Tuesday, September 7, 2010

ရှစ်လေးလုံးရဲ့ မပြီးပြတ်သေးတဲ့ သမိုင်းပေးတာဝန်ကို ထမ်းရွက်ဖို့ဆိုရင် …
အဲဒီရှစ်လေးလုံးစိတ်ဓာတ်နှင့်ပဲ၊ အဲဒီလူထုအရေးတော်ပုံမျိုးနှင့်ပဲ စစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ကို ဆန့်ကျင်တိုက်ဖျက်တဲ့နည်း၊ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်တဲ့ နည်းတွေနှင့် စစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဖယ်ရှားဖျက်သိမ်းပစ်ကြရလိမ့်မယ်။ … အပြည့်အစုံသို့ »

ဖိုရမ်ခေါင်းဆောင်များရဲ့ နှစ်သစ်ကူးစကား

Posted by မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု On December - 30 - 2009 မှတ်ချက်ပေးရန်

နှစ်သစ် တနှစ်ကူးတဲ့အခါ အနာဂတ်အကြောင်းကို သာမန်အချိန်တွေထက် ပိုသတိထားကြ၊ ပိုစိတ်ဝင်စားကြ၊ ပိုမျှော်လင့်ကြပါတယ်။ ဒါဟာ လူ့သဘာဝပါပဲ။ လူသားဆန်ကြတဲ့ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု ခေါင်းဆောင်များကလည်း စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုများအကြား ညီညွတ်ရေး၊ လူထုနဲ့အတူ တိုက်ပွဲဆင်ကြရမယ့် လူထုနည်း၊ စိန်ခေါ်မှုကုဋေကုဋာနဲ့ ကြိုဆိုနေမယ့် ၂၀၁၀ စတဲ့ နိုင်ငံရေးရာသီသစ်အကြောင်း ထက်ထက်သန်သန် ဖွင့်ဟထားကြတာကို . . . . . အပြည့်အစုံသို့ »

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ၏ ခရီးစဉ်အပေါ် သဘောထား

Posted by မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု On November - 3 - 2009 မှတ်ချက်ပေးရန်

RFA ။    ။ ၈ လေးလုံးမျိုးဆက်တွေနဲ့ စုစည်းထားတဲ့ (FDB) မြန်မာနိုင်ငံဒီမိုကရက်တစ် အင်အားစုရဲ့ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က မစ္စတာ ကမ်ဘက်လ်ရဲ့ အခုခရီးစဉ်ဟာ မြန်မာအရေးကြိုးပမ်းမှု ပထမ ခြေလှမ်းဖြစ်တဲ့အတွက် ဒီအဆင့်မှာ အများကြီး အကောင်အထည်ဖော်နိုင်မှာ မဟုတ်သေးပေမယ့် လက်တွေ့ကျနိုင်မယ့် ကိစ္စတွေကနေ စတင်နိုင်အောင် ကြိုးစားလိမ့်မယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ကိုနိုင်အောင် ။ ။ အနည်းဆုံးတော့ ကျနော်တို့ ပြောချင်တာကတော့ ရေရှည်ရည်မှန်းချက်နဲ့ ရေတိုရည်မှန်းချက် နှစ်ခုတော့ ရှိမှာပေါ့ဗျာ။ ရေရှည်ရည်မှန်းချက်ကတော့ ဘာလဲဆိုတော့ မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို တွေ့ဆုံဆွေးနွေးပွဲနဲ့ အဖြေရှာကြဖို့ဆိုတဲ့ ကိစ္စ၊ အဲလို အဖြေရှာတဲ့ကိစ္စတွေမှာ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာလို့ရှိရင်လဲ နိုင်ငံတကာ အသိုင်းအ၀ိုင်းကနေပြီးတော့ အဆင့်လိုက် အဆင့်လိုက် ပူးပေါင်းကူညီသွား မယ့်ကိစ္စ၊ ဒါက သူတို့သွားမည့်ခရီးစဉ်ရဲ့ ရေရှည်ရည်မှန်းချက်ကတော့ ဒါ ဖြစ်သင့်ပါတယ်။ အမေရိကန်အစိုးရရဲ့ ပေါ်လစီ ရည်ရွယ်ချက်ကလည်း ဒါဖြစ်သင့်ပါတယ်။

အပြည့်အစုံသို့ »

မိမိအမျိုးသားတွေကို မိမိတို့ကိုယ်တိုင်ကာကွယ်ပိုင်ခွင့် အမျိုးသားတိုင်းမှာရှိသင့်တယ်၊ ရှိကိုရှိရမယ်။ အဲ့ဒီအတွက် မိမိအမျိုးသားများကို ကာကွယ်စောင့်ရှောက်နိုင်လောက်တဲ့ အမျိုးသားတော်လှန်ရေးတပ်မတော်တွေ မုချရှိဖို့လိုအပ်ပါတယ်။ ဒါကို အာဏာပါဝါပြပြီး နယ်ခြားစောင့်တပ် ဇွတ်လုပ်ခိုင်းလို့မရဘူး။
ပြည်သူ့စစ် ဇွတ်လုပ်ခိုင်းလို့မရဘူး။
ရဲအသွင်ပြောင်းလိုက်ပါလို့ ဇွတ်ပြောင်းခိုင်းလို့ မရဘူး။

အပြည့်အစုံသို့ »

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး
ဦးငွေလင်းက …

“ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ဒီနေ့ချမှတ်လိုက်တဲ့ စီရင်ချက်ဟာ မြန်မာနိုင်ငံမှာ တရားမျှတမှု မရှိဘူး၊ တရားဥပဒေ စိုးမိုးမှု မရှိဘူးဆိုတာကို ဖော်ပြလိုက်တာ ဖြစ်တယ်။ နောက်တခုက အရာရာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ပါးစပ်ထဲမှာ ရှိတယ်။ တရားဥပဒေအထက်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သေချာပေါက် ရှိနေတယ်ဆိုတဲ့ ဥစ္စာကို ဖော်ပြလိုက်တာပဲ ဖြစ်တယ်လို့ ကျွန်တော် မြင်ပါတယ်။ ဒီလို ထောင်ချလိုက်တဲ့ ကိစ္စဟာ အပြည့်အစုံသို့ »

မကဒတ ဥက္ကဌ ရဲဘော်သံခဲ

မကဒတ ဥက္ကဌ ရဲဘော်သံခဲ

မကြာခင်မှာ နအဖ စစ်အစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့အတူ ၂၀၁၀ ရွေးကောက်ပွဲကို တလမ်းမောင်းနဲ့ သွားမယ်ဆိုရင် ကျနော်တို့အနေနဲ့ ရွေးလမ်းမရှိပါဘူး။ ထိပ်တိုက်ရင်ဆိုင်ပြီး တော့မှ ဒီဟာကို ရိုက်ချိုးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အထွေထွေမကျေနပ်မှုတွေရှိတယ်။ အဲဒီအထွေထွေမကျေနပ်မှုတွေကို အထွေထွေသပိတ်တွေအဖြစ် ကျနော်တို့ ပြောင်းလဲဖို့အတွက် နံပါတ်တစ် လုပ်ငန်းစဉ်အဖြစ် ချမှတ်သင့်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒုတိယ တခုကတော့ ရှစ်ဆယ့်ရှစ်က ပေးခဲ့တဲ့ သင်ခန်းစာဖြစ်တဲ့ နိုင်ငံရေးအရ ခေါင်းဆောင်မှုကို ခိုင်ခိုင်မာမာ ကျနော်တို့ကြားထဲမှာ တည်ဆောက်ကြဖို့ လိုတယ်လို့ ကျနော် ဒီနေရာကနေ တောင်းဆိုလိုပါတယ်။

မစ္စတာ ဗန်ကီမွန်း မြန်မာနိုင်ငံသွားမယ်လို့ သိရပါတယ်။
ပြည်တွင်းပြည်ပ အင်အားစုအသီးသီးနှင့် နိုင်ငံတကာပြည်သူတွေ၊ နိုင်ငံတကာခေါင်းဆောင်တွေရဲ့ စိုးရိမ်ပူပန်နေမှု တွေကို တစုံတရာဖြေရှင်းပေး နိုင်ဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေး မှူးချုပ်ကိုယ်တိုင် အားထုတ်ဆောင်ရွက် လာတာဖြစ်တဲ့အတွက် ဒီခရီးစဉ်ကို ကျနော်တို့ ကြိုဆိုပါတယ်။ မစ္စတာ ဗန်ကီမွန်းကိုယ်တိုင်က မြန်မာနိုင်ငံမှာ အဓိကအားဖြင့် ဒီ (၃) ခု အရေးကြီးတယ်လို့ ဆိုပါတယ်။

၁။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ဖို့၊

အပြည့်အစုံသို့ »

ဒီတပတ်မှာ ပြောချင်တာ

''၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့ရင်တောင်မှ အစိုးရအဖွဲ့အပေါ်မှာ ပြည်သူ့လွှတ်တော်က ထိန်းကျောင်းတည့်မတ်နိုင်တဲ့ အခြေအနေ မရှိဘူး ဒီဥပဒေအရ ဆိုရင် Parliamentary Government မဟုတ်ဘူး Presidential Government ပဲ။ စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေမှာ မတရားတဲ့ ကွဲပြားခြားနားမှုတွေ ရှိလာရင် ပြည်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို ထောက်ပြကြဖို့။ NLD ပါတီကိုမှ မဲပေးချင်သူတွေအတွက် NLD ပါတီဟာ ရွေးကောက်ပွဲ မဝင်တော့တာကြောင့် မဲပေးစရာ NLD ပါတီ မရှိဘူးဆိုရင် မဲမပေးပဲ နေနိုင်ကြောင်း။"

(ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်သတင်းစကား ကောက်နုတ်ချက်)

(25-8-2010) RFA နှင့် ဦးညဏ်ဝင်းအင်တာဗျူးမှ

အပေါ်သို့