ကျနော့်အမြင်တော့ KNU အနေနဲ့ ပိုပြီးတော့ ညီညွတ်သွားနိုင်တယ်လို့ ထင် တယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စက သူတို့ပြည်သူတွေရဲ့အရေးဖြစ်တာကိုး။ KNU အရေး တခုတည်းမဟုတ်ဘူး။ သူတို့ပြည်သူတွေရဲ့အရေးဆိုတော့ ဒီလိုလုပ်တဲ့အတွက်ကို သူတို့ အတွင်းမှာ ပိုပြီးတော့ ညီညွတ်မှုကောင်းလာနိုင်တယ်။
လူ့ဘောင်သစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်နှင့် ဗွီအိုအေ အင်တာဗျူး
ဦးဝင်းတင်ရဲ့နိုင်ငံရေး ပုံစံသစ် (new politics) VOA မှ မေးမြန်းချက်
စစ်အစိုးရက ပြည်သူလူထု ကို ရွေးကောက်ပွဲ တင်းကုပ် ထဲကို ဆွဲခေါ်တော့မယ်။ မြက်ကျွေးလို့ပဲ ဖြစ်ဖြစ်၊ နားဖားကြိုး ဆွဲလို့ပဲဖြစ်ဖြစ် ကျနော်တို့ကို ရွေးကောက်ပွဲ တင်းကုပ်ထဲကို ဆွဲသွင်း တော့မယ်။ စစ်အစိုးရ အနေနဲ့ နိုင်ငံရေး မရှိတော့ဘူး။ လှုပ်လို့ရှားလို့ရအောင် ကျနော်တို့ လုပ်ရတော့မယ် … ပုံစံသစ်နဲ့ လှုပ်ရှားရမယ်။
လူမှန်နေရာမှန် တိုက်ပွဲဝင်ကြပါ၊ ဒီမိုကရေစီအောင်ပွဲ ရကိုရရမည် (ဆောင်းပါး – ဗန္စရ)
အာဏာရှင် နအဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ပရောက် အစိုးရ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း စသည်တို့သည် မြန်မာပြည် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေးအတွက် အပြန်အလှန် နိုင်ငံရေးတိုက်ပွဲ ဆင်နွှဲနေကြသော ရှေ့တန်း မှ ခေါင်းဆောင်များ ဖြစ်ကြသည်။
အခြေအနေက တောင်းဆိုနေတဲ့ မြေအောက်လှုပ်ရှားမှု (ဆောင်းပါး – ရဲဘော်ဖိုးသံချောင်း)
ခလုတ်ထိမှ အမိတတယ်ဆိုတာ လူတိုင်းပါ။ သူမှ ဒီလိုဖြစ်တယ်။ ကိုယ်မှ ဒီလိုဖြစ်တယ်ဆိုတာမျိုး မဟုတ်ပါဘူး။ လူ့ဘဝမှာ ဖြစ်နိုင်ခြေအားလုံး အတွက် ပြင်ဆင်ပြီးသားဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် စဉ်းစားရသရွေ့ကိုတော့ စဉ်းစားပြင်ဆင်ထားရပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မတရားရုံးတင်အကျဉ်းချဖို့ နအဖက ကြိုးစားလာတော့ တချို့က အင်းစိန်ထောင်ကို ချီတက်ကြပြီး … အပြည့်အစုံသို့ »
မဟာဗျူဟာ ဆွေးနွေးပွဲနှင့် ပတ်သက်၍ RFA မှ ဆက်သွယ်မေးမြန်း
“လာမည့် ၂၀၁၀ ရွေး ကောက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထားတွေကိုလည်း ညှိနှိုင်းခဲ့ကြပြီး စစ်အစိုးရ လုပ်ဆောင်နေတာကို မကြိုက်ဘူးလို့ ပြောဆိုနေ တာကို ဘယ်လိုနေရာမှာ ဘယ်အချက်ကို မကြိုက်ဘူး ဆိုတာ နောက်တစ်ခါ အဓိက သွားချင်တဲ့ လမ်းကြောင်းက ဘာလဲဆိုတာကို အင်အားစု တွေကြားမှာ သဘောတူနိုင်ဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်။ စည်းဝေးခဲ့ကြတဲ့ အင်အားစု တွေ စုပေါင်းပြီး ဒီမိုကရေစီ လှုပ်ရှားမှု တစ်ရပ်လုံးကို ကိုယ်စားပြုနိုင်မယ့် တပ်ပေါင်းစုတရပ် ဖွဲ့စည်း နိုင်ရေးကိုလည်း သဘောတူ ခဲ့ကြပါတယ်။ … >>>
အပြည့်အစုံသို့ »

















