေနိုင်မယ့် နည်းလမ်းတစ်ရပ်ကို ရှာဖွေအဆိုပြုနိုင်ပါ့မလား။ အလုပ်ဖြစ်ပါ့မလား။ မည်သို့ပင်ရှိစေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့လည်း ရင်ဆိုင်ရမယ့်အခြေအနေသစ်အတွက် သဘောထားအမြင်များစု စည်း နိုင်ရန် ဗဟိုအလုပ် အမှုဆောင်မျက်နှာစုံညီအစည်းအဝေးတစ်ရပ်ခေါ်ယူရန်အရေးတကြီးလိုအပ်ပါတယ်။ … အပြည့်အစုံသို့ >>>
ဗမာပြည်နိုင်ငံရေးရဲ့ အရေးကြီးအချိန်မှာ ပေါ်ထွက်လာတဲ့ ၀ါရှင်တန်ရဲ့ အပြောင်းအလဲ
ဗမာပြည်နဲ့ပတ်သက်တဲ့ နိုင်ငံတကာလေထုမှာ ကြီးမားတဲ့အပြောင်းအလဲတွေ ပေါ်ပေါက်လာတော့မယ့် လက္ခဏာတွေ စပြီးမြင်တွေ့နေရပါပြီ။ နအဖ စစ်အစိုးရကို နဂိုကဆေးဖော်ကြောဖက်မလုပ်ခဲ့တဲ့ အမေရိကန်အပါ အနောက်နိုင်ငံတွေက အခုတော့ ဒီဗိုလ်ချုပ်တွေကို လူလူသူသူပြန်ဆက်ဆံမယ်လို့ ဖြစ်လာနေပါပြီး
တကယ်က သေသေချာချာကြည့်တတ်ရင် နိုင်ငံတကာအခင်းအကျင်းမှာကိုပဲ အပြောင်းအလဲတွေ တွေ့နေရပါတယ်။ စစ်အေးစစ်ပွဲလွန် နိုင်ငံရေးအခင်းအကျင်းမှာ စစ်ဆေးစစ်ပွဲမှာထပ်က ပါဝင်ခဲ့ကြပါတဲ့ နိုင်ငံကြီးတွေဟာ စစ်အေးစစ်ပွဲရဲ့ အထုပ်အပိုးတွေကို ပစ်ချခဲ့ကြပါတယ်။ ဒါပေမဲ့ တချို့ကတော့ နဂိုရှိခဲ့တဲ့ မာန်တွေ၊ ဟန်တွေကို အိနြေ္စမပျက်ထိန်းထားခဲ့ကြပါတယ်။ ဒါပေမဲ့ ကာလတခုလွန်လာတော့ အခြေအနေ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ စီးပွားရေးအကြပ်အတည်းကြီးပါ။ … အပြည့်အစုံသို့ >>>
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွဲ့စည်းတည်ထောင် ခဲ့သည့် (၂၁)နှစ်မြောက် ကြေညာစာတမ်း
၁၉၈၈ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ရဟန်းရှင်လူ ကျောင်းသားကျောင်းသူ ပြည်သူတစ်ရပ်လုံးသည် အသက် သွေး၊ ချွေး၊ စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်ရင်းနှီးလျက် သမိုင်းတွင် မကြုံဖူးအောင် ထူးထူးကဲကဲ အုံကြွ၍ ဒီမိုကရေစိရေးကို တစ်ခဲနက် တောင်းဆိုခဲ့ကြသည်။ ပြည်သူလူထု၏ ဒီမိုကရေစီရရှိရေး ပြင်းပြသော လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ယနေ့တွင် (၂၁)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းတည်ထောင်စဉ်က ထားရှိခဲ့သော ရည်ရွယ်ချက်များအဖြစ် -
(က) အမျိုးပြည်သူတို့၏ ဆန္ဒနှင့်ကိုက်ညီ၍ အခြေခံလူ့အခွင့်အရေးများကို အာမခံမည့် စစ်မှန်သော ဒီမိုကရေစီအစိုးရ ဖြစ်ပေါ်လာစေရန်။ … အပြည့်အစုံသို့ >>>
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွဲ့စည်းတည်ထောင် ခဲ့သည့် (၂၁)နှစ်မြောက် သဘာပတိမိန့်ခွန်း
ယနေ့ကာလဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက် အရေးကြီးဆုံးသော ကာလတစ်ခုဖြစ်ပါတယ်။ အဖွဲ့ချုပ်ခေါင်းဆောင်များ အချင်းချင်းကြားတွင်လည်းကောင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အောက်ခြေအဖွဲ့အစည်းများကြားတွင်လည်းကောင်း ဆက်သွယ်ရေး၊ စည်းရုံးရေး၊ ဖွဲ့စည်းလှုပ်ရှားရေး ပုံမှန်အနေအထားမဟုတ်သည့် အခြေအနေတွင် အရေးကြီးတဲ့ ဆုံးဖြတ်ချက်များကို ချလျက်၊ ခြေလှမ်းသစ်များ လှမ်းရသည့်ကာလလည်း ဖြစ်နေပါတယ်။ ရပ်/ကျေးမှသည် မြို့နယ်၊ ပြည်နယ်/တိုင်းနှင့် ဗဟိုအထိ အဆင့်ဆင့်သော စည်းရုံးရေးအဖွဲ့များအနေဖြင့် နားလည်မှုရှိရှိဖြင့် အပြန်အလှန်လေးစားကြပြီး၊ အဖွဲ့ချုပ်၏စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြမှသာလျှင် အဖွဲ့ချုပ်ကြီး တည်ငြိမ်စွာ ရေရှည်ရပ်တည်နိုင်မည် ဖြစ်ပါတယ်။
ပြည်နယ်/တိုင်းများနှင့် မြို့နယ်စည်းရုံးရေးအဖွဲ့များကလည်း မည်သည့်အခက်အခဲ အကျပ်အတည်းများကြားတွင်မဆို စည်းရုံးရေးအရှိန်အဟုန် မြှင့်တင်ကြရန် လိုအပ်ပါသည်။ ပြည်သူလူထုနှင့် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံကြရန် အလွန်အရေးကြီးပါတယ်။ အဖွဲ့ချုပ်ဖွဲ့စည်းထားတဲ့ ရည်မှန်းချက်များကို ညီညွတ်မှုအင်အားဖြင့် လက်တွေ့အကောင်အထည်ဖော်ရန် အင်အားစုအားလုံးက ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ၊ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ … အပြည့်အစုံသို့ >>>















