Tuesday, September 7, 2010

“Freedom from fear ဆိုတာ သူမှ အစစ်ပဲ” (အင်တာဗျူး – မခင်ဥမ္မာ)

Posted by မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု On May - 31 - 2009 မှတ်ချက်ပေးရန်

ကျမအနေနဲ့တော့ ဒီအဖြစ်အပျက်မှာ နအဖက စစ်ဗိုလ်ချုပ်တွေပေါ့ ..၊ အမျိုးသမီး/အမျိုးသားဆိုတဲ့ ကျား/မ သတ်မှတ်ချက်အရ ကြည့်မယ် ဆိုရင် အထူးသဖြင့် (ဗိုလ်ချုပ်မှူးကြီး)သန်းရွှေပေါ့။ သူက နံပတ် ၁ လည်း ဖြစ်တယ်၊ ဗိုလ်ချုပ်လည်းဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်က သူ့ပြိုင် ဘက် ဖြစ်နေတယ်။ တကယ်တမ်း ပြောရရင် ဒေါ်အောင်ဆန်းစုကြည်က သူ့အာဏာကို အဆုံးသတ်ပေးမယ့်သူကိုး …
အပြည့်အစုံသို့ »

ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားပြီး ၂ဝဝ၃ ခုနှစ်မေလ ၂၇ ရက်နေ့မှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ ၁ဝ (ခ) ဖြင့် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားခဲ့သည်။ ဒီပဲယင်း အရေးအခင်း ဖြစ်ပွားပြီးခါစတွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ် စိုးရိမ်ရသည့်အတွက် အင်းစိန်ထောင်အတွင်းရှိ အထူးသီးသန့်ဆောင်တွင် ထိန်းသိမ်းထားခြင်းမှ နေအိမ်အကျယ်ချုပ်ဖြင့် ပြောင်းရွှေ့ထားခဲ့ခြင်းဖြစ်သည်။
အပြည့်အစုံသို့ »

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်တာဟာ ညီညွတ်ရေးအားနည်းလို့ ဖြစ်တဲ့ အကြောင်း မနေ့က မေလ (၁၁) ရက်နေ့မှာ အသက်(၉၀) ပြည့်သွားတဲ့ ကဗျာဆရာ စာရေးဆရာကြီးဒဂုန်တာရာက ပြောဆိုပါ တယ်။ ငြိမ်းချမ်းရေးပြန်လည် တည်ဆောက်နိုင်ဖို့ အတွက် နိုင်ငံတကာရဲ့ဝိုင်းဝန်းပံ့ပိုးမှုနဲ့အတူ ကြိုးပမ်း သွားရမယ်လို့လည်း ပြောပါတယ်။ ဆရာကြီး ဒဂုန်တာရာ ကို ကိုသိန်းထိုက်ဦးက ဆက်သွယ်မေးမြန်းတဲ့အခါ ဆရာကြီးဒဂုန်တာရာက အခုလိုပြောကြားခဲ့ပါတယ်။ အပြည့်အစုံသို့ »

ဒီတပတ်မှာ ပြောချင်တာ

''၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့ရင်တောင်မှ အစိုးရအဖွဲ့အပေါ်မှာ ပြည်သူ့လွှတ်တော်က ထိန်းကျောင်းတည့်မတ်နိုင်တဲ့ အခြေအနေ မရှိဘူး ဒီဥပဒေအရ ဆိုရင် Parliamentary Government မဟုတ်ဘူး Presidential Government ပဲ။ စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေမှာ မတရားတဲ့ ကွဲပြားခြားနားမှုတွေ ရှိလာရင် ပြည်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို ထောက်ပြကြဖို့။ NLD ပါတီကိုမှ မဲပေးချင်သူတွေအတွက် NLD ပါတီဟာ ရွေးကောက်ပွဲ မဝင်တော့တာကြောင့် မဲပေးစရာ NLD ပါတီ မရှိဘူးဆိုရင် မဲမပေးပဲ နေနိုင်ကြောင်း။"

(ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်သတင်းစကား ကောက်နုတ်ချက်)

(25-8-2010) RFA နှင့် ဦးညဏ်ဝင်းအင်တာဗျူးမှ

အပေါ်သို့