၂၀၁၀-၆-၁၀ [RFA]
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ရောက်ရှိနေတဲ့ အမေရိကန်ပြည်ထောင်စု လူဦးရေထိန်းညှိရေး၊ ဒုက္ခသည်အရေးနဲ့ ရွှေ့ပြောင်းအလုပ်သမား အရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဲရစ်ရှက်ဝမ်ဇ်နဲ့အဖွဲ့ဟာ ဇွန်လ ၁၂ ရက်နေ့က နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (အက်ဖ်ဒီဘီ)က ခေါင်းဆောင်တွေနဲ့ အေအေပီပီရုံးမှာ တနာရီနီးပါးကြာ တွေ့ဆုံခဲ့ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီ ရောက်ရှိလာသော မစ္စတာရှက်ဝပ်ဇ်နဲ့ တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေနဲ့ ပြည်ပကို ရောက်ရှိလာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ အခြေအနေတွေကို တင်ပြဆွေးနွေးခဲ့ကြောင်း အေအေပီပီ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။ အပြည့်အစုံသို့ »


ယနေ့ညနေတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) ၏ “Debaters of Our Society” (DOS) မှ စီစဉ်ကျင်းပသည့်စကားရည်လုပွဲ နောက်ဆုံးပွဲစဉ်ကို Assistance Program of Education for Burmese Children (APEBC) အဆောင်ဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။













