မြန်မာနိုင်ငံအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) နှင့် ကိုးကန့်ပြည်သူများအပေါ် နအဖ စစ်အစိုးရ၏ စနစ်တကျ စွက်ဖက်ဖြိုခွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသည့် လုပ်ရပ်များကို မိမိတို့ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပါသည်။
မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု၏ သဘောထားထုတ်ပြန်ချက်
ကိုးကန့်အမျိုးသားများအတွင်း နအဖ စစ်အစိုးရ၏ သတ်လျှိုထိုးခွဲနေသည့် လုပ်ရပ်များနှင့် ပတ်သက်၍ …
မိမိအမျိုးသားတွေကို မိမိတို့ကိုယ်တိုင်ကာကွယ်ပိုင်ခွင့် အမျိုးသားတိုင်းမှာရှိသင့်တယ်၊ ရှိကိုရှိရမယ်။ အဲ့ဒီအတွက် မိမိအမျိုးသားများကို ကာကွယ်စောင့်ရှောက်နိုင်လောက်တဲ့ အမျိုးသားတော်လှန်ရေးတပ်မတော်တွေ မုချရှိဖို့လိုအပ်ပါတယ်။ ဒါကို အာဏာပါဝါပြပြီး နယ်ခြားစောင့်တပ် ဇွတ်လုပ်ခိုင်းလို့မရဘူး။
ပြည်သူ့စစ် ဇွတ်လုပ်ခိုင်းလို့မရဘူး။
ရဲအသွင်ပြောင်းလိုက်ပါလို့ ဇွတ်ပြောင်းခိုင်းလို့ မရဘူး။
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) ထုတ်ပြန်ကြေညာချက်
၁။ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု – မဒတ သတ္တမ အကြိမ်ညီလာခံသက်တမ်း၊ ဒုတိယအကြိမ် ဗဟိုအလုပ် အမှုဆောင်ကော်မီတီ အစည်းအဝေးကို စုံစုံညီညီနှင့် အောင်မြင်စွာကျင်းပပြီးစီး ခဲ့ပါသည်။ ယ္ခုကဲ့သို့ နိုင်ငံရေးအကြပ်အတည်းမြင့်မားနေ သော အရေးကြီးသည့် အချိန်ကာလတွင် မဒတ ခေါင်းဆောင်များသည် ဂုဏ်ထူးဆောင်နာယကကြီး၏ သြ၀ါဒကို ခံယူလျှက် သြဂုတ်လ ၂၁ ရက်မှ ၂၃ ရက်ထိ သုံးရက်တိုင်တိုင် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးတိုင်ပင်ပြီး အဓိကကျသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ကြပါသည်။
၂။ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုကို ပိုမို၍ကျစ်လစ်ခိုင်မာစေမည့် လုပ်ငန်းများ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီအတွင်း အဓိက ဒေါက်တိုင်ဖြစ်သော မဒတ တပ်ပေါင်းစု၏ အခန်းကဏ္ဍကို မြှင့်တင်နိုင်မည့် လုပ်ငန်းများအပြင် နအဖ စစ်အစိုးရ၏ ဖိအား အမြင့်ဆုံးပေးခြင်းခံနေရသော ဘ၀တူညီနောင် လက်နက်ကိုင်အပစ်ရပ်အဖွဲ့အစည်းများနှင့် ပိုမိုနီးကပ်စွာ လက်တွဲဆောင်ရွက်သွားနိုင်ရေး လုပ်ငန်းများကိုလည်း အတည်ပြုချမှတ်ခဲ့ကြပါသည်။
မြန်မာ့နိုင်ငံရေးဝန်းကျင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခွဲထုတ်လိုက်တယ်ဆိုသည့် အမြင်သဘောထား
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး
ဦးငွေလင်းက …
“ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ဒီနေ့ချမှတ်လိုက်တဲ့ စီရင်ချက်ဟာ မြန်မာနိုင်ငံမှာ တရားမျှတမှု မရှိဘူး၊ တရားဥပဒေ စိုးမိုးမှု မရှိဘူးဆိုတာကို ဖော်ပြလိုက်တာ ဖြစ်တယ်။ နောက်တခုက အရာရာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ပါးစပ်ထဲမှာ ရှိတယ်။ တရားဥပဒေအထက်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သေချာပေါက် ရှိနေတယ်ဆိုတဲ့ ဥစ္စာကို ဖော်ပြလိုက်တာပဲ ဖြစ်တယ်လို့ ကျွန်တော် မြင်ပါတယ်။ ဒီလို ထောင်ချလိုက်တဲ့ ကိစ္စဟာ အပြည့်အစုံသို့ »
NLD က လူထုကို စည်းရုံးလှုံ့ဆော်ရှေ့ဆောင်ရန် အချိန်ကျရောက်နေပါပြီ
ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်လိုက်တဲ့ “စီရင်ချက်”ဟာ မြန်မာနိုင်ငံမှာ တရားမျှတမှုမရှိ ကြောင်းနဲ့ တရားဥပဒေစိုးမိုးမှု မရှိကြောင်း အထင်အရှားဖေါ်ပြ နေပါသည်။ ထို့အပြင် တရားဥပဒေဆိုသည်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ပါးစပ်ထဲမှာသာရှိကြောင်း ထပ်လောင်းသက်သေပြနေခြင်းလည်း ဖြစ်သည်။
ဤ “စီရင်ချက်”ကို ကျနော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီက ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါသည်။
“ပြစ်ဒဏ်လျော့ပေါ့ခြင်း”နှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေရဲ့ “ရှေ့နိုင်ငံရေးခရီးဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းပေါ်သွားနိုင်မယ့် အနေအထားကို ရောက်သွားပြီလို့ မျှော်မှန်းလို့ရကြောင်း” သုံးသပ်ပြောကြားချက်ကို ကျနော်တို့ပါတီက လုံးဝလက်မခံပါ။ … အပြည့်အစုံသို့ >>>
မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB)၏ သဘောထားထုတ်ပြန်ချက်
လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်အား နအဖ စစ်အစိုး ရ၏ တရားရုံးဆိုသည်က အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃)နှစ် ချမှတ်လိုက်ခြင်းသည် နအဖ စစ်အစိုးရမှ ရာဇ၀တ်မှုတခုကို ထပ်မံကျူးလွန် ပြလိုက်ခြင်း ဖြစ်ပါသည်။ နအဖ ဥက္ကဌ ဗိုလ်သန်းရွှေ၏ လွန်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ညွှန်ကြားချက်နှင့် ထိုညွှန်ကြားချက်အရ လျှော့ပေါ့၍ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ပေးခြင်းများမှာလည်း လူထုနှင့် နိုင်ငံတကာ၏ဖိအားကို လျှော့ချပစ်ရန် ရည်ရွယ် ဆောင်ရွက်ခြင်းသာဖြစ်သည်။
စင်စစ်မှာ လူထုခေါင်းဆောင်နှင့် လူထုကို အဆက်ဖြတ်ပစ်ရန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို အဆက်ဖြတ်ပစ်ရန်၊ လက်ရှိ မြန်မာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အဆက်ဖြတ်ပစ်ရန် ရည်ရွယ်ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။ … အပြည့်အစုံသို့ >>>
ရှစ်လေးလုံးအရေးတော်ပုံ (၂၁)နှစ်မြောက် ABSDF ဥက္ကဌ ရဲဘော်သံခဲ၏ အမှာစကား

မကဒတ ဥက္ကဌ ရဲဘော်သံခဲ
မကြာခင်မှာ နအဖ စစ်အစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့အတူ ၂၀၁၀ ရွေးကောက်ပွဲကို တလမ်းမောင်းနဲ့ သွားမယ်ဆိုရင် ကျနော်တို့အနေနဲ့ ရွေးလမ်းမရှိပါဘူး။ ထိပ်တိုက်ရင်ဆိုင်ပြီး တော့မှ ဒီဟာကို ရိုက်ချိုးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အထွေထွေမကျေနပ်မှုတွေရှိတယ်။ အဲဒီအထွေထွေမကျေနပ်မှုတွေကို အထွေထွေသပိတ်တွေအဖြစ် ကျနော်တို့ ပြောင်းလဲဖို့အတွက် နံပါတ်တစ် လုပ်ငန်းစဉ်အဖြစ် ချမှတ်သင့်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒုတိယ တခုကတော့ ရှစ်ဆယ့်ရှစ်က ပေးခဲ့တဲ့ သင်ခန်းစာဖြစ်တဲ့ နိုင်ငံရေးအရ ခေါင်းဆောင်မှုကို ခိုင်ခိုင်မာမာ ကျနော်တို့ကြားထဲမှာ တည်ဆောက်ကြဖို့ လိုတယ်လို့ ကျနော် ဒီနေရာကနေ တောင်းဆိုလိုပါတယ်။
လျှပ်စစ်မီးပဲမှန်မှန်လာအောင် ကြိုးစားပါဦး . . . . . ။ (ဆောင်းပါး-တူမောင်ညို)
ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိပေါ့။
“နျူကလီယားဓါတ်ပေါင်းဖို ဆောက်ဖို့လုပ်နေတယ်”၊ “ရုရှားကို ပညာတော်သင်တွေ လွှတ်နေတယ်”၊ “မြောက်ကိုရီးယားနဲ့ ဆက်စပ်လုပ်ဆောင်နေတယ်” စတဲ့ သတင်းတွေက မရည်ရွယ်ပေမယ့်လည်း (နအဖ) စစ်အစိုးရကို အရောင်တင်ပေးသလိုတောင် ဖြစ်နေပါတယ်။
ယူရေနီယံသန့်စင်တာတို့၊ နျူကလီယားလက်နက် ထုတ်လုပ်တာတို့ဆိုတာ ဆည်မြောင်းတာတမံနဲ့ တံတားတွေဆောက်သလို လွယ်တာမဟုတ်မှန်း သာမန်ဗဟုသုတရှိတဲ့ လူတိုင်းသိကြပါ တယ်။















