Tuesday, September 7, 2010

ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသော ဒီမိုကရက်ဟုဆိုသည့် နိုင်ငံရေးပါတီများအနေဖြင့် တိုင်းပြည် အနာဂတ်အတွက် အနုတ်လက္ခဏာ အဖြေထွက်နေမှန်းသိလျက်နှင့် မျက်စိစုံမှိတ်ကာ နအဖ၏ တရားမ၀င် ထာဝရအာဏာသိမ်း ဘိသိက်ခံမည့်ပွဲတွင်ပါဝင်၍ သမိုင်းတရားခံအဖြစ် အားပေးကူညီခြင်းမျိုးမလုပ်သင့်ဘဲ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်သူလူထုကြီးဘက်မှ ပြတ်ပြတ်သားသား ပြောင်းလဲရပ်တည်ရန် အချိန်မနှောင်းသေးပါ။

ထို့ကြောင့် ရှစ်လေးလုံးစိတ်ဓါတ်ဖြင့် မတရားရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကာ နအဖ၏ တရားမဲ့ လုပ်ရပ်များအား တရားဝင်မှု လုံးဝမပေးဘဲ ဒီမိုကရေစီတန်ဘိုးများကို မိမိတို့ကိုယ်တိုင် ခိုင်ခိုင်မြဲမြဲ ကိုင်စွဲထိန်းသိမ်း မြှင့်တင်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။  PDF file … အပြည့်အစုံသို့ >>>

မိမိတို့နိုင်ငံတွင် ထာဝရ စစ်အုပ်ချုပ်ရေးကို တရားဝင်လိုင်စင် ရမသွားစေရေးအတွက် တိုင်းရင်းသား ပြည်သူတရပ်လုံး အနေဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီများနှင့် လက်တွဲ၍ ၂၀၀၈ စစ်ဖွဲ့စည်းပုံကို အသက်သွင်းမည့် ၂၀၁၀ မတရား ရွေးကောက်ပွဲအား ပြတ်ပြတ်သားသား သပိတ်မှောက် ဆန္ဒပြကြသည့်နည်းဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကို အမျိုးသားရေး တာဝန်တရပ်အဖြစ် ညီညီညွတ်ညွတ် ပြသရန် အချိန်ရောက်ပြီဖြစ်သည်။ … အပြည့်အစုံသို့ >>>

သတင်းထုတ်ပြန်ချက်
၂ဝ၁ဝ ခုနှစ် မေလ ၁၂ ရက်

မြန်မာ့အရေး တိုက်ပွဲဝင်နေသည့် မဟာမိတ် ၁ဝ ဖွဲ့မှ မေလ ၂၇ ရက်နေ့တွင်
“ပြည်သူ့ရွေးကောက်ပွဲ” ကျင်းပရန် ပန်ကြားချက်

မြန်မာနိုင်ငံ ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားအခွင့်အရေးတို့အတွက် လှုပ်ရှားလုပ်ဆောင်နေသည့် မဟာမိတ် အဖွဲ့အစည်း ၁ဝ ဖွဲ့မှ ပြည်ပရောက် မြန်မာပြည်သူများ၊ မြန်မာ့အရေးလုပ်ဆောင်နေသည့် အဖွဲ့အစည်းများနှင့် မြန်မာ့အရေးကို စိတ်ဝင်စား လုပ်ဆောင်သည့် ကမ္ဘာအနှံ့ရှိ အဖွဲ့အစည်းများ အား မြန်မာပြည်သူများ၏ စစ်မှန်သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိုသာ လိုလားသည့် ဆန္ဒအမှန်ကို ဖော်ထုတ်ပြသသည့် အနေဖြင့် “ပြည်သူ့ ရွေးကောက်ပွဲ” များအား မေလ ၂၇ ရက်နေ့တွင် ကျင်းပပေးရန် တောင်းဆိုတိုက်တွန်းလိုက်ပါသည်။

မေလ ၂၇ ရက်နေ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၉၉ဝ ရွေးကောက်ပွဲများတွင် အမတ်နေရာ ၈၂ ရာခိုင်နှုန်းကျော် အပြတ်အသတ် အနိုင်ရရှိ ခဲ့သည့် အနှစ် ၂ဝ ပြည့်မြောက်သည့် နေ့ဖြစ်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ၁၉၉ဝ ရွေးကောက်ပွဲများတွင် အနိုင်ရရှိခဲ့သည့် နိုင်ငံရေးပါတီများသည် စစ်အစိုးရ၏ တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲ ဥပဒေများနှင့် ဒီမိုကရေစီ နည်းလမ်းမကျသည့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများကြောင့် ယခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။ တရားဝင် နိုင်ငံရေးပါတီ များအဖြစ် ဆက်လက်ရပ်တည်ခွင့် မရရှိစေရန် စစ်အစိုးရမှ နည်းမျိုးစုံသုံးကာ ပိတ်ပင်တားမြစ်သဖြင့် ပါတီဖျက်သိမ်းရသည့်အဖြစ်ကို ရင်ဆိုင်နေရ သော်လည်း ထိုနိုင်ငံရေးပါတီများသည် ဒီမိုကရေစီရေးအတွက် ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ဆက်လက်လုပ်ဆောင်သွားရန် သံဓိဌာန်ချထားပြီး ဖြစ်ပါသည်။

“မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အခြားသော နိုင်ငံရေးပါတီများရဲ့ နှစ်ပေါင်း ၂ဝ ကျော်ကြာ ကြိုးပမ်းအားထုတ်မှုတွေကို ကျနော်တို့ မဟာမိတ်အဖွဲ့ ၁ဝ ဖွဲ့အနေနဲ့ အသိအမှတ်ပြုတဲ့အပြင် ဆက်လက်ပြီး ထောက်ခံသွားမှာဖြစ်ပါတယ်။ ဒီကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ဟာ ကျနော်တို့ဆက်လုပ်နေတဲ့ “မြန်မာနိုင်ငံ၏ ၂ဝ၁ဝ စစ်တပ်ရွေးချယ်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု” ရဲ့ တစိတ်တပိုင်း ဖြစ်ပြီးတော့ ဒီနှစ်ထဲမှာပြုလုပ်မယ့် ရွေးကောက်ပွဲတွေကို ဆန့်ကျင်ကြောင်း စုစည်းညီညွတ်တဲ့ ရပ်တည်ချက်ကို ပြသတဲ့ပွဲလည်းဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်အစိုးရရဲ့ အတုအယောင် ရွေးကောက်ပွဲတွေကို ဆန့်ကျင်ခြင်းအားဖြင့် မြန်မာပြည်သူလူထု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒေါ်အောင်ဆန်းစု ကြည်နဲ့ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ တသားတည်း ပူးပေါင်းလာမှာ ဖြစ်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူးလည်းဖြစ် မဟာမိတ် ၁ဝ ဖွဲ့၏ နိုင်ငံခြားရေးရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တာဝန်ခံ တစ်ဦးလည်းဖြစ်သူ ကိုမိုးဇော်ဦးမှ ရှင်းပြပါသည်။

မဟာမိတ် ၁ဝ ဖွဲ့မှ အဖွဲ့အစည်းများအား လူထုစုဝေးရာနေရာများတွင် လူအများမှ မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီရွေးကောက်ပွဲ ရရှိရေးအတွက် မဲပေးပွဲများဖြင့် ဆန္ဒဖော်ထုတ်ကြရန် တိုက်တွန်းနှိုးဆော်ထားပါသည်။ ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားမှုမှ ချမှတ်ထားသည့် အောက်ပါ အနိမ့်ဆုံး စံချိန်စံညွှန်းများအတိုင်း စစ်အစိုးရမှ အပြောင်းအလဲမပြုလုပ်လျှင် အရှေ့တောင်အာရှနိုင်ငံများအသင်းနှင့် နိုင်ငံတကာ အစိုးရများမှ ၂ဝ၁ဝ ရွေးကောက်ပွဲအား ရှုံ့ချကန့်ကွက်ရန်နှင့် ရွေးကောက်ပွဲရလာဒ်အား လက်မခံရန် တိုက်တွန်းထားပါသည်။

၁။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လွှတ်ရေး

၂။ တိုင်းရင်းသားများနှင့် ဒီမိုကရေစီရေးလှုပ်ရှားနေသည့် အဖွဲ့အစည်းများအပေါ် အကြမ်းဖက် တိုက်ခိုက်ခြင်းများ ရပ်တန့်ရန်

၃။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြန်လည်သုံးသပ်ရေးအပါအဝင် တိုင်းရင်းသားလူမျိုးစုများနှင့် ဒီမိုကရေစီရေး အပြည့်အစုံသို့ »

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂ဝ၁ဝ ရွေးကောက်ပွဲကို မဝင်ရန်ဆုံးဖြတ်လိုက်ခြင်းအပေါ် သဘောထား ထုတ်ပြန်ချက်

နေ့စွဲ ။ ။ ၂ဝ၁ဝ ခုနှစ် မတ်လ (၃၁) ရက်။

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နအဖ၏ ၂ဝ၁ဝ ရွေးကောက်ပွဲမှတ်ပုံတင်ရေး ဥပဒေများကို အတိအလင်း ဆန့်ကျင်လိုက်ပြီး နအဖ ကျင်းပမည့်ရွေးကောက်ပွဲကို လုံးဝဝင်တော့မည်မဟုတ်ကြောင်း ခိုင်မာသည့် ပါတီဆုံးဖြတ်ချက်တရပ်ကို ဗဟိုကော်မတီဝင်ထုတရပ်လုံး၏ ဆန္ဒသဘောထားနှင့်အညီ ဆုံးဖြတ်ချမှတ်လိုက်ခြင်းအပေါ် မိမိတို့ တိုင်းရင်းသားပေါင်းစုံ ဒီမိုကရေစီအင်အားစုများမှ အလေးအနက် ထောက်ခံကြိုဆိုလိုက်ပါသည်။

၂။ နအဖ ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဆိုင်ရာဥပဒေသည် နိုင်ငံရေးပါတီတခု၏ အခြေခံအခွင့်အရေးများကို ချိုးဖေါက်ထားသည်ကို သုံးသပ်တွေ့ရှိရသည့်အပြင်၊ သက်ဆိုင်ရာပါတီ၏ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များကို ရွေးကောက်ပွဲမဝင်နိုင်ရန် ကန့်သတ်ပိတ်ပင်ထားသည့် ဥပဒေများဖြစ်၍ အဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ရှစ်လေးလုံး လူထု တော်လှန်ရေးကြီးမှ ပေါက်ဖွားလာသည့် နိုင်ငံရေးပါတီတရပ်ဖြစ်သည့်အားလျှော်စွာ (၈) လေးလုံးလူထု လှုပ်ရှားမှုကြီး၏ သမိုင်းပေးတာဝန်ကို ကျွေပွန်စွာ ထမ်းဆောင်လိုက်ခြင်းလည်း ဖြစ်သည်။

၃။ ယနေ့ ဖြစ်ပေါ်နေသည့် နိုင်ငံရေးဖြစ်စဉ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်သည် သမိုင်းဝင် နိုင်ငံရေး ဆုံးဖြတ်ချက်တရပ်အဖြစ် မှတ်တမ်းတင်ရမည် ဖြစ်ပေသည်။ ဤကာလသည် နအဖစစ်အုပ်စုက အပစ်ရပ် တိုင်းရင်းသား အဖွဲ့အစည်းများအား နည်းမျိုးစုံဖိအားပေးပြီး တပြိုင်တည်း အကြပ်ကိုင်တွန်းအားပေးမများ ပြုလုပ်နေသည့် ကာလဖြစ်သည့် အတွက် တိုင်းရင်းသားအင်အားစုများ အနေဖြင့် အကြပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် အချိန်ကာလလည်း ဖြစ်ပါသည်။ ယင်းအကြပ်အတည်းများကို အဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်က ခွန်အားသစ်များ မွေးဖွားပေးလိုက်သည်ဟု မိမိတို့ အနေဖြင့် အလေးအနက် သုံးသပ်တွေ့ရှိရသည်။

၎။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပါတီတရပ်အနေဖြင့် သူ့ပါတီ၊ သူ့အဖွဲ့အစည်းအကျိုးကို မငဲ့ကွက်ဘဲ သူတည်ရှိနေသည့် တိုင်းပြည်နှင့် ပြည်သူတရပ်လုံးအကျိုးအတွက် တည့်တည့်ကြည့်၍ ယခုကဲ့သို့ မှန်ကန်သည့် ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းသည် မိမိတို့ တိုင်းရင်းသားပေါင်းစုံ ပြည်သူတရပ်လုံး၏ နိုင်ငံရေးရည်မှန်းချက်များနှင့် တထပ်တည်းတသားတည်းကျလျှက်ရှိပါသည်။

၅။ သို့ဖြစ်ပါ၍ မိမိတို့ အင်အားစုများအနေဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အပြည့်အဝ ဝန်းရံပြီး စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုသစ် ပေါ်ထွန်းလာသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မိမိတို့ အင်အားစုများ အားလုံး၏ သဘောထားကို ထုတ်ပြန်လိုက်ပါသည်။

အပြည့်အစုံသို့ »

ရက်စွဲ ။ ။ ၂ဝ၁ဝ ခုနှစ် မတ်လ (၂၃) ရက်။

၁။ ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုတို့၏ (၁၅) ကြိမ်မြောက် မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးပွဲအား ၂ဝ၁ဝခုနှစ် မတ်လ (၂၁၊၂၂) ရက်နေ့များတွင် ထိုင်း-မြန်မာ နယ်စပ်တစ်နေရာ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ ၄င်းဆွေးနွေးပွဲကြီးတွင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လတ်တလော နိုင်ငံရေးအခြေအနေ အရပ်ရပ်အပေါ် အကြေ အလည် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အင်အားစုအသီးသီး၏ တူညီသော ဘုံသဘောထား ရပ်တည်ချက်များကို ချမှတ်နိုင်ခဲ့ကြပါသည်။

အထူးသဖြင့် ၂ဝ၁ဝ ခုနှစ် မတ်လ ၈ ရက်နေ့တွင် နအဖစစ်အုပ်စုမှ စတင်ထုတ်ပြန်ကြေညာခဲ့ သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ(၅)ရပ်နှင့် နည်းဥပဒေများအား မိမိတို့အင်အားစု အသီးသီးမှ လုံးဝလက်မခံကြောင်းနှင့် ပြည်သူတရပ်လုံးကို ဖိနှိပ်မည့် မတရားသည့် ဥပဒေများသာဖြစ်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုခဲ့ပါသည်။

၂။ ၂ဝဝ၈ ခုနှစ် နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေအား အနှစ်သာရအရလည်းကောင်း၊ ရေးဆွဲခဲ့သည့် ဖြစ်စဉ်အားလည်းကောင်း မိမိတို့အင်အားစုအသီးသီးအနေဖြင့် လုံးဝလက်မခံနိုင် ကြောင်း အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် တိုင်းပြည်၏ ပြဿနာအရပ်ရပ်အား အေးချမ်းစွာအဖြေရှာနိုင်ရေးအတွက် ၄င်းနာဂစ်ဖွဲ့စည်းပုံအား ပြန်လည်ပြုပြင်ရေးဆွဲရန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဆိုပြုထားသော ရွှေဂုံတိုင်ကြေညာစာတမ်းကို အပြည့်အဝ ထောက်ခံကြောင်းကိုလည်း ပြည်တွင်း ပြည်ပရှိ အင်အားစုအသီးသီးနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ အကြိမ်ကြိမ် တင်ပြခဲ့ပြီးဖြစ်သည်။

၃။ ယခု နအဖစစ်အုပ်စုမှ ထုတ်ပြန်ကြေညာခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် -
(က) ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်နှင့် ရွှေဂုံတိုင်ကြေညာစာတမ်းအပါအဝင် အနိုင်ရ နိုင်ငံရေးပါတီများနှင့် ဒီမိုကရေစီရေးအင်အားစုများမှ ချမှတ်ကိုင်စွဲထားသော နိုင်ငံရေး သဘောထားနှင့် ရပ်တည်ချက်အားလုံးကို စွန့်လွှတ်ရန် တောင်းဆိုခြင်းဖြစ်သည်။

(ခ) ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးအပါအဝင် ဒီမိုကရေစီရေးတိုက်ပွဲဝင်ရင်း အကျဉ်းကျနေသူအားလုံးအား မိမိတို့နိုင်ငံရေးပါတီများမှ ထုတ်ပယ်ပစ်ရန် တောင်းဆိုခြင်း ဖြစ်သည်။

(ဂ) နအဖ စစ်အုပ်စု၏ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ကို လေးစားလိုက်နာပါမည်၊ ထိန်းသိမ်းစောင့်ရှောက်ပါမည်ဟု ဝန်ခံ လက်မှတ်ထိုးခိုင်းခြင်း ဖြစ်သည်။ ထို့ကြောင့် ၄င်းရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအား လုံးဝလက်မခံကြောင်း၊ ပြင်းထန်စွာ ရတ်ချကြောင်း မိမိတို့၏ သဘောထားအားဖော်ပြလိုပါသည်။ ထို့အပြင် ပြည်တွင်းရှိ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရရှိထားသော နိုင်ငံရေးပါတီများအနေဖြင့်လည်း ၄င်းရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများအရလည်းကောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေများ အရလည်းကောင်း ရွေးကောက်ပွဲကော်မရှင်တွင် ပြန်လည်မှတ်ပုံတင်ရန် လုံးဝမသင့် လျော်ကြောင်း မိမိတို့အင်အားစုများ မှ အလေးအနက်ခံယူပါသည်။

၎။ တပြိုင်နက်တည်းတွင် နအဖစစ်အုပ်စု၏ အမျိုးသားတော်လှန်ရေးအင်အားစုအသီးသီးအား ဖျက်သိမ်းရေးစီမံချက်ဖြစ်သည့် “အပစ်ခတ်ရပ်စဲရေးအဖွဲ့အစည်းများအား နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးစီမံချက်”အား မိမိတို့ အင်အားစုအသီးသီးမှ ဆန့်ကျင်ကန့်ကွက်ကြောင်း ဖော်ပြလိုပါသည်။

နအဖစစ်အုပ်စု၏ နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းရေးတောင်းဆိုမှု အပေါ်ထားရှိသည့် ညီနောင်အပစ်ရပ်အဖွဲ့များ၏ ရပ်တည်ချက်များသည် ယနေ့ကာလ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် လွန်စွာ အခရာကျပေသည်၊၊

အပြည့်အစုံသို့ »

၂၀၁၀ ရွေးကောက်ပွဲ နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ကြ

Posted by မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု On March - 10 - 2010 မှတ်ချက်ပေးရန်

မိမိတို့ အစဉ်တစိုက်တောင်းဆိုခဲ့ကြသည့်အတိုင်း “ရွှေဂုံတိုင်ကြေညာစာတမ်း” ပါအချက်များကို လုံးဝ ပစ်ပယ်လိုက်ပြီး စစ်အာဏာရှင်စနစ် တရားဝင် ရေရှည်တည်တံ့ရေး သက်သက်အတွက်သာ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့မှ ပြည်သူလူထုအကျိုးကို ရည်မျှော်၍ ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။ … အပြည့်အစုံသို့ >>>

အလုပ်သမား ဆန္ဒပြပွဲများအား ပြည်သူတရပ်လုံး ၀ိုင်းဝန်းကြ

Posted by မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု On February - 19 - 2010 မှတ်ချက်ပေးရန်

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး
၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

စာအမှတ်။    ။ ၁/၂၀၁၀ (မဃတ+၈၈+ဗကသ)
ရက်စွဲ ။    ။ ၁၈ – ၂ – ၂၀၁၀

အလုပ်သမား ဆန္ဒပြပွဲများအား ပြည်သူတရပ်လုံး ၀ိုင်းဝန်းကြ

(၁) ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော လှိုင်သာယာ စက်မှုဇုံနှင့် အင်းစိန်အထည်ချုပ် စက်ရုံများမှ အလုပ်သမားများ၏ လုပ်ခ၊ အလုပ်ချိန် နှင့် လူမှုဖူလုံရေးကိစ္စများအတွက် တောင်းဆိုဆန္ဒပြပွဲများသည် မြန်မာနိုင်ငံ၏ မျက်မှောက်အခြေအနေကို လက်တွေ့ ပကတိ ထင်ဟပ်ဖေါ်ပြနေခြင်း ဖြစ်သည်။ လှိုင်သာယာနှင့် အင်းစိန်ဆန္ဒပြပွဲများသည် ထိုအလုပ်သမားများ၏ ပြဿနာသက်သက်မျှမဟုတ်ဘဲ မြန်မာပြည်သူတရပ်လုံး ခံစားနေကြရသော မီးဖိုချောင်ပြဿနာပင်ဖြစ်သည်။ ယနေ့အခြေအနေသည် ထိုဆန္ဒပြအလုပ်သမားမိသားစုများသာမက စစ်အုပ်စု ထိပ်သီးအသိုင်းအ၀ိုင်းမှလွဲ၍ မြန်မာတနိုင်ငံလုံးရှိ ပြည်သူတရပ်လုံး၊ လူထု လူတန်းစားအားလုံး လူတန်းစေ့မနေနိုင်သည့် စားဝတ်နေရေး အကျပ်အတည်း ပြဿနာကို ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေဖြစ်သည်။

အပြည့်အစုံသို့ »

ရွှေဂုံတိုင်ကြေညာစာတမ်းအား ကျိုးကြောင်းဆီလျှော် လက်တွေ့ကျသော၊ နိုင်ငံရေး ဂုဏ်သိက္ခာရှိသော လူထုရှေ့ဆောင် လမ်းစဉ်အဖြစ် အလေးအနက် ခံယူသဘောထားကာ ထို ရွှေဂုံတိုင် ကြေညာစာတမ်း သက်ဝင်လှုပ်ရှားနိုင်ရေးအတွက် ဒီမိုကရေစီအင်အားစုများ အားလုံးနှင့်အတူ လက်တွဲ၍ ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်သည်။ ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လည်း ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူလူထု တရပ်လုံးက ဒီမိုကရေစီရေး ဦးဆောင်ပါတီအဖြစ် ရွေးချယ်တင်မြှောက်လိုက်သည့် မဲဆန္ဒရှင်ပြည်သူများ၏ မျှော်လင့်ချက်နှင့် ယုံကြည်ကိုးစားမှုများအပေါ် မျက်ကွယ်မပြုဘဲ ရွှေဂုံတိုင်ကြေညာစာတမ်းအား အခိုင်အမာ ကိုင်စွဲပြီး ပြည်သူနှင့်အတူ လက်တွဲ၊ ပြည်သူ့ရှေ့မှ မားမားမတ်မတ် ရပ်တည်လှုပ်ရှားသွားစေလိုကြောင်း တိုက်တွန်းပန်ကြား … အပြည့်အစုံသို့ >>>

ဒီတပတ်မှာ ပြောချင်တာ

''၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့ရင်တောင်မှ အစိုးရအဖွဲ့အပေါ်မှာ ပြည်သူ့လွှတ်တော်က ထိန်းကျောင်းတည့်မတ်နိုင်တဲ့ အခြေအနေ မရှိဘူး ဒီဥပဒေအရ ဆိုရင် Parliamentary Government မဟုတ်ဘူး Presidential Government ပဲ။ စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေမှာ မတရားတဲ့ ကွဲပြားခြားနားမှုတွေ ရှိလာရင် ပြည်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို ထောက်ပြကြဖို့။ NLD ပါတီကိုမှ မဲပေးချင်သူတွေအတွက် NLD ပါတီဟာ ရွေးကောက်ပွဲ မဝင်တော့တာကြောင့် မဲပေးစရာ NLD ပါတီ မရှိဘူးဆိုရင် မဲမပေးပဲ နေနိုင်ကြောင်း။"

(ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်သတင်းစကား ကောက်နုတ်ချက်)

(25-8-2010) RFA နှင့် ဦးညဏ်ဝင်းအင်တာဗျူးမှ

အပေါ်သို့