Tuesday, September 7, 2010

၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)က အသုံးပြုထားသော ခွပ်ဒေါင်းအလံသည် မြန်မာ့လွတ်လပ်ရေးသမိုင်း တစ်လျှောက် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အမျိုးသားခေါင်းဆောင်ကြီးများနှင့်အတူ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ အလံနှင့်ထပ်ချပ်နီးပါး တူပါသည်။ ခွပ်ဒေါင်းသင်္ကေတကို မည်သူမဆို လွတ်လပ်စွာသုံးစွဲခွင့်ရှိသော်လည်း မူရင်းအလံတိုင်းကိုမူ မသုံးစွဲသင့်ပါ။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် အမျိုးသားနိုင်ငံရေးဖြတ်သန်းမှုများ၏ ပြယုဂ်ဖြစ်သော ထိုအလံ၊ ထိုအမှတ်တံဆိပ်များကို ပါတီနိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်ရပ်အား အသုံးပြုခွင့်ပေးလိုက်မည်ဆိုပါလျှင် နောက်အစဉ်အဆက် ကျွန်ုပ်တို့၏ သားသမီး၊ မြေးဖြစ်၊ နောင်လာနောက်သားများအတွက်သာမက မြန်မာ့သမိုင်းကိုလေ့လာသော နိုင်ငံတကာသမိုင်းပညာရှင်များ အလယ်တွင်ပါ သမိုင်းတန်ဖိုး ကျဆင်းထိခိုက်သွားပါလိမ့်မည်။ … အပြည့်အစုံသို့ >>>

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ၄င်းတို့၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအား ကန့်ကွက်ရှုတ်ချပါရန်၊ မြန်မာပြည်တွင် အမျိုးသား ပြန်လည်သင့်မြတ်မှုဖြစ်စဉ် လက်တွေ့ကျကျ ဖြစ်ထွန်းနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် စစ်အစိုးရအား ဖိအားပေး တိုက်တွန်းပါရန်၊ အရှေ့တောင်အာရှ မိတ်ဆွေနိုင်ငံများ၏ သဘောဆန္ဒများအား ဆက်လက်ဆန့်ကျင်နေပါက ၎င်းတို့၏ ရွေးကောက်ပွဲနှင့် ၎င်းရွေးကောက်ပွဲ ရလာဒ်အား အသိအမှတ် မပြုရန်နှင့် မြန်မာအစိုးရအား အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်မှ ဆိုင်းငံ့ထားခြင်းကဲ့သို့သော် ပြင်းထန်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပါရန် ကျွန်ုပ်တို့မှ လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။ … အပြည့်အစုံသို့ >>>

ကျွန်ပ်တို့က အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘင်ကီမွန်းအနေဖြင့် ဆယ်စုနှစ် ၅ စုနီးပါး ကမ္ဘာပေါ်တွင် အရက်စက် အကြမ်းတမ်းဆုံး အစိုးရအောက်တွင် နေထိုင် ခဲ့ကြရသော မြန်မာပြည်သူလူထုကြီး တရပ်လုံးဘက်မှ အခိုင်အမာ ရပ်တည်ပေးလိမ့်မည်ဟု မျှော်လင့်ပါသည်။ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘင်ကီမွန်းအား လုံခြုံရေး ကောင်စီအနေဖြင့် ထိရောက်သည့် စုပေါင်းဆောင်ရွက်မှု တခု အမြန်ဆုံး ပြုလုပ်လာစေရန် စည်းရုံးဆော်သြပေးပါရန် တိုက်တွန်းအပ်ပါသည်။ … အပြည့်အစုံသို့ >>>

နအဖ စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)၊ ယခုထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေများနှင့် ၂၀၁၀ ရွေးကောက်ပွဲဆိုသည်မှာ အတိုက်အခံအင်အားစုများကို ရှင်းထုတ်ပြီး သို့မဟုတ် သိက္ခာချ အသွင်ပြောင်းပစ်ပြီး စစ်အာဏာရှင်စနစ်ကို အနှောင့်အယှက်ကင်းကင်းနှင့် စိတ်ချလက်ချ ရေရှည်သွားနိုင်ရန် ရည်ရွယ်ရင်းပင်ဖြစ်ပါတယ်။ … အပြည့်အစုံသို့ >>>

ပေးသလောက် ရသလောက်ကိုပဲ ဒူးကလေးထောက်ကာ ခံယူ

Posted by မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု On March - 20 - 2010 မှတ်ချက်ပေးရန်

ကျော်သာ
မိုးမခ ။ ။ မတ် ၁၉၊ ၂၀၁၀

ခေါင်းစဉ်ပေးတာ ရင့်သီးလွန်းသွားတယ်လို့ထင်ရင် ခွင့်လွှတ်ကြစေချင်ပါတယ်။ ဒီလိုခေါင်းစဉ်ပေးမှလည်း သူတို့ပြောဆိုနေတာတွေနဲ့က ကွက်တိဖြစ်မှာမို့လို့ပါ။

သူတို့ဆိုတာ “၂၀၁၀ ရွေးကောက်ပွဲ”ကို အားတက်သရော ဆင်ကာဝင်ကာနွှဲမယ်လို့ အားခဲနေတဲ့ ပြည်တွင်းက လူတစုကို ရည်ညွှန်းလိုက်တာပါ။ ပြည်ပမှာလည်း အဲသလို ဝင်ကာဆင်ကာနွှဲချင်သူတွေရှိပါတယ်။ မပြောပလောက်ဘူးထင်လို့ ပြည်ပက သူတို့ကိုတော့ ထည့်မပြောတော့ပါဘူး။ သူတို့ခမျာလည်း “၁၀ နှစ်မျှ တဆက်တည်းနေထိုင်သူ ဖြစ်ရမယ်” ဆိုတဲ့ ပုဒ်မကြောင့် စိတ်အပျက်ကြီး ပျက်ကြရ တယ်ထင်ပါတယ်။
သူတို့အသံကို မကြားရတော့ဘူး။ ဒါတွေထားလိုက်တော့။
ပြည်တွင်းက သူတို့ကိုကြည့်ရအောင်။

အပြည့်အစုံသို့ »

၁။ ကုန်လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့မှာ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံဟာ နှစ်ပေါင်း ၂၀ ပြည့်ခဲ့ပါပြီ။ ၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးဟာ ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) နဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ဒီမိုကရေစီအင်အားစုများ နှစ်ပေါင်း (၄၀) ကျော် ဆင်နွှဲခဲ့တဲ့ လက်နက်ကိုင်တိုက်ပွဲ (A.S) တိုက်ပွဲရဲ့ အကျိုးဆက်နဲ့ အဆက်ဖြစ်ပါတယ်။ အပြည့်အစုံသို့ »

သို့

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ဥက္ကဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
နေပြည်တော်

ရက်စွဲ – ၂၀၀၉၊ နိုဝင်ဘာလ၊ ၂၈ ရက်။

အကြောင်းအရာ။            ။ မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေးနှင့်ပါတ်သက်သောကိစ္စ။

(၁) မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးသည့် အချိန်မှစ၍ မြန်မာနိုင်ငံပြည်သူတစ်ရပ်လုံး စည်းလုံး ညီညွတ် ရေးပြိုကွဲခဲ့ရာမှ အလွန်နာကျည်းမနှစ်မြို့ဖွယ်ရာပြည်တွင်းစစ်ဖြစ်ခဲ့ရာ ယနေ့မြန်မာနိုင်ငံ အခြေအနေကို ဓမ္မဒိဌာန်ကျကျ သုံးသပ်ကြည့်ရှုလျှင် အဖက်ဖက်မှယိုးယွင်းနိမ့်ကျလျက်၊ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံအဖြစ်မှ ရုန်းမထွက်နိုင်သေးသည်ကို ထင်ထင်ရှားရှားတွေ့နိုင်မည် ဖြစ်ပါသည်။

အပြည့်အစုံသို့ »

ဒီတပတ်မှာ ပြောချင်တာ

''၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့ရင်တောင်မှ အစိုးရအဖွဲ့အပေါ်မှာ ပြည်သူ့လွှတ်တော်က ထိန်းကျောင်းတည့်မတ်နိုင်တဲ့ အခြေအနေ မရှိဘူး ဒီဥပဒေအရ ဆိုရင် Parliamentary Government မဟုတ်ဘူး Presidential Government ပဲ။ စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေမှာ မတရားတဲ့ ကွဲပြားခြားနားမှုတွေ ရှိလာရင် ပြည်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို ထောက်ပြကြဖို့။ NLD ပါတီကိုမှ မဲပေးချင်သူတွေအတွက် NLD ပါတီဟာ ရွေးကောက်ပွဲ မဝင်တော့တာကြောင့် မဲပေးစရာ NLD ပါတီ မရှိဘူးဆိုရင် မဲမပေးပဲ နေနိုင်ကြောင်း။"

(ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်သတင်းစကား ကောက်နုတ်ချက်)

(25-8-2010) RFA နှင့် ဦးညဏ်ဝင်းအင်တာဗျူးမှ

အပေါ်သို့