စစ်အုပ်စုဟာ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ သပိတ်ဝင်၊ အိတ်ဝင်အကုန်ရဖို့အတွက် ဘယ်သူ့အသံ၊ ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ လက်ရဲဇက်ရဲ လုပ်ချင်တိုင်း လုပ်နေတော့ပါတယ်၊၊ စစ်အုပ်စုအဆက်ဆက် အာဏာရှင်ကျဆုံးခန်း သင်ခန်းစာတွေ တပွေ့တပိုက်နဲ့ ဒို့ခေတ်ကျမှ ညံ့ရမှာလား ခံယူချက်အပြည့်နဲ့ ကမ္ဘာထိအောင် မော်ကွန်းတင်ဖို့ ဇာတ်လမ်းဇာတ်ကွက်အပြည့် ပိန္နက်ချပြီး အကွက်စေ့စေ့နဲ့ ခြယ်မှုန်းနေပါတယ်။ အခုတလော ၂ဝ၁ဝ ရွေးကောက်ပွဲဝင်နွှဲမယ့် ပါတီတွေ မျက်က လူးဆန်ပြာဖြစ်နေသလောက် စစ်အုပ်စုကတော့ ခြေလှမ်းသွက်သွက်နဲ့ သူ့ဇာတ်ကောင်တွေကို အနေအထားကြိုချ၊ အဟန့်အတားတွေ အကုန်ရှင်းပြီး ၂ဝ၁ဝ အလွန်ထိ ရွာလွန်ရွက်တိုက်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်နေရာက ထတောက်မှန်းမသိတဲ့မီးခဲတွေ၊ မီးလောင်ပြင်တွေကတော့ နေရာအနှံ့ပါပဲ။ အပြည့်အစုံသို့ »
စစ်အာဏာရှင် ဆက်ထုံးကို ဖြတ်ပစ်ရမည် . . . (e-bulletin – 8 / 2010)
ကချင်အထူးဒေသ (၂) ကေအိုင်အိုမှ ထုတ်ပြန်ကြေညာချက်

ထုတ်ပြန်ကြေညာချက်
၁။ ကေအိုင်အို၏ခံယူချက်နှင့် ပန်းတိုင်သည်နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထု၌ အချုပ်အခြာအာဏာတည်၍ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်ဖြင့် တည်ရှိနိုင်ရန် ရည်ရွယ်သည်။
၂။ ကေအိုင်အိုသည် ငြိမ်းချမ်းမှုရရှိရန်ရည်မျှော်၍ နိုင်ငံတော်အစိုးရအဆက်ဆက်နှင့် အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ၂ဝဝ၉ ခုနှစ်၊ ဧပြီလ (၂၈)ရက်မှစတင်ခဲ့သော ညှိနှိုင်းဆွေးနွေးမှုများကိုလည်း ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။ အပြည့်အစုံသို့ »
ဂုဏ်ယူပါတယ် အဲန်အယ်လ်ဒီ . . . (အယ်ဒီတာ့အာဘော်)
သြဂုတ်လ (၁၉) ရက်နေ့က အဲန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် (၇)ဦးနှင့် ဗဟိုဦးစီးအဖွဲ့ဝင် (၈) ဦးတို့ တွေ့ဆုံဆွေးနွေးအပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။
၁၉၉၀ ပြည့် ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် အားလုံး၏ (၈၂) ရာခိုင်နှုန်းကျော်အနိုင်ရခဲ့သော်လည်း အာဏာကို လွှဲပြောင်းရယူနိုင်ခြင်း မရှိခဲ့သည့် အန်အယ်လ်ဒီသည် ပြီးခဲ့သည့် မတ်လ (၂၉)ရက်နေ့က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မည်မဟုတ်ဟု ဆုံးဖြတ်လျက် နအဖ စစ်အာဏာရှင်စနစ်ကို အသက်သွင်းမည့် ၂၀၀၈ အခြေခံဥပဒေကို ဗြောင်ဆန့်ကျင်အံတုလျက်ရှိသည်ကို ၀မ်းမြောက်ဖွယ်ရာ တွေ့မြင်ရသည်။ အပြည့်အစုံသို့ »
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး (၂၂)နှစ်မြောက် အထိမ်းအမှတ် သဘောထားထုတ်ပြန်ချက်
နအဖ စစ်အုပ်စု၏ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တိုက်ဖျက်ရေးနှင့် (၂၀၁၀) ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ရေး လုပ်ငန်းစဉ်များအား ယနေ့ကာလ၏ အဓိက တိုက်ပွဲလုပ်ငန်းစဉ်များအဖြစ် ချမှတ်ပြီး ရဲဝံ့ပြတ်သားစွာ ဆက်လက်တိုက်ပွဲဝင်သွားကြ ရမည်ဖြစ်ကြောင်း ပြည်တွင်းပြည်ပ အင်အားစုအားလုံးနှင့် မြန်မာပြည်သူတရပ်လုံးအား အလေးအနက် ပြန်ကြားတိုက်တွန်းအပ်ပါသည်။ … အပြည့်အစုံသို့ >>>
၂၀၁၀ မတရားရွေးကောက်ပွဲကို ရှစ်လေးလုံး စိတ်ဓါတ်ဖြင့် ဆန့်ကျင် သပိတ်မှောက်ကြ
ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသော ဒီမိုကရက်ဟုဆိုသည့် နိုင်ငံရေးပါတီများအနေဖြင့် တိုင်းပြည် အနာဂတ်အတွက် အနုတ်လက္ခဏာ အဖြေထွက်နေမှန်းသိလျက်နှင့် မျက်စိစုံမှိတ်ကာ နအဖ၏ တရားမ၀င် ထာဝရအာဏာသိမ်း ဘိသိက်ခံမည့်ပွဲတွင်ပါဝင်၍ သမိုင်းတရားခံအဖြစ် အားပေးကူညီခြင်းမျိုးမလုပ်သင့်ဘဲ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်သူလူထုကြီးဘက်မှ ပြတ်ပြတ်သားသား ပြောင်းလဲရပ်တည်ရန် အချိန်မနှောင်းသေးပါ။
ထို့ကြောင့် ရှစ်လေးလုံးစိတ်ဓါတ်ဖြင့် မတရားရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကာ နအဖ၏ တရားမဲ့ လုပ်ရပ်များအား တရားဝင်မှု လုံးဝမပေးဘဲ ဒီမိုကရေစီတန်ဘိုးများကို မိမိတို့ကိုယ်တိုင် ခိုင်ခိုင်မြဲမြဲ ကိုင်စွဲထိန်းသိမ်း မြှင့်တင်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ PDF file … အပြည့်အစုံသို့ >>>
၁၉၈၈ ဒီမိုကရေစီ လူထုအရေးတော်ပုံကြီး (၂၂)မြောက် အထိမ်းအမှတ်ပန်ကြားချက်
ကျွန်တော်တို့အနေဖြင့် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၀ ပြည့်နှစ်လွန်ကာလ၏ ဟိုမှာဘက်အပိုင်းတွင်လည်း ၁၉၈၈ ဒီမိုကရေစီ လူထုအရေးတော်ပုံကြီး၏ အောင်ပွဲခံစိတ်ဓါတ်နှင့် လူထုစွမ်းပကားကို စည်းရုံးဖေါ်ထုတ်ပြီး စစ်အာဏာရှင်စနစ်ကို ရင်ဆိုင်ကြရပေလိမ့်မည်။
စစ်အာဏာရှင်စနစ်၊ ယင်းစနစ်ကို ချုပ်ကိုင်မောင်းနှင်နေသည့် စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၏ တည်ရာမှီရာဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့် ယင်းစနစ်ကို စတင်အသက်သွင်းမည် ၂၀၁၀ ရွေးကောက်ပွဲတို့ကို ၁၉၈၈ ဒီမိုကရေစီလူထုအရေးတော်ပုံကြီး၏ အောင်ပွဲခံစိတ်ဓါတ်ဖြင့် ပြည်သူများကို စည်းရုံးလှုံ့ဆော်ကာ အကုန်အစင် ဖြိုချဖျက်သိမ်းပစ်ရမည်။ … အပြည့်အစုံသို့ >>>
သမိုင်းသံသရာထဲက ရုန်းထွက်ကြစို့ (e-bulletin – 7/2010)
ဒီမိုကရေစီနဲ့ အမျိုးသားတန်းတူရေးပြဿနာကို မဖြေရှင်းနိုင်လို့ ပြည်တွင်းစစ်ဖြစ်ခဲ့ရတာ (၄၈) ကနေ အခုထိဆိုရင် နှစ်ပေါင်း (၆ဝ) ကျော်လာပါပြီ။ ဒီ နှစ်(၆ဝ)ကျော်ဖြတ်သန်းမှုမှာ ဖဆပလ၊ အိမ်စောင့်အစိုးရ၊ တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ၊ နအဖ စစ်အုပ်စု အဆက်ဆက်ဟာ တိုင်းပြည်နဲ့ လူမျိုးပေါင်းစုံပြည်သူတွေကို လက်နက်နဲ့ အကြမ်းဖက် ဖိနှိပ်ပြီး အာဏာကို အခုထိ ဆုတ်ကိုင်ထားဆဲဖြစ် ပါတယ်။ ဒါကို ဆန့်ကျင်တော်လှန်ကြတဲ့ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းတွေ၊ လူမျိုးပေါင်းစုံ တော်လှန်ရေးအင်အားစုတွေဟာ စစ်အုပ်စု အဆက်ဆက်နဲ့ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ရတဲ့ မိမိတို့တော်လှန်ရေးသမိုင်းဖြတ်သန်းမှုတွေကို သင်ခန်းစာထုတ်ပြီး ပစ္စုပ္ပန်အတွက် နည်းနာသစ်တွေ၊ အလုပ်လမ်းညွန်တွေ ချမှတ်ရမှဖြစ်သလို၊ အနာဂတ်အတွက် မျော်မှန်းချက်ပန်းတိုင်တွေလည်း သတ်မှတ်ကြရမှာဖြစ်ပါတယ်။ အပြည့်အစုံသို့ »
၂၀၁၀ ဘာလဲ . . . ဘယ်လဲ (မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစုမှ ထုတ်ဝေသည်။)
ဘယ်အကြောင်းအရာကိုမဆို၊ ဘယ်ပြဿနာကိုမဆို ကြည့်မြင်ကြတဲ့အခါ အမျိုးမျိုးသော မတူကွဲပြားတဲ့ အမြင်တွေ ရှိတတ်ကြတာ သဘာဝပါ။ ဒါကို ကျနော်တို့ သဘောတူပါတယ်။
အဲဒီအကြောင်းအရာကို၊ အဲဒီပြဿနာကို ကြည့်တဲ့သူတွေက ဘယ်အထိုင်က ကြည့်တာလဲ၊ ဘယ်အကျိုးစီးပွားဘက်က ကြည့်တာလဲ၊ ဘယ်ဘက်ကရပ်ပြီး ကြည့်တာလဲဆိုတဲ့ အချက်တွေက အဓိကကျပါတယ်။ အထိုင်မတူရင် ကြည့်မြင်ပုံချင်း၊ အဖြေရှာပုံချင်း ဘယ်လိုမှ တူနိုင်တော့မယ်မဟုတ်ပါ။
အခု အကြောင်းအရာက “၂ဝ၁ဝ ဘာလဲ ဘယ်လဲ” ဆိုတဲ့ အကြောင်းအရာ။ မြန်မာပြည်ရဲ့ သမိုင်းကို တစုံတရာ ချိုးကွေ့သွားစေနိုင်လောက်သော
အကြောင်းအရာ။
ဒီလိုလေးနက်တဲ့၊ အရေးကြီးတဲ့ အကြောင်းအရာကို ကျနော်တို့ ဘယ်အထိုင်က ကြည့်မြင်ကြမလဲ၊ ဘယ်အကျိုးစီးပွားအတွက် ဘယ်ဘက်ကရပ်ပြီး ကြည့်မြင်ကြမလဲ။ အပြည့်အစုံသို့ »


















