စစ်အုပ်စုဟာ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ သပိတ်ဝင်၊ အိတ်ဝင်အကုန်ရဖို့အတွက် ဘယ်သူ့အသံ၊ ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ လက်ရဲဇက်ရဲ လုပ်ချင်တိုင်း လုပ်နေတော့ပါတယ်၊၊ စစ်အုပ်စုအဆက်ဆက် အာဏာရှင်ကျဆုံးခန်း သင်ခန်းစာတွေ တပွေ့တပိုက်နဲ့ ဒို့ခေတ်ကျမှ ညံ့ရမှာလား ခံယူချက်အပြည့်နဲ့ ကမ္ဘာထိအောင် မော်ကွန်းတင်ဖို့ ဇာတ်လမ်းဇာတ်ကွက်အပြည့် ပိန္နက်ချပြီး အကွက်စေ့စေ့နဲ့ ခြယ်မှုန်းနေပါတယ်။ အခုတလော ၂ဝ၁ဝ ရွေးကောက်ပွဲဝင်နွှဲမယ့် ပါတီတွေ မျက်က လူးဆန်ပြာဖြစ်နေသလောက် စစ်အုပ်စုကတော့ ခြေလှမ်းသွက်သွက်နဲ့ သူ့ဇာတ်ကောင်တွေကို အနေအထားကြိုချ၊ အဟန့်အတားတွေ အကုန်ရှင်းပြီး ၂ဝ၁ဝ အလွန်ထိ ရွာလွန်ရွက်တိုက်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်နေရာက ထတောက်မှန်းမသိတဲ့မီးခဲတွေ၊ မီးလောင်ပြင်တွေကတော့ နေရာအနှံ့ပါပဲ။ အပြည့်အစုံသို့ »
စစ်အာဏာရှင် ဆက်ထုံးကို ဖြတ်ပစ်ရမည် . . . (e-bulletin – 8 / 2010)
သမိုင်းသံသရာထဲက ရုန်းထွက်ကြစို့ (e-bulletin – 7/2010)
ဒီမိုကရေစီနဲ့ အမျိုးသားတန်းတူရေးပြဿနာကို မဖြေရှင်းနိုင်လို့ ပြည်တွင်းစစ်ဖြစ်ခဲ့ရတာ (၄၈) ကနေ အခုထိဆိုရင် နှစ်ပေါင်း (၆ဝ) ကျော်လာပါပြီ။ ဒီ နှစ်(၆ဝ)ကျော်ဖြတ်သန်းမှုမှာ ဖဆပလ၊ အိမ်စောင့်အစိုးရ၊ တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ၊ နအဖ စစ်အုပ်စု အဆက်ဆက်ဟာ တိုင်းပြည်နဲ့ လူမျိုးပေါင်းစုံပြည်သူတွေကို လက်နက်နဲ့ အကြမ်းဖက် ဖိနှိပ်ပြီး အာဏာကို အခုထိ ဆုတ်ကိုင်ထားဆဲဖြစ် ပါတယ်။ ဒါကို ဆန့်ကျင်တော်လှန်ကြတဲ့ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းတွေ၊ လူမျိုးပေါင်းစုံ တော်လှန်ရေးအင်အားစုတွေဟာ စစ်အုပ်စု အဆက်ဆက်နဲ့ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ရတဲ့ မိမိတို့တော်လှန်ရေးသမိုင်းဖြတ်သန်းမှုတွေကို သင်ခန်းစာထုတ်ပြီး ပစ္စုပ္ပန်အတွက် နည်းနာသစ်တွေ၊ အလုပ်လမ်းညွန်တွေ ချမှတ်ရမှဖြစ်သလို၊ အနာဂတ်အတွက် မျော်မှန်းချက်ပန်းတိုင်တွေလည်း သတ်မှတ်ကြရမှာဖြစ်ပါတယ်။ အပြည့်အစုံသို့ »
လူထုဆိုတာ ဒီမိုကရေစီပင်မရေစီးကြောင်းကြီးပဲ (e-bulletin 6/2010)
နအဖစစ်အုပ်စုဟာ ဘာကြောင့် ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို မကြေညာရဲသေးပဲ တင်းကျပ်တဲ့ ဥပဒေတွေ၊ ကြေညာချက် တွေကို တခုပြီးတခု ထုတ်နေတာလဲ။ စစ်အုပ်စုအတွင်းမှာ နေရာအထားအသို ပြဿနာရှိနေတာလား၊ အာဏာကို အဓိကကိုင်တဲ့သူက သူ့လူတွေကို မီးမသေတာလား၊ ဒါမှမဟုတ် အတွင်းအပြင် ဖိအားအမျိုးမျိုးနဲ့ ပကတိတည်ရှိနေတဲ့ နေရာပေါင်းစုံက ပြဿနာ (နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး အနိမ့်ဆုံး ရေ၊ မီး) တွေကြောင့် ရွေးကောက်ပွဲက ထွက်လာမယ့်ရလဒ်ကို မကိုင်တွယ်ရဲတာလား၊ ဒါဟာ အတော် စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စပါပဲ။ မရေရာမသေချာတဲ့ နေရာတွေ၊ လူပုဂ္ဂိုလ်တွေ၊ သတင်းဌာန တွေကတဆင့် ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းဖို့ အချိန်ပိုပေးဖို့ ပြောနေပါတယ်။ အခွင့်အလမ်းတခု၊ နေရာတခု၊ တိုးတက်မှုတခုလို့ ပြောနေတဲ့သူတွေ၊ စစ်အုပ်စုနဲ့ ဆက်နွယ်တဲ့သူတွေ (အေးလွင်တို့လို၊ တစညလို) ကိုယ်တိုင်တောင် ရွေးကောက်ပွဲကော်မရှင်ရဲ့ အမိန့်ကြေညာချက်တွေ၊ အစိုးရတဖြစ်လဲ ကြံ့ဖွံ့ပါတီရဲ့ မတရားတဲ့လုပ်ပိုင်ခွင့်တွေ အောက် မှာ အသံမျိုးစုံတွေ ထွက်နေကြတာ တွေ့ရပါ တယ်။ အပြည့်အစုံသို့ »
နိဂုံးချုပ် သင်ခန်းစာထုတ်ဖို့ လိုပြီ (e-bulletin 5/2010)
နိုင်ငံတခုရဲ့အနာဂတ်ဟာ အဲ့ဒီနိုင်ငံမှာရှိတဲ့ လူငယ်တွေရဲ့ တိမ်းညွတ်မှုနဲ့ သက်ဆိုင်ပါတယ်။ တိမ်းညွတ်မှုဆိုတာ စိတ်ကူးယဉ် မှုန်ဝါးမှုတွေက လာတာမဟုတ်ပဲ၊ သူတို့ လက်တွေ့ဘဝ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ထိတွေ့ခံစားမှုတွေ၊ တိုက်ပွဲတွေကနေ လာတာဖြစ်ပါတယ်၊ ၄၈၊ ၆၂၊ ၇၄၊ ၈၈၊ ၂ဝဝ၇ က သူတို့၊ သူတို့တွေရဲ့ ရင်ထဲကို ဝင်ကြည့်ရင် လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ အမှန်တရား မြတ်နိုးမှု၊ စစ်အာဏာရှင်ကို မုန်းတီးမှု၊ စွန့်လွှတ်စွန့်စားမှုနဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေကို ရေဆာသလို ဆာလောင်နေတာ တွေ့ရမှာ ဖြစ်ပါတယ်၊၊
ဖိနှိပ်တဲ့အစိုးရတွေက ဘယ်လိုပဲ တားဆီးဟန့်တားပေမယ့် ဒီနေ့ကာလမှာ နိုင်ငံတိုင်းဟာ ကမ္ဘာပြုစီးပွားရေးစနစ်တွေ၊ သတင်းနည်းပညာကွန်ယက်တွေ၊ ကုန်သွယ်စီးဆင်မှုတွေ၊ လူမျိုးဘာသာမခြားတဲ့ ကူးလူးဆက်ဆံမှုတွေ၊ စာပေ၊ ဂီတ၊ ယဉ်ကျေးမှု စီးကြောင်းကြီးတွေ တိုးတိုက်ပြီး နယ်နမိတ်နဲ့ အခွင့်အာဏာဆိုတဲ့ တံတိုင်းတွေကို ကျော်ဖြတ်ပေါင်းစည်းနေတာ ဖြစ်ပါတယ်။ ဒီလိုဆိုလို့ အဲဒီ့ တိုင်းပြည်တွင်းမှာရှိတဲ့ ကျေးလက် မြို့ပြ၊ ဆင်းရဲ ချမ်းသာ၊ ပညာတတ် ပညာမဲ့၊ အာဏာရှိ အာဏာမဲ့၊ လက်နက်ရှိ လက်နက်မဲ့၊ ဖိနှိပ်သူ ဖိနှပ်ခံဆိုတဲ့ ကွာဟမှုနဲ့ ပဋိပက္ခတွေ ကျဉ်းမြောင်းသွားတာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံလို ဖက်ဆစ်စရိုက် သဘာဝရှိတဲ့ စစ်အာဏာရှင် တွေအောက်မှာ လူတန်းစားအလွှာအသီးသီးကြား၊ အစိုးရနဲ့ ပြည်သူတွေကြား၊ လူမျိုးစုတွေကြားမှာ ပဋိပက္ခတွေဟာ ပိုပိုပြီး နက်ရိုင်းကြီးထွားနေတာ၊ ရှုပ်ထွေးပြန့်နှံ့နေတာ ဖြစ်ပါတယ်။ ဒီပြဿနာတွေအားလုံးရဲ့ အဓိကအကြောင်းအရင်းဟာ လွတ်လပ်ရေးရပြီး နှစ်ပေါင်း (၆ဝ) ကျော်ကြာမြင့်နေတဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တန်းတူရေးဆိုတဲ့ တိုက်ပွဲ၊ တနည်းအားဖြင့် စစ်အာဏာရှင်တွေနဲ့ လူမျိုးပေါင်းစုံ ပြည်သူတွေရဲ့ တိုက်ပွဲသမိုင်း ကွင်းဆက်ပဲဖြစ်ပါတယ်။
ရန်သူ မိတ်ဆွေ ကွဲစေသော် …။ (e-bulletin_4-2010)
အန်အယ်ဒီပါတီဟာ ဒီနေ့ကာလမှာ တပ်ဦးအခန်းကဏ္ဍ အလံကိုင်အဆင့်ကနေ ၂ဝ၁ဝ ကို ဘယ်လိုဖြတ်မလဲ။ သူကိုင်ဆွဲထားတဲ့ ရွှေဂုံတိုင် နိုင်ငံရေးရပ်တည်ချက်ကို ဘယ်လို အသက်သွင်းမလဲဆိုတာ နိုင်ငံရေးအင်အားစုအားလုံးနဲ့ နိုင်ငံတကာက စောင့်ကြည့်နေပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကို အင်န်အယ်လ်ဒီတခုတည်းကိုပဲ ပုံပြီးတာဝန်ရှိတယ်ဆိုရင်တော့ မတရားပါဘူး။ စစ်အုပ်စုဟာ အင်န်အယ်လ်ဒီပါတီကို လူထုနဲ့ အဆက်ဖြတ်ထားတာ။ ခေါင်းဆောင်တွေနဲ့ အဆက်ဖြတ်ထားတာ။ ဖိနှိပ်ကန့်သတ်မှုတွေကြီမားတာ အနှစ် (၂ဝ) လုံးလုံးပါပဲ။ ဒီကြားထဲကပဲ ဒေါ်အောင်ဆန်းစုကြည်ကို အင်န်အယ်လ်ဒီပါတီကို လူထုက၊ အင်အားစုအသီးသီးက အခွင့်အခါနဲ့ အခြေအနေပေးရင်ပေးသလို ထုနဲ့ ထည်နဲ့ ဝိုင်းရံခဲ့တာလည်း အခါခါပါပဲ။
အနှစ် (၂ဝ) အတွင်း လူထုပါတဲ့ တိုက်ပွဲတွေ၊ သံဃာတွေ ကျောင်းသားတွေ ဦးဆောင်တဲ့ တိုက်ပွဲတွေနဲ့လည်းဝိုင်းရံခဲ့ကြတာ ပါပဲ။ ဒီလိုနဲ့ ၂ဝ၁ဝ မတ်လ (၂၉) ရက်နေ့ အင်န်အယ်လ်ဒီ ဆုံးဖြတ်ချက်နဲ့၊ လူထုကို ပန်ကြားချက်မှာ လူထုအကျိုးစီးပွားဘက်က ပြတ်ပြတ်သားရပ်တည်ပြီး ပါတီရှင်သန်ရေးကနေ နိုင်ငံရေးရှင်သန်ရေး၊ အရေးတော်ပုံရှင်သန်ရေး၊ ဒီမိုကရေစီလိုလားတဲ့ လူထုရှင်သန်ရေးအတွက် လူထုနဲ့ တသားတည်းရပ်တည်ပြီး ဒီ/ချုပ်အဆင့်ကနေ ဒီ/လှုပ်အဆင့်ဖြစ်ဖို့ မိတ်ဆွေဟောင်း၊ မိတ်ဆွေသစ်တွေအပြင် အင်အားသစ်တွေ မျိုးဆက်သစ်တွေနဲ့ အဖိုးတန်တဲ့ အင်အားသစ် ဒီ/လှုပ်တွေ တိုးပွားလာမယ်လို့ အင်န်အယ်လ်ဒီပါတီရဲ့ အဓိက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်က ယုံကြည်မှုအပြည့်နဲ့ ချီတက်ဖို့ စည်းရုံးပြောဆိုနေပါတယ်။
၂ဝဝ၈၊ ၂ဝ၁ဝ ဆန့်ကျင် တိုက်ဖျက် သပိတ်မှောက်ရေး (e-bulletin အမှတ်စဉ် ၃ / ၂၀၁၀)
စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ဒီမိုကရေစီရေးတိုက်ပွဲဟာ ဘီလူးစည်း လူ့စည်းကို ခွဲခြားသတ်မှတ်ရမည့် အချိန်ဖြစ်လာပါပြီ။ ဒီစည်းကို ဖိနှိပ်အုပ်စိုးသူဖြစ်တဲ့ နအဖစစ်အုပ်စုကပဲ ပြဌာန်းလိုက်တာဖြစ်ပါတယ်။ တိုက်ပွဲကိုပြဌာန်းတာ အာဏာကို ဆုတ်ကိုင်ထားတဲ့ အုပ်စိုးသူတွေကပဲ ပြဌာန်းတယ်ဆိုတာ နိုင်ငံရေး ကကြီး ခခွေး အဆင့်တောင် သိပါတယ်။
လူထုတွေ အဖိနှိပ်ခံတွေက ဘယ်လောက်ပဲ ဒီမိုကရေစီနည်း၊ ငြိမ်းချမ်းတဲ့နည်းတွေနဲ့ တောင်းဆိုဆန္ဒပြုပေမယ့် အာဏာကို ထိပါးလာရင် လက်နက်နဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေ၊ ဥပဒေ အမိန့် အာဏာနဲ့ ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ တုန့်ပြန်ခဲ့စမြဲဖြစ်ပါတယ်။ ကမ္ဘာမှာ ဘယ်အာဏာရှင်မှ တောင်းယူလို့မရဘူးဆိုတာ အနှစ် (၂ဝ) ကျော်ဖြတ်ခဲ့တဲ့ အနှစ် (၆ဝ) ကျော်ဖြတ်ခဲ့တဲ့ မျိုးဆက်သစ် မျိုးဆက်ဟောင်း နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေကလည်း သိပြီးဖြစ်ပါတယ်။ အပြည့်အစုံသို့ »
စည်းခြားမယ့် ၂ဝ၁ဝ . . . . . . ။ (E-bulletin 2/2010)
၂၄ ဖေဖေါ်ဝါရီလထုတ် စစ်အစိုးရဲ့ သတင်းစာမှာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က “မြန်မာသည် မြန်မာအတွက် ဖြစ်ရမည်၊ မြန်မာသည် မြန်မာယောင်ဆောင်ထားသော တိုင်းတပါးအလိုတော်ရိ မဖြစ်စေရ၊ မြန်မာသည် မြန်မာယောင်ဆောင် ထားသော တိုင်းတစ်ပါး လက်ကိုင်တုတ် မဖြစ်စေရ” ဟု ဗန်းမော်မြို့၊ မြို့တော်ခန်းမ၌ မြို့မိမြိုဖများ၊ ခရိုင်နှင့် မြို့နယ် အဆင့်ရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များကို ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒီစကားဟာ ဘာကို ညွန်းတာလဲဆိုရင် ဒီမိုကရေစီအင်အားစုတွေ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီပါတီကို ညွန်းတာဖြစ်သလို နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပက တောင်းဆိုတိုက်ပွဲဝင်နေတဲ့ ဒီမိုကရေစီအင်အားစုတွေကိုလည်း ညွန်းတာဖြစ်ပါတယ်။
ဒါကို ဦးဝင်းတင်က “ပြေလည်ချင်တဲ့သဘော မရှိခြင်းကို ပြတာပဲ၊ ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ နိုင်ငံရေး အင်အားစုတွေနဲ့ တတ်နိုင်သမျှ ပြေပြေလည်လည် ဖြစ်ဖို့မရှိဘူး၊ တင်းတင်းမာမာပဲ ဆက်ဆံသွားမယ်၊ ရွေးကောက်ပွဲကို လုပ်သွားမယ်ဆိုတာကို ပြလိုက်တဲ့ သဘောပဲ”ဟု တုန့်ပြန်ခဲ့ပါတယ်။
လက်ရှိနိုင်ငံရေး ပြဿနာတွေရဲ့ ဆုံချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဖြစ်တယ်
အခု နအဖ စစ်အုပ်စုကလည်း စစ်တပ်က အာဏာသုံးရပ် စလုံးကို ချုပ်ကိုင်ထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ ၂ဝ၁ဝ ရွေး ကောက်ပွဲဆိုတာဟာ နအဖ စစ်အုပ်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ လွတ်တော်များ ဖွဲ့စည်းရေးအတွက် တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပခြင်း ဆိုတဲ့ နိုင်ငံတော်ရှေ့ဆက်သွားမည့် လမ်းစဉ် (၇) ရပ်ထဲက အဆင့် (၅) ဖြစ်ပါတယ်။
အဲဒီ စစ်လမ်းပြမြေပုံနဲ့ ၂ဝ၁ဝ စစ်ရွေးကောက်ပွဲကို ပြည်သူလူထုက လက်ခံသလား၊ လက်မခံဘူးလားဆိုတဲ့ အဆက်အစပ်ကို ရှာကြည့်တဲ့အခါ နိုးကြားတက်ကြွတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ ဆယ်စုနှစ် (၂) ခု၊ နှစ်နှစ်ဆယ်ကျော်တဲ့အပြင် ဒီနေ့အထိ ဘဝတွေ၊ အသက်တွေကို အကျဉ်းထောင်တွေနဲ့ စစ်ပွဲတွေမှာ ပေးဆပ်နေကြဆဲဖြစ်တဲ့ အဖြစ်အပျက်တွေက ဖေါ်ပြနေပြီးပါပြီ။ … အပြည့်အစုံသို့ >>>





















