ကုလသမဂ္ဂအတွင်းရေးမှူး မစ္စတာဘန်ကီမွန်း ဗမာပြည်ကနေ ပြန်သွားပြီးတဲ့နောက် ပြည်ပက မီဒီယာတွေ အကြားမှာ ဒီခရီးစဉ်ဟာ အောင်မြင်သလား၊ မအောင်မြင် ဘူးလားဆိုတာကို အတော်ကလေး ရေးကြီးခွန်းကျယ် ပြောဆိုကြတာ သတိထားမိပါတယ်။ နောက်ထပ် သတိပြုမိတဲ့အချက်ကတော့ မစ္စတာဘန်ကီမွန်း ပြန်သွားတဲ့နောက်မှာ ဒီလိုပြောဆိုရေးသားတာတွေဟာ ဂယက်လောက်သာဖြစ်နေခဲ့ပြီး လှိုင်း ငယ်ငယ်တောင် ဖြစ်မလာဘူး ဆိုတာပါပဲ။
ကယ်တင်ရှင် မရှိပါ . . . . . . . . . ။ (ဆောင်းပါး-ဗသြ)
“စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ကျော်လွှားဖို့ ပိုင်းဖြတ်ချက်ရှိရှိ ပြင်ဆင်ထားရလိမ့်မယ်”
“ဒီကနေ့ အခြေအနေတွေ အတွက်ကော နောက်ရေရှည်မှာ ရင်ဆိုင်ကြုံတွေ့ရမယ့် စိန်ခေါ်မှု တွေအတွက်ပါ ကျနော်တို့ ဘယ်လိုပြင်ဆင်ကြမလဲဆိုတဲ့ကိစ္စကို ကျနော်တို့ ရဲဘော်ရဲဘက် တွေအကြားမှာ နဖူးတိုက်ဒူးတိုက် သေသေချာချာ ဆွေးနွေးပြီးတော့ အဖြေရှာဖို့ လိုအပ်နေ ပါတယ်၊ လိုအပ်နေပါပြီ” ဟု ပါတီဥက္ကဌ ရဲဘော်အောင်မိုးဇော်က ပြောကြားခဲ့သည်။ အပြည့်အစုံသို့ »
လက်ဗလာထက် ဦးနှောက်ဗလာက ပိုပြီးရှက်ဖို့ကောင်းတယ် [Forum ဂျာနယ်]
ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတော့ ပြန်ပြီး။
‘လက်ဗလာနှင့် ပြန်သွားရပြီး’လို့ မှတ်ချက်ပေးသူတွေ များပါတယ်။ သူ့ခရီးစဉ်ကို အားမလိုအားမရ အတော်ပဲဖြစ်ကြပါတယ်။ အားမလိုအားမရ ဖြစ်သူများကိုလည်း အဆိုးမဆိုသာဘူး။
ဘာကြောင့်ဆို မစ္စတာ ဘန်ကီမွန်း ထောက်ပြတဲ့ အချက် (၃)ချက်၊ ပြောရရင် မစ္စတာ ဘန်ကီမွန်း ဆောင်ရွက်ပေးချင်တဲ့ မစ်ရှင် (၃)ခု။
အပြည့်အစုံသို့ »
Open letter to UN Secretary-General to Brief Security Council on Myanmar
We appreciate your effort to facilitate national reconciliation and democratization in our country, as
mandated by successive General Assembly resolutions. We believe in your sincere willingness to bring
about positive changes in Burma, also known as Myanmar, beginning with the release of all political
prisoners, including our leader Daw Aung San Suu Kyi.
အပြည့်အစုံသို့ »
နအဖ အတွက် တောခြောက်ပေးရာ ရောက်လိမ့်မယ် (ဆောင်းပါ – ရဲဘော်ဖိုးသံချောင်း)
မျက်မှောက်ဗမာပြည်နိုင်ငံရေးရဲ့ အဓိကဆုံချက်ဟာ နအဖစစ်အစိုးရက အတင်းချီတက်နေတဲ့ လမ်းပြမြေပုံ (၇)ချက်ကို ဆန့်ကျင်သူများနဲ့ ထောက်ခံသူများအကြားက ပဋိပက္ခဆိုရင် မမှားပါဘူး။ ဒီဟာကို ထပ်ပြီးအသေးစိပ်ထောက်ပြရရင် ၂၀၀၉ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အကောင်းမြင်သူနဲ့ ဆန့်ကျင်သူတွေရဲ့ ပဋိပက္ခလို့ ပြောနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချဖို့ ကြိုးပမ်းတာ၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်ကို သက်သေထွက်ခွင့်မပေးတာတို့ကအစ လူတွေတဖမ်းထဲဖမ်းနေတာ၊ ရယကရုံးထဲမှာ သေအောင်ရိုက်တာစတာတွေဟာ ဒီပဋိပက္ခရဲ့ ဖော်ပြချက်တွေဖြစ်ပါတယ်။
တပါတည်းမှာ ပြောသင့်တာက ဒီတလော ပေါ်ပေါက်လာနေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အယူအဆအမျိုးမျိုးပဲဖြစ်ပါတယ်။ ဒါတွေဟာလည်း အဲဒီပဋိပက္ခပတ်လည်က မုန်တိုင်းမဟုတ်တောင် လေပွေလေးတွေလို့ ဆိုနိုင်ပါတယ်။
ဒီကာလမှာ ထင်ထင်ရှားရှင်းပေါ်ထွက်လာတာ၊ အာရုံစိုက်ခံရတာတခုက ဦးဝင်းတင်ပြောတဲ့ နိုင်ငံရေးသစ်ဆိုတာ ဖြစ်ပါတယ်။ ဦးဝင်းတင်က သူ့ရဲ့ နိုင်ငံရေးသစ်ဆိုတာကို အနက်ဖွင့်ရာမှာ “သူတို့ကတော့ ရွေးကောက်ပွဲတင်းကုပ်ထဲကို ကျနော်တို့ကို ဆွဲခေါ်တော့မယ်။ မြက်ကျွေးလို့ပဲဖြစ်ဖြစ်၊ နဖားကြိုးဆွဲလို့ဖြစ်ဖြစ် ဆွဲခေါ်မယ်” လို့ အစချီခဲ့ပါတယ်။ ဒါပေမဲ့ နအဖ နဲ့ နီးစပ်တဲ့ “ပညာရှင်” တဦးကတော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အာမခံချက်မရှိဘူး၊ လာမည့် ၂၀၁၀ ရွေးကောက်ပွဲမှာ အခြေခံဥပဒေ အာမခံချက်ရှိတယ်၊ ဒါကြောင့် ဒီရွေးကောက်ပွဲကို ၀င်သင့်တယ်လို့ ဆိုပါတယ်။ … အပြည့်အစုံသို့ >>>
ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းပြောဆိုခဲ့ သည့် မြန်မာနိုင်ငံဆိုင်ရာမိန့်ခွန်းကောက်နုတ်ချက်
လေးစားအပ်ပါသော သံအမတ်ကြီးများ၊ ဧည့်သည်တော်ကြီးများနှင့် လုပ်ဖော်ကိုင်ဖက်များ၊ လူကြီးမင်းများခင်ဗျာ
ယခုခရီးစဉ်ဟာ တနှစ်ကျော်ကာလအတွင်း ကျနော့်ရဲ့ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်ပါတယ်။ ခရီးစဉ်နှစ်ခုစလုံးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အလွန်အရေးကြီး တဲ့ အချိန်များမှာ လာရောက်ခြင်းဖြစ်ပါတယ်
ကျနော့်ရဲ့ပထမခရီးစဉ်ကတော့ ဆိုင်ကလုန်မုန်တိုင်း နာဂစ်တိုက်ခတ်ပြီးနောက်ပိုင်းမှာ ဖြစ်ပါတယ်။ လူ့အသက်ပေါင်းများစွာ သေကြေပျက်ဆီးပြီး ဒုက္ခပင်လယ် ဝေခဲ့ရတဲ့ အဲဒီုသဘာဝ ဘေးဒုက္ခကြီးဟာ တကကမ္ဘာလုံးကို တုန်လှုပ်စေခဲ့ပါတယ်။ မြန်မာနိုင်ငံက လိုအပ်နေတဲ့ အချိန် မှာ ကမ္ဘာကြီးကလည်း ရက်ရက်ရောရော တုန့်ပြန်ခဲ့ပါတယ်။ အပြည့်အစုံသို့ »
၇ ဇူလိုင် (၄၇) နှစ်မြောက် ဗကသ(နိုင်ငံခြားရေး ရာကော်မတီ)မှ ထုတ်ပြန်ကြေညာချက်
ဒီနေ့ ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ဟာ ဇူလိုင် ၇ ရက်ကျောင်းသားအရေးတော်ပုံ (၄၇)နှစ်မြောက်နေ့ဖြစ်ပါတယ်။ ဇူလိုင် ၇ ရက် ကျောင်းသားအရေးတော်ပုံမှာ ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကျော် သေနတ်နဲ့ ပတ်သတ်ခံရလို့ ကျဆုံးခဲ့ကြတဲ့အပြင် လွတ်လပ်ရေး ကြိုးပမ်းမှုကာလတလျှောက် သမိုင်းဝင် သမဂ္ဂအဆောက်အဦးလည်း မိုင်းနဲ့ ဖြိုချ ဖျက်ဆီးခံခဲ့ရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ကြေညာချက်အမှတ် – ၁၈/၀၇/၀၉
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြသော ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေနှင့် ဦးညွန့်ဝေတို့သည် တရားဝင်မှတ်ပုံတင်ထားသည့် အခြားနိုင်ငံရေးပါတီများနှင့်အတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းအား ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့ ညနေ (၄း၃၀) နာရီကျော်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြပါသည်။
ထိုသို့ တွေ့ဆုံရာတွင် မစ္စတာဘန်ကီမွန်းက ဒီမိုကရေစီကူးပြောင်းရေးအတွက် ဗိုလ်ချုပ်မှူးကြီးနှင့် (၂)နာရီကျော် တွေ့ဆုံခွင့်ရခဲ့ကြောင်း၊ နိုင်ငံရေးပါတီများမှာ သဘောထားအယူအဆ မတူကြသော်လည်း နိုင်ငံရေးပါတီအား တစ်သံတည်းဖြစ်ဖိုလိုကြောင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းတွင် အားလုံးပါဝင်ပူးပေါင်း ဆောင်ရွက်စေချင်ကြောင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲကိစ္စတို့ကိုပြောပြီး၊ အချိန်မလုံလောက်၍ နိုင်ငံရေးပါတီများအနေဖြင့် တစ်ဖွဲ့လျှင် (၂) မိနစ်စီ ဆွေးနွေးကြပါဟု ပြောခဲ့ပါသည်။ … အပြည့်အစုံသို့ >>>















