Tuesday, September 7, 2010

နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တောင်သူလယ် သမားများကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လာမည့်ရွေးကောက်ပွဲတွင် စစ်မှန်သောဒီမိုကရေစီစနစ်ကို ဦးဆောင်နိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်တင်မြောက်ရမည်ဖြစ်ကြောင်း တောင်သူ လယ်သမားနေ့ သဝဏ်လွှာတွင် တိုက်တွန်းပြောကြားလိုက်သည်။ (Irrawaddy 020310) Read More

ရန်ကုန်တိုင်းအတွင်း ကြံ့ဖွံ့အဖွဲ့ဝင်အရေအတွက်သည် ရန်ကုန်လူဦးရေ၏ တဝက်ကျော်လွန်ပြီဖြစ်ကြောင်းနှင့် လာမည့်ရွေးကောက်ပွဲအတွက် အသင်းသားများကို လိုက်၍စုဆောင်းနေခြင်းဖြစ်ရာ အသင်းဝင်အရေအတွက် ပိုများလာစေရန် ပြုလုပ်သွားဦးမည်ဟု ရန်ကုန်တိုင်း ကြံ့ဖွံ့အဖွဲ့အကြီးအကဲတစ်ဦးက ပြောသည်။ (NEJ 050310) Read More

မော်လမြိုင်မြို့တွင် ကြံ့ဖွံ့နှင့် ဆက်သွယ်ရေးတို့ပူးပေါင်း၍ CDMA 800 MHz အထိုင်ဖုန်း တယ်လီဖုန်းသစ်များ ငှားရမ်းရန် စီစဉ်နေသည်။ (Mizzima 050310) Read More

နအဖ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် ကြံ့ဖွံ့အထွေထွေအတွင်းရေးမှူး ဦးဌေးဦး အပါအဝင် ကြံ့ဖွံ့ ဗဟိုအလုပ်အမှုဆောင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဝန်ကြီး H.E.Mr. Wang Jiarui ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။ (Myanmar Ahlin 05031) Read More

PDF file : [ အပြည့်အစုံသို့ ]

ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက လာမည့်ရွေးကောက်ပွဲအတွက် ပြင်ဆင်ကြရန် ဒဂုံမြို့သစ်
(တောင်ပိုင်း) မြို့နယ်က ရပ်ကွက်အာဏာပိုင်များကို အမိန့်ပေးညွှန်ကြားလိုက်ကြောင်း ကိုယ်တိုင်မြင်တွေ့ကြားသိ
ရသည့် ဒေသခံများက ပြောသည်။ (DVB 210210) Read More

နအဖစစ်အစိုးရအား ဆန့်ကျင်သည့်လှုပ်ရှားမှုများကို အချိန်မီသတင်းပေးနိုင်ရန်အတွက် ရည်ရွယ်၍ ရန်ကုန်ရှိ
စည်ပင်ဧရိယာမြို့နယ်များရှိ ဈေးအသီးသီးမှ ဈေးသည်အချို့ကို ဝေါ်ကီတော်ကီ (ခေါ်) စကားပြောဆက်သွယ်ရေးစက်
များ ချထားပေးကြောင်း ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (တယက) မှ ဆိုသည်။ (NEJ
220210) Read More

စစ်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနား၏ ရန်ကုန်အပြည်
ပြည်ဆိုင်ရာ လေဆိပ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားချက်များကို ပြည်တွင်းသတင်းဂျာနယ်များတွင် ဖော်ပြခွင့်
ပိတ်ပင်လိုက်ကြောင်း ပြည်တွင်းသတင်းဂျာနယ်အယ်ဒီတာတစ်ဦးက ပြောသည်။ (Irrawaddy 220210) Read
More

PDF file : [ အပြည့်အစုံသို့ ]

ယခုလဆန်းပိုင်းမှစ၍ စစ်အစိုးရအာဏာပိုင်များက ဗန်းမော်ခရိုင်တွင် တစ်အိမ်တက်တစ်အိမ်ဆင်းစနစ်ဖြင့် အိမ် ထောင်ဦးစီးအမည်၊ အသက် ၁၈ နှစ်အောက်နှင့် အသက် ၁၈နှစ် အထက်များကို နှစ်ဖွဲ့ခွဲ၍ သန်းခေါင်စာရင်း လိုက်လံကောက်ယူနေကြောင်း ဒေသခံရွာတာဝန်ရှိသူများက ပြောသည်။ (KNG 150210) Read More

နှစ်ပေါင်း (၁ဝဝ) ကျော်သက်တမ်းရှိပြီဖြစ်သည့် အင်းစိန် ဂျီတီအိုင် (စက်မှုလက်မှု သိပ္ပံ) ကျောင်းကို လာမည့် မတ်လတွင် (၂၄)နာရီပတ်လုံး ဖွင့်လှစ်မည့် ဆေးရုံအဖြစ် ပြောင်းလဲဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းတာဝန်ခံ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ပြည်တွင်း သတင်းဌာနများကို တရားဝင်ပြောကြားလိုက်သည်။ (NEJ 160210) Read More

ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန် ရည်ရွယ်၍ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့နယ်များရှိ ရိုဟင်ဂျာ များကို ယာယီနိုင်ငံသား စီစစ်ရေးကဒ်ပြားများ ထုတ်ပေးနေကြောင်း ရိုဟင်ဂျာအရေး ဆောင်ရွက်နေသူများက ပြောသည်။ (Irrawaddy 170210) Read More

PDF file : [ အပြည့်အစုံသို့ ]

မွန်ပြည်နယ် မုဒုံမြို့နယ် ကလော့သော့ကျေးရွာမှ ကျေးရွာမယကဥက္ကဌနှင့် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းကာ မီးသတ်ကားဝယ်ရန် စီစဉ်နေခြင်းသည် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းသည့်သဘော ဖြစ်နိုင်သည်ဟု သံဖြူဇရပ်မြို့နယ်လုံးဆိုင်ရာ မွန်လူငယ်ညီညွတ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ (IMNA 110210) Read More

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်လျက်ရှိသော MRTV-3 အစီအစဉ်ကို Myanmar International ရုပ်သံလိုင်း အမည်သစ်ဖြင့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ စတင်စမ်းသပ်ထုတ်လွှင့်နေ သည်။ (Irrawaddy 120210) Read More ..

မြန်မာစစ်အစိုးရ ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ပြည်ထောင်စုနေ့ သဝဏ်လွှာတွင် လွတ်လပ်၍တရားမျှတ သောရွေးကောက်ပွဲ ယခုနှစ်အတွင်း ကျင်းပပေးမည်ဟု ပြောဆိုသည့်အပေါ် မြန်မာ့အရေးလေ့လာသူများက သံသယ ရှိနေကြသည်။ (RFA 120210) Read More

PDF file : [ အပြည့်အစုံသို့ ]

ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်ကို မသတ်မှတ်သေးသော်လည်း စစ်အုပ်စုကို ထောက်ခံသူများကမူ စည်းရုံးရေး လုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ကိုင်လျက်ရှိသည်။ (Mizzima 020210) Read More

ရွေးကောက်ပွဲ ကျင်းပမည်ဟု နိုင်ငံတကာနှင့် တိုင်းပြည်အား ကြေညာထားသော်လည်း လက်တွေ့တွင် တပ်တွင်းက စိတ်မဝင်စားကြောင်း ပြောသည်။ (Yoma3 030210) Read More

စစ်အစိုးရက ၂ဝ၁ဝ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နိုင်ငံခြားမှ အတိုင်ပင်ခံ အခါပေး နက္ခတ္တဝေဒ ပညာရှင် များကို မြန်မာနိုင်ငံသို့ ခေါ်ယူထားကြောင်း ဝေဒပညာရှင်များ အသိုင်းအဝိုင်းက ပြောသည်။ (Irrawaddy 040210) Read More

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ကြံ့ဖွံ့အဖွဲ့က လမ်းပြင်ခြင်းများနှင့် ပျော်ပွဲရွှင်ပွဲများကို လိုက်လံလုပ်ဆောင် ကာ စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နေသည်။ (Yoma3 040210) Read More

PDF file : [ အပြည့်အစုံသို့ ]

ဒေါ်အောင်ဆန်းစုကြည်ကို ယခုနှစ် နိုဝင်ဘာလအတွင်း နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးမည်ဟု မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက မန္တလေးတိုင်း ကျောင်းပန်းတောင်းမြို့တွင် လွန်ခဲ့သည့် ရက်ပိုင်းက ပြောကြား ခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ (RFA 240110)  Read More

ရှမ်းပြည်မြောက်ပိုင်း၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ထိန်းချုပ်ရာ နယ်မြေအနီး တပ်စွဲ ထားသည့် နအဖစစ်တပ် ရှေ့တန်းစခန်းများမှ စစ်သည်များ ထွက်ပြေးမှု များပြားလာကာ တပ်ပြေးများကို ပစ်သတ် သည်အထိ ရှိလာနေသည်။ (NEJ 250110) Read More

ရန်ကုန်တိုင်းစစ်ဌာနချုပ် ညွှန်ကြားချက်အရ ဆန္ဒပြမှုများဖြစ်လာခဲ့ပါက မည်သို့ချေမှုန်းရမည်ကို တပ်နယ်အသီးသီး ကို ညွှန်ကြားထားသည်။ (Yoma3 260110) Read More

PDF file : [ အပြည့်အစုံသို့ ]

ဒီတပတ်မှာ ပြောချင်တာ

''၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့ရင်တောင်မှ အစိုးရအဖွဲ့အပေါ်မှာ ပြည်သူ့လွှတ်တော်က ထိန်းကျောင်းတည့်မတ်နိုင်တဲ့ အခြေအနေ မရှိဘူး ဒီဥပဒေအရ ဆိုရင် Parliamentary Government မဟုတ်ဘူး Presidential Government ပဲ။ စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေမှာ မတရားတဲ့ ကွဲပြားခြားနားမှုတွေ ရှိလာရင် ပြည်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို ထောက်ပြကြဖို့။ NLD ပါတီကိုမှ မဲပေးချင်သူတွေအတွက် NLD ပါတီဟာ ရွေးကောက်ပွဲ မဝင်တော့တာကြောင့် မဲပေးစရာ NLD ပါတီ မရှိဘူးဆိုရင် မဲမပေးပဲ နေနိုင်ကြောင်း။"

(ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်သတင်းစကား ကောက်နုတ်ချက်)

(25-8-2010) RFA နှင့် ဦးညဏ်ဝင်းအင်တာဗျူးမှ

အပေါ်သို့