အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် (၇) ခု မှ မြန်မာများဦးစီးကျင်းပသော
ဒေါ်အောင်ဆန်းစုကြည် (၆၅) နှစ်မြောက်မွေးနေ့တွင် ဦးဝင်းတင်နှင့် လူထုဦးစိန်ဝင်းတို့ပြောကြားသော အမှတ်တရစကား
ဦးဝင်းတင် ….
ဘာလဲဆိုတော့ ကျနော် မနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၄) နှစ်မြောက်မွေးနေ့နဲ့ ပတ်သက်ပြီးတော့ သွားသတိရတယ်ဗျာ။ အဲ့ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲကို ရောက်နေတယ်။ ကျနော်တို့တွေက အပြင်မှာပေါ့ဗျာ။ အဲ့ဒီတော့ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အခမ်းနားတွေ ကျင်းပတယ်။ ဌာနချုပ်မှာလည်း ကျင်းပပါတယ်။ နောက်ပြီးတော့ အခြားသော ဒီလှုပ်ရှားမှုတွေအများကြီး ဒီလူငယ်တွေက လှုပ်ရှားတာ၊ ထောင်ကျမိသားစုတွေကနေ လှုပ်ရှားတာ၊ ဆုတောင်းပွဲတွေလုပ်တာ စသည်ဖြင့် အများကြီးလုပ်ခဲ့ပါတယ်။ အပြည့်အစုံသို့ »















