Tuesday, September 7, 2010

ဆောင်းပါး – ရဲဘော်ဖိုးသံချောင်း

နအဖတွင်း ကုလားဖန်ထိုးတာတွေ ပေါ်လာပြန်ပါပြီ။ သဘာဝကျစွာပဲ အကဲဖြတ်တာတွေ၊ တွက်ချက်တာတွေ နေရာတကာမှာ လုပ်ကြတာတွေ တွေ့နေရပါတယ်။ ဒီအပြောင်းအလဲတွေကနေပြီး ဘာအဓိပ္ပာယ်ဆောင်သလဲ၊ ဘာတွေဆက် ဖြစ်မလဲဆိုတာတွေကိုလည်း ပြောဆိုကြပါတယ်။ အတိုက်အခံတွေအနေနဲ့ကတော့ နအဖထဲမှာ ရာထူးအာဏာကြောင့်မို့ ကွဲလွဲမှုတွေဖြစ်လာမလား၊ ဂိုဏ်းဂဏတိုက်ပွဲတွေ ပြင်းထန်လာမလား၊ ဒါဟာ လူတိုင်းလို ပြောကြ တွက်ကြတဲ့ ကိစ္စလို့ဆိုရင် မမှားပါဘူး။

အရေးကြီးတာက ကိုယ်ဖြစ်စေချင်တဲ့ဘက်ကနေ ပိုမတွက်မိဖို့ပါပဲ။ အပြည့်အစုံသို့ »

စိတ်ဆိုးရင်လည်းမတတ်နိုင်တော့ဘူး (ဆောင်းပါး-လူထုစိန်ဝင်း)

Posted by မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု On August - 29 - 2010 မှတ်ချက်ပေးရန်

(Eleven media group) အွန်လိုင်းမှ

ပေါ့ပ်ဆိုတာ နှာခေါင်းရှုံ့စရာ မဟုတ်ပါဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ရေးဖူးရုံမက ပေါ့ပ်ယဉ်ကျေးမှုဆိုတာ ကိန်းကြီးခမ်းကြီးနိုင်လှတဲ့ အထက်တန်းလွှာလူတစ်စုရဲ့ ဧည့်ခန်းဆောင်ထဲက စိန်ရောင်မြ ရောင်ပိုးဖဲကတ္တီပါရောင်တွေ ရွှန်းလက်တောက်ပနေတာတွေကို ဆန့်ကျင်အရွဲ့တိုက်ရာကပေါ်ထွက်လာတဲ့ လူထုယဉ်ကျေးမှုဖြစ်တဲ့အကြောင်း စာတွေလည်းရေးခဲ့ဖူးပါတယ်။

စောဒကတက်ဖို့သက်သေတွေ
တစ်နေ့တော့လူငယ်တစ်ယောက်က ဂျာနယ်တွေထဲကဖြတ်ညှပ်ပြီး သိမ်းထားတဲ့ ပေါ့ပ်စာမျက်နှာတွေ အထပ်လိုက်ယူချလာပြီး စောဒကတက်ပါတယ်။ သူယူလာတာတွေ ကောက်ကြည့်လိုက်တော့ ‘Celebs’ လို့အတိုကောက်ခေါ်လေ့ရှိတဲ့ ထင်ပေါ်ကျော်ကြားသူများအကြောင်း သတင်းတွေ၊ အင်တာဗျူးတွေ၊ နိုင်ငံခြားဈေးဝယ်ထွက်တဲ့ သတင်းဓာတ်ပုံတွေစုံနေတာ တွေ့ရတယ်။ ဒါ့အပြင် စကတ်တိုနဲ့ ရင်ရှားဂါဝန်ဝတ်ပုံတွေလည်း တစ်ထပ်ကြီးပါလာသေးတယ်။ ဒါတွေကိုနှာခေါင်းမရှုံ့ရတော့ဘူးလားခင်ဗျာလို့လည်း သူကမေးလိုက်ပါတယ်။ နှာခေါင်းရှုံ့ရုံတင်မကပါဘူးကွယ်။ မီးဖိုထဲတောင်ထည့်ပစ်သင့် ပါတယ်လို့ဖြေလိုက်တော့ ဆရာပဲ ပေါ့ပ်ဆိုတာနှာခေါင်းရှုံ့စရာမဟုတ်ပါ လို့ရေးခဲ့တာပဲလို့ပြန်ပြီးချေပပါတယ်။ အပြည့်အစုံသို့ »

Posted by Transparency Myanmar 2010
New Straits Times, By U Win Tin, 4th August 2010

လွန်ခဲ့သော အနှစ်နှစ်ဆယ်က လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်လာပြီး ကမ္ဘာပေါ်တွင်အကြာဆုံး ပြည်တွင်းစစ် ဆင်နွှဲနေ သော နိုင်ငံလည်း ဖြစ်လာသည်။ ထို့ပြင် မြန်မာနိုင်ငံသည် ဒုက္ခသည်အများဆုံး မွေးထုတ်ရာနိုင်ငံ ဖြစ်လာသည့်အပြင် ကလေးစစ်သား အရေအတွက် အမြင့်ဆုံး ရှိသော တိုင်းပြည် ဖြစ်လာသည်။

သို့သော် အဓိက အင်အားကြီး နိုင်ငံများ၊ ဒေသတွင်း အစိုးရများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသည် မြန်မာ နိုင်ငံတွင် မကြာမီ ပြုလုပ်မည့် ရွေးကောက်ပွဲကို ခွင့်ပြုကြမည့် သဘောကို တွေ့နေရသည်။ အနှစ်မပါ ဗလာ ရွေးကောက်ပွဲ မှာ လူဦးရေ (၅၅) သန်းသော ပြည်သူများကို စစ်တပ်မှအုပ်ချုပ်မှုအား မိမိဘာသာ တရားဝင်အောင် မဟာဗျူဟာ လိုအပ်ချက်အရ စစ်တပ်က ပြုလုပ်ထားခြင်း ဖြစ်သည်။ အပြည့်အစုံသို့ »

စည်းဝိုင်းထဲက နိုင်ငံရေးကတော့ တဖြည်းဖြည်းနဲ့ အသံတွေဆူညံလာပါပြီ။
ထူးခြားတာတစ်ခုက အသံတိတ်နေတဲ့ (တစည) အသံထွက်လာတာပါ။ အရင်လိုငြိမ်ခံနေလို့ မဖြစ်တော့ဘူး၊ ထွက်ပြောမှဖြစ်တော့ မယ်လို့ (တစည)တွေ ယူဆပုံပေါ်ပါတယ်။ ဒါကြောင့် ဦးချစ်လှိုင်နဲ့ ပွဲစပြီးထွက်လိုက်ပုံပေါ်ပါတယ်။

ဦးချစ်လှိုင်က (တစည) ပါတီမှာ ဘယ်လိုတာဝန် အဆင့်နေရာ ယူထားသူလဲတော့ မသိပါဘူး။ အရင်ကတော့ (တစည) ဘက်က ပင်တိုင်ထွက်ပြောနေသူက ဦးခင်မောင်ကြီးဖြစ်ပါတယ်။ ဒါမှမဟုတ် ဦးဟန်ရွှေ ထွက်ပြီးပြောတတ်ပါတယ်။

ဒီတစ်ခါ ထွက်ပြောတာကတော့ ထူးခြားပါတယ်။
ဒီနေ့ အစိုးရတာဝန်ယူထားသူတွေက အစိုးရတာဝန်ကို မစွန့်လွှတ်ပဲ/ အစိုးရပိုင်အခွင့်အာဏာ/ ယာဉ်ရထားတွေသုံးပြီး ကိုယ့်ပါတီ စည်းရုံးရေးဆင်းနေတဲ့ ကိစ္စတွေ/ ရွေးကောက်ပွဲနဲ့ မဲပေးတဲ့နည်းစနစ် တရားမျှတရေးဆိုတဲ့ အချက်တွေကို ထုတ်ဖေါ်ပြောတာ ဖြစ်ပါတယ်။

သူတို့ပြောရတာကလည်း လက်ရှိ (နအဖ) စစ်အစိုးရကို ဦးတည်ပြီးပြောရတာ ဖြစ်နေလေတော့ ပြောချင်တဲ့အချက်ကို ရောက်အောင် ထိန်းထိန်းသိမ်းသိမ်းပြောသွားတာပါ။

သူတို့ အဓိကပြောလိုရင်းက လက်ရှိ (နအဖ) စစ်အစိုးရ လုပ်နေတာတွေဟာ မတရားဘူး/မမျှတဘူး/ နည်းလမ်းမကျဘူး/ ဘဝင်မကျဘူးလို့ ပြောချင်တာပါ။ ညီအစ်ကိုချင်းလည်း ဖြစ်ပြန်တော့ ဒဲ့ဒိုးလည်း မကျဒုံးတိလည်းမဖြစ်အောင် အလိမ်မာသုံးပြီးပြောသွားတာပါ။ ညီအစ်ကို ချင်းဆိုပေမယ့် ဟိုက အာဏာလက်ရှိ မဟုတ်လား။

(တစည)ဘက်က ပြောတဲ့အထဲမှာ ကြံ့ဖွံ့ပါတီဟာ သူတို့အတွက် အဓိကယှဉ်ပြိုင်ဘက်ဖြစ်လာမယ်ဆိုတာကိုလည်း အသိအမှတ် ပြုပြောသွားပါတယ်။

တစ်အူထုံ့ဆင်းညီအကိုချင်း ယှဉ်ပြိုင်ရတော့မယ်။
အမတ်နေရာအများစုကို သူတို့ပဲ အဓိကပြိုင်နိုင်ကြမှာ ဖြစ်ပါတယ်။
ကျန်တဲ့ ပါတီတွေအများစုက အခုမှ မြေစမ်းခရမ်းပျိုးနေရရှာသူတွေ။ ငွေရေးကြေးရေးကအစ အဘက်ဘက်ကချို့တဲ့ရှာသူတွေ။  ဒါကြောင့် (တစည) တို့ ကြံ့ဖွံ့ပါတီတို့လို ဒုနဲ့ထည်နဲ့၊ အုံနဲ့ကျင်းနဲ့ ကြိုးဝိုင်းထဲဝင်ပြိုင်ဖို့ဆိုတာ သူတို့အတွက်တကယ်ကို မလွယ်ရေးချ မလွယ်လှပါဘူး။

မလွယ်တဲ့ဘဝဆိုတာ သူတို့ကိုယ်သူတို့ သိကြတယ်။ ဒါကြောင့်ထင်ပါတယ် “ဒီမိုကရေစီကို ဇာတ်သွင်းပေးရုံပေးဖို့ပါလို့” ပြောရှာတယ်။ ဇာတ်သွင်းမယ်ဆိုလည်း ဒီမိုကရေစီစစ်စစ်ပဲ ဇာတ်သွင်းကြပါလားဗျာ။

အတွင်းသားက စစ်အာဏာရှင်စနစ်နောက်ချေးကို အပေါ်ယံက ဒီမိုကရေစီရွှေရည်စိမ်ထားတဲ့ ဇာတ်ပျက်ဒီမိုကရေစီကိုမှ အဟုတ် အဟတ်လုပ်ပြီး ဇာတ်သွင်းပေးကြတော့မှာလားလို့ မေးစမ်းပါရစေ။

(တစည)ကို (မဆလ) အသွင်ပြောင်းမို့ (၁၄) နှစ်စာ ခံစားထားဖူးတဲ့ ဘဝအသိနဲ့ ပြည်သူလူထုက အော့နှလုံးနာတယ်။ ဒါကြောင့် ၁၉၉၀ ရွေးကောက်ပွဲမှာ သူတို့ဆန္ဒ ဘာလဲဆိုတာ ပြပြီး  (တစည)ကို ပြည်သူလူထုကပညာပေးထားတယ်။

ကြံ့ဖွံ့ပါတီကိုလည်း ဒီပဲယင်းအကြမ်းဖက်မှုနဲ့ ၂၀၀၇ သံဃာ့အရေးအခင်းတွေမှာ လက်မရွံ့လူမိုက်လုပ်ရပ်တွေကို လက်တွေ့၊ တွေ့ မြင်ခံစားထားရဖူးလေတော့ ပြည်သူလူထုက ရွံမုန်းကြီးမုန်းနေတယ်။

အဲဒီလို လူထုထောက်ခံမှု မရှိတာကလွဲလို့  (တစည)နဲ့ ကြံ့ဖွံ့ပါတီတို့ဟာ စစ်အုပ်စု အမွေခံတွေပီပီ အခြားပါတီတွေထက် အစစ အရာရာသာတယ်။

အခြားတစ်ဖက်ကပြောရင် (တစည) ထဲက  စစ်ဗိုလ်တွေဟာ (နအဖ) စစ်အစိုးရတို့ / ကြံ့ဖွံ့ပါတီတို့ အထဲက စစ်ဗိုလ်တွေရဲ့ ဆရာသမားတွေ/စီနီယာတွေဖြစ်ပါတယ်။
ဒါဆို အခုကျင်းပမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ဆရာနဲ့ တပည့်ပြိုင်မယ့်ပွဲ။ စီနီယာနဲ့ ဂျူနီယာပြိုင်ကြမယ့်ပွဲသာ ဖြစ်ပါလိမ့်မယ်။

ဒိုင်သူကြီးလုပ်မယ့်သူကလည်း လက်ရှိအာဏာကိုင်ထားတဲ့ စစ်အုပ်စုဖြစ်နေပြန်တယ်။ အခြေခံဥပဒေ (၂၀၀၈) ကလည်း စိတ်ကြိုက် ရေးဆွဲအတည်ပြုထားတာ။ သိန်းစိုးရွေးကောက်ပွဲကော်မရှင်ကလည်း(နအဖ) စစ်အုပ်စု စိတ်ကြိုက်ခန့်အပ်ထားတာ။ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ၅ ရပ်ဆိုတာကလည်း (နအဖ) စစ်အုပ်စု စိတ်ကြိုက်ဖန်တီးရေးဆွဲထားတွေပဲဖြစ်တယ်။

ဘက်ပေါင်းစုံစစ်အုပ်စု စိတ်ကြိုက်ဖန်တီးထားလေတော့ စစ်အုပ်စုစိတ်ကြိုက်ရလဒ်ပဲ ထွက်မယ်ဆိုတာ ရှည်ရှည်ဝေးဝေးစဉ်းစားနေစရာ မလိုတော့ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲရဲ့ တရားမျှတမှုဆိုတာကို ဘယ်အနားမှာသွားရှာကြမလဲဗျာ။

(တစည)ပြောတဲ့ စကားနဲ့ပြောရရင် “Play Ground က  ဟိုဟာပေါ့ တစ်ယောက်က အပေါ်ကကန်၊ တစ်ယောက်က မြေပြင်နိမ့်က ကန်လို့မှမဖြစ်ဘဲ” ဆိုတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။“ပလိန်းလယ်ဗယ်” မှာ ယှဉ်ပြိုင်ရ တာမျိုးမဟုတ်ဘူး။

ဒီအချက်တွေကို စီကြည့်လိုက်တာနဲ့ ၂၀၁၀ ရွေးကောက်ပွဲရလဒ် ဘယ်လိုထွက်ပေါ်လာမလဲဆိုတာပြောဖို့ လိုပါဦးမလားဗျာ။ ၂၀၁၀ ရွေးကောက်ပွဲကျင်းပမယ့် နေ့ရက် အတိကျကိုလည်း  ဦးသိန်းစိန်ဦးစီးတဲ့  ကြံ့ဖွံ့ပါတီကတော့ သိပြီးသားဖြစ်မှာပါ။ (နအဖ) အစိုးရဝန်ကြီးချုပ် ဆိုသူဟာ ဦးသိန်းစိန်ပဲ မဟုတ်ပါလား။  သူတို့ကပဲ ကော်မရှင်ကို ညွန်ကြားတဲ့အခါမှ ကော်မရှင်ကထုတ်ဖေါ်ကြေညာရမှာမဟုတ်ပါလား။

ကျနော်မြင်နေတာကတော့ တကယ်ကို ရိုးရိုးသားသားပါတီမှတ်ပုံတင်ပြီး ပြည်သူလူထုအကျိုးဆောင်ရွက်မယ်လို့ဆိုတဲ့ နိုင်ငံရေးပါတီ အချို့ဟာ (တစည)နဲ့ ကြံ့ဖွံပါတီဆိုတဲ့ ကျွဲနှစ်ကောင်ခတ်မယ့်ကွင်းထဲမှာ မြေဇာပင်ကလေးတွေအဖြစ်သာ အသုံးတော်ခံရပါလိမ့်မယ်။

အချို့သော နိုင်ငံရေးပါတီလေးတွေက ဘဝတူပါတီငယ်တွေအချင်းချင်း မဟာမိတ်ဖွဲ့ကြပြီး ကြံ့ဖွံ့ပါတီကို ရင်ဆိုင်ဖို့၊ ယှဉ်ပြိုင်ဖို့ ပြောဆိုနေတာလည်း ကြားရပါတယ်။
အကယ်၍များပေါ့ဗျာ မီဒီယာတစ်ခုခုကနေ ခင်ဗျားတို့ကို အခုလို လက်တွေ့ကျတဲ့ မေးခွန်းများ မေးလာခဲ့ရင် ဘယ်လိုဖြေမလဲဗျာ။

မေးခွန်း ၁။ “(တစည)က ကြံ့ဖွံ့ပါတီကို အဓိက ယှဉ်ပြိုင်ဘက်အဖြစ် သဘောထားရလိမ့်မယ်လို့ ပြောဆိုနေပါတယ်။ ဒါကြောင့် ခင်ဗျားတို့ ပါတီငယ်တွေ အနေနဲ့ (တစည) နဲ့ မဟာမိတ်ဖွဲ့ပြီး ကြံ့ဖွံ့ပါတီကို ရင်ဆိုင်ဖို့/ယှဉ်ပြိုင်ဖို့ သဘောထားရှိပါသလား”

မေးခွန်း ၂။ “ ကြံ့ဖွံ့ပါတီ ကိုယှဉ်ပြိုင်ဖို့ (တစည) က ခင်ဗျားတို့ကို  မဟာမိတ်ဖွဲ့ကြစို့လို ကမ်းလှမ်းလာခဲ့မယ်ဆိုရင်ကော ခင်ဗျားတို့ ပါတီငယ်တွေ ဘက်က ဘယ်လိုတုန့်ပြန်မှာလဲ။”

(တူမောင်ညို )
(၂၀၁၀  ဇူလိုင်လ၊ ၁၈ ရက် )

ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (ဆောင်းပါး – ဒဂုန်တာရာ)

Posted by မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု On July - 18 - 2010 မှတ်ချက်ပေးရန်

လူတို့သည် ‘ဖြစ်မှ ဖြစ်ရလေ၊ ဖြစ်မှ ဖြစ်ရလေ’ ဟု တတွတ်တွတ် မြည်တမ်းရင်းပင် ညနေစောင်းလာတော့သည်။ ဗိုလ်ချုပ် ဆုံးကြေားကား ညနေသတင်းစာများမှ ကြားရလေပြီ။ မည်သူ့မျက်နှာ ကြည့်ကြည့်၊ မျက်နှာ ညှိုးငယ်နွမ်းလျစွာနှင့် လမ်းပေါ်မှ စက်ပြင်ဆရာတဦး၏ မိန်းမပါးစပ်မှ ‘ကျုပ်တို့တော့ ထမင်းလည်း မချက်တော့ဘူး၊ စားချင်စိတ်လည်း မရှိတော့ပါဘူးရှင်’ ဟူသော အသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည်။ … အပြည့်အစုံသို့ >>>

မြန်မာ့ လွပ်လပ်ရေးသမိုင်းကို မှတ်တန်းတင် ရေးသားသည်ရှိသော် ၁၉၄၇-ခုနှစ် ဆန်းက ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် မြန်မာ့ လွတ်လပ်ရေးကိစ္စအရေးဆိုရန် ရန်ကုန်မြို့မှ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့သို့ သွားရောက်ခဲ့သည်ကို လည်းကောင်း၊ ဗိုလ်ချုပ်တို့ အဖွဲ့နှင့် ဗြိတိသျှနန်းရင်းဝန် (၀န်ကြီးချုပ်) မစ္စတာ အက်တလီဦးဆောင်သည့် ဗြိတိသျှကိုယ်စာလှယ်အဖွဲ့တို့ ၁၉၄၇-ခုနှစ်၊ ဇန်န၀ါရီလ ၁၃ ရက် နေ့မှစ၍ လန်ဒန်မြို့ရှိ ကမ္ဘာကျော် လိပ်စာတစ်ခုဖြစ်သော အမှတ် ၁၀၊ ဒေါင်းနင်းလမ်း (No. 10, Downing Street)တွင် စတင်ဆွေးနွေးခဲ့သည်ကို လည်းကောင်း ချန်လှပ်ထားလိုက်ပါက ပြီးပြည့်စုံမည် မဟုတ်ချေ။ … အပြည့်အစုံသို့ >>>

ပြည်ထောင်စုဖွဲ့စည်းရေးပြဿနာ (ဆောင်းပါး – နိုင်ဟံသာ)

Posted by မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု On June - 29 - 2010 မှတ်ချက်ပေးရန်

ကျွန်ုပ်တို့နိုင်ငံအတွင်းဖြစ်ရှိနေသော နှစ်ငါးဆယ်ကျော်ပြည်တွင်းစစ်ကြီး၏ အဓိကသော့ချက်ပြဿနာသည် ပြည်ထောင်စု ဖွဲ့စည်းရေးပြဿနာ ဖြစ်သည်။ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ နောက်ခံသမိုင်း၊ စုစည်းနေထိုင်ရာနယ်မြေ နယ်မြေဒေသချင်း မတူညီသော လူမျိုးများ စုပေါင်း နေထိုင်သည့် နိုင်ငံတစ်ခုအတွင်း လူမျိုးစုများ အတူနေထိုင်ရေး၊ တနည်းအားဖြင့် ပြည်ထောင်စု ဖွဲ့စည်းရေးပြဿနာသည် အဓိကပြဿနာကြီး ဖြစ်သည်။ ၄င်းပြဿနာကို ပကတိအနေအထားနှင့် ကိုက်ညီမှန်ကန်စွာ မဖြေရှင်း အာဏာရသူတို့က မိမိတို့ဆန္ဒအရ လိုရာဆွဲ ပုံစံချ အမည်ခံ ပြည်ထောင်စုကိုဖွဲ့စည်းခဲ့သဖြင့် ညီအစ်ကိုလူမျိုးအချင်းချင်း ပြင်းထန်စွာစစ်ခင်းရသော လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပေါ်လာခဲ့သည်။ အပြည့်အစုံသို့ »

စည်းဝိုင်းထဲက နိုင်ငံရေး . . . (ဆောင်းပါး – တူမောင်ညို)

Posted by မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု On June - 28 - 2010 မှတ်ချက်ပေးရန်

(နအဖ) စစ်အုပ်စု စပွန်ဆာလုပ်တဲ့  “နိုင်ငံရေးအခင်းအကျင်း” ကတော့ တစ်စတစ်စ အသက်ဝင်လို့လာနေပါပြီ။ မှတ်ပုံတင်ပြီးတဲ့ ပါတီစုစုပေါင်း ကလည်း (၃၃) ပါတီ ရှိလာနေပါပြီ။ ဒီလိုမှတ်ပုံတင်ကြတဲ့ ပါတီတွေထဲမှာ မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်က ကချင်ပါတီတွေကတော့ “တည်ထောင်ခွင့်”လည်းမကျ၊ “မှတ်ပုံတင်ခွင့်” လည်းမရသေးပါဘူး။ ဒီပုံအတိုင်းသာဆိုရင်တော့ (နအဖ) စစ်အုပ်စုရဲ့ “ပါတီစုံ” ဆိုတာ ကချင်ပါတီတွေ မပါဝင်ရတဲ့ ပါတီစုံလို့ ပြောရတော့မယ်ထင်တယ်။ ကယားပါတီ တည်ထောင်တယ်/ မှတ်ပုံတင်တယ်လို့လည်း မတွေ့မိမကြားမိပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုတော့ “NLD ပါတီဟောင်း” ဆိုပြီး မစ္စတာကပ်ကင်းဘဲ လာစဉ်က (နအဖ) ပြောခွင့်ရ အာဏာပိုင်က ထည့်သွင်းပြောဆိုသွားတာ ကြားလိုက်ရပါတယ်။ တည်ထောင်ခွင့်လျှောက်မယ့် ဒီချုပ်ထဲက “အပဲ့” ကို NLD ပါတီသစ်လို့ ရည်ရွယ်ချင်ပုံပါပဲ။ ဝံသာနု NLD ပါတီဆိုတာလည်း မှတ်ပုံတင်ထားပြီးပါပြီ။ အပြည့်အစုံသို့ »

ဒီတပတ်မှာ ပြောချင်တာ

''၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့ရင်တောင်မှ အစိုးရအဖွဲ့အပေါ်မှာ ပြည်သူ့လွှတ်တော်က ထိန်းကျောင်းတည့်မတ်နိုင်တဲ့ အခြေအနေ မရှိဘူး ဒီဥပဒေအရ ဆိုရင် Parliamentary Government မဟုတ်ဘူး Presidential Government ပဲ။ စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေမှာ မတရားတဲ့ ကွဲပြားခြားနားမှုတွေ ရှိလာရင် ပြည်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို ထောက်ပြကြဖို့။ NLD ပါတီကိုမှ မဲပေးချင်သူတွေအတွက် NLD ပါတီဟာ ရွေးကောက်ပွဲ မဝင်တော့တာကြောင့် မဲပေးစရာ NLD ပါတီ မရှိဘူးဆိုရင် မဲမပေးပဲ နေနိုင်ကြောင်း။"

(ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်သတင်းစကား ကောက်နုတ်ချက်)

(25-8-2010) RFA နှင့် ဦးညဏ်ဝင်းအင်တာဗျူးမှ

အပေါ်သို့