Tuesday, September 7, 2010

နအဖ စစ်အုပ်စု၏ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တိုက်ဖျက်ရေးနှင့် (၂၀၁၀) ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ရေး လုပ်ငန်းစဉ်များအား ယနေ့ကာလ၏ အဓိက တိုက်ပွဲလုပ်ငန်းစဉ်များအဖြစ် ချမှတ်ပြီး ရဲဝံ့ပြတ်သားစွာ ဆက်လက်တိုက်ပွဲဝင်သွားကြ ရမည်ဖြစ်ကြောင်း ပြည်တွင်းပြည်ပ အင်အားစုအားလုံးနှင့် မြန်မာပြည်သူတရပ်လုံးအား အလေးအနက် ပြန်ကြားတိုက်တွန်းအပ်ပါသည်။ … အပြည့်အစုံသို့ >>>

ကျွန်တော်တို့အနေဖြင့် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၀ ပြည့်နှစ်လွန်ကာလ၏ ဟိုမှာဘက်အပိုင်းတွင်လည်း ၁၉၈၈ ဒီမိုကရေစီ လူထုအရေးတော်ပုံကြီး၏ အောင်ပွဲခံစိတ်ဓါတ်နှင့် လူထုစွမ်းပကားကို စည်းရုံးဖေါ်ထုတ်ပြီး စစ်အာဏာရှင်စနစ်ကို ရင်ဆိုင်ကြရပေလိမ့်မည်။
စစ်အာဏာရှင်စနစ်၊ ယင်းစနစ်ကို ချုပ်ကိုင်မောင်းနှင်နေသည့် စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၏ တည်ရာမှီရာဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့် ယင်းစနစ်ကို စတင်အသက်သွင်းမည် ၂၀၁၀ ရွေးကောက်ပွဲတို့ကို ၁၉၈၈ ဒီမိုကရေစီလူထုအရေးတော်ပုံကြီး၏ အောင်ပွဲခံစိတ်ဓါတ်ဖြင့် ပြည်သူများကို စည်းရုံးလှုံ့ဆော်ကာ အကုန်အစင် ဖြိုချဖျက်သိမ်းပစ်ရမည်။ … အပြည့်အစုံသို့ >>>

စစ်အာဏာရှင်စနစ်အား အစောဆုံးဆန့်ကျင်ခဲ့သည့်
(၄၈)နှစ်ပြည့် ဇူလိုင် (၇)ရက်ကျောင်းသားအရေးတော်ပုံ အထိမ်းအမှတ်
ထုတ်ပြန်ကြေညာချက် (၂/၂၀၁၀)

၁၉၆၂ ခုနှစ် မတ်လ(၂)ရက်နေ့မှစ၍ ဗမာပြည်သူတရပ်လုံး၏ ဘ၀များထဲသို့ စစ်အာဏာရှင်စနစ် ဒုက္ခဆိုးကြီး ကျရောက်ခဲ့သည်မှာ ယနေ့ ၂၀၁၀ ခုနှစ်တွင် နှစ်ပေါင်း (၄၈)နှစ် တိုင်ခြဲ့ပီဖြစ်ပါသည်။

၁၉၆၂ ခုနှစ် ဇူလိုင်(၇)ရက်နေ့မှ စတင်ခဲ့သော ဗမာပြည်ကျောင်းသားလှုပ်ရှားမှု၏ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲသည်လည်း ယနေ့ ၂၀၁၀ ခုနှစ် ဇူလိုင်လ (၇)ရက်နေ့တွင် နှစ်ပေါင်း(၄၈)နှစ် ပြည့်ခဲ့ပြီဖြစ်ပါသည်။

ဗမာပြည်ကျောင်းသားလှုပ်ရှားမှုနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ သမိုင်းသည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲသမိုင်းသာမက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲသမိုင်းလည်း ဖြစ်ကြောင်းကို ယနေ့ကျရောက်သော ဇူလိုင်(၇)ကျောင်းသားအရေးတော်ပုံက သက်သေထူနေပါသည်။ အပြည့်အစုံသို့ »

ယနေ့ ဗမာပြည် တိုင်းရင်းသား ပြည်သူအားလုံး၏ တောင်းဆိုလိုအပ်ချက်မှာ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည်။ စစ်အုပ်စု လူတစ်စု ကောင်းစားရေးဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အသက်ဝင်ရေး မဟုတ်ပါ။ တိုင်းရင်းသား ပြည်သူ အားလုံး၏ လိုအပ်ချက်များအတွက် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးတာဝန်ကို ဒီမိုကရေစီရေး အင်အားစုများနှင့် ပြည်သူအားလုံး (တပ်မတော်သားများ အပါအ၀င်) စုစည်းကြိုးပမ်းရမည့် အချိန်ကျရောက်နေပြီ ဖြစ်သည်ကို တိုက်တွန်းပန်ကြားအပ်ပါသည်။ … အပြည့်အစုံသို့ >>>

ဒုတိယအကြိမ်ညီလာခံသက်တမ်း၊ ဒုတိယအကြိမ်မူဝါဒရေးရာဦးဆောင်အဖွဲ့အစည်းအဝေးသို့
အတွင်းရေးမှူးအဖွဲ့မှတင်ပြသည့်
ယနေ့ကာလ နိုင်ငံရေးဖြစ်ထွန်းတည်ရှိမှုများနှင့် သုံးသပ်တင်ပြချက်
(၂ဝ၁ဝ ဇွန်လ ၇ ရက် – ၁ဝ ရက်)

နိဒါန်း

နိုင်ငံရေးဖြစ်ထွန်းတည်ရှိမှုများနှင့် သုံးသပ်ချက်များကို အောက်ပါခေါင်းစဉ်ငယ် (၆) ခုဖြင့် တင်ပြသွားမည် ဖြစ်ပါသည်။

၁။ ပြည်တွင်းနိုင်ငံရေးအင်အားစုများအခြေအနေ

၂။ အပစ်ရပ်အင်အားစုများအခြေအနေ

၃။ နယ်စပ်အခြေစိုက်အဖွဲ့အစည်းများအခြေအနေ

၎။ နိုင်ငံတကာအခြေအနေ

၅။ နအဖစစ်အုပ်စုအခြေအနေ

၆။ ခြုံငုံသုံးသပ် အကြံပြုချက်

အပြည့်အစုံသို့ »

မြန်မာ့ဒီမိုကရေစီအရေးတော်ပုံသည် ဆိုဗီယက်ပြည်ထောင်စုကဲ့သို့ (၁) နိုင်ငံရေး (၂) စီးပွားရေး (၃) တိုင်းရင်းသားလူမျိုးစု အမျိုးသားရေးစသော အခြေခံပဋိပက္ခများ ရှည်ကြာရှုတ်ထွေးစွာ ဖြစ်ပေါ်နေခဲ့ပါသည်။ ဤအခြေအနေ ဖြစ်ပေါ်မှုများကို လက်တွေ့ကျကျ၊ လက်ဦးမှုရှိရှိ ကိုင်တွယ်ဖြေရှင်း နိုင်ရန် မြန်မာ့ဒီမိုကရေစီ အင်အားစုများအနေဖြင့် အစစ ဖက်စုံ ပြင်ဆင်ထားကြရန် နှိုးဆော်အပ်ပါသည်။ … အပြည့်အစုံသို့ >>>

အရှေ့အာရှနှင့် ပစ္စိဖိတ်ရေးရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာဒ် ကမ့်ဘဲလ်၏ သတင်းထုတ်ပြန်ချက်

မေလ ၁၀၊ ၂၀၁၀

ကျနော့်၏ ဒုတိယအကြိမ်မြန်မာပြည်ခရီးစဉ်ကတော့ ပြီးဆုံးခဲ့ပါပြီ။

နှစ်ရက်ကြာဤခရီးစဉ်အတွင်း၊ ကျွန်တော်သည် မြန်မာပြည်က  နိုင်ငံရေး၌ပါဝင်ပတ်သက်နေသူ ကာယကံရှင် အတော်များများနှင့်တွေ့ဆုံခဲ့ပါသည်။  နေပြည်တော်တွင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး၊ နိုင်ငံခြား ရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးနှင့် ပြောခွင့်ရအာဏာပိုင်အဖွဲ့၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ အလုပ်သမား ရေးရာဝန်ကြီးနှင့် ကြံ့၊ ဖွံ့အဖွဲ့ တို့နှင့် ဆွေးနွေးတိုင်ပင်မှုများပြုလုပ်ခဲ့ပါသည်။

ရန်ကုန်မြို့တွင်လည်း၊ လူမျိုးစုအဖွဲ့များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်အချို့၊ အဓိကကျသည့် သံတမံအဖွဲ့ဝင်များ၊ အင်န် ဂျီ အို များ၊အခြားသော နိုင်ငံရေး မှာပါဝင် ဆောင်ရွက်နေကျသူများအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ကျွန်တော်တွေ့ဆုံခဲ့ပါသည်။

ဤခရီးစဉ်သည် ယမန်နှစ်က စတင်ခဲ့သည့် အိုဘားမားအစိုးရလုပ်ငန်းစဉ်၏ အစိတ်အပိုင်းဖြစ်ပါသည်။ ၁၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလက၊ နိုင်ငံခြားရေး ၀န်ကြီး မစ္စက် ကလင်တန်သည် မြန်မာပြည်ဆိုင်ရာ ကျွန်တော်တို့၏မူဝါဒကို ပြန်လည်သုံးသပ်မည်ဟု ကြေညာခဲ့ပြီး မြန်မာဗိုလ်ချုပ်များအပေါ် သြဇာသက်ရောက် စေရေးအတွက် ပိတ်ဆို့အရေးယူမှုသက်သက်ဖြင့်သော်လည်းကောင်း၊  ထိတွေ့ဆက်ဆံရေးနည်းလမ်း သက်သက်ဖြင့် သော်လည်းကောင်း ကျင့်သုံး၍ အောင်မြင်မှုမရရှိခဲ့ကြောင်းကို ရှင်းရှင်းလင်းလင်းထုတ်ဖေါ် ပြောဆိုခဲ့ပါသည်။ ထိုသို့ ၇ လကြာ မူဝါဒဆန်းစစ် သုံးသပ်မှုပြုခဲ့ပြီး၊ ကမ္ဘာနှင့် နိုင်ငံတ၀ှမ်း မှ အကောင်းဆုံးသော အယူအဆများကိုရရှိစေရန်အလို့ငှာ ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင် ဆွေးနွေးခဲ့ကြပါသည်။

အပြည့်အစုံသို့ »

ABFSU (FAC)

တရားဝင်အဖွဲ့အစည်းဖြစ်သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၏ တရားဝင် ခွပ်ဒေါင်းအလံ ကို ၈၈ မျိုးဆက်ကျောင်းသား လူငယ်များအဖွဲ့ (ပြည်ထောင်စုမြန်မာနိုင်ငံ)မှ ပါတီအလံအဖြစ် သတ်မှတ်သုံးစွဲခြင်းအား မိမိတို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(နိုင်ငံခြားရေးရာကော်မတီ)မှ ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ကြောင်း အသိပေးကြေညာလိုက်ပါသည်။ … အပြည့်အစုံသို့ >>>

ဒီတပတ်မှာ ပြောချင်တာ

''၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့ရင်တောင်မှ အစိုးရအဖွဲ့အပေါ်မှာ ပြည်သူ့လွှတ်တော်က ထိန်းကျောင်းတည့်မတ်နိုင်တဲ့ အခြေအနေ မရှိဘူး ဒီဥပဒေအရ ဆိုရင် Parliamentary Government မဟုတ်ဘူး Presidential Government ပဲ။ စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေမှာ မတရားတဲ့ ကွဲပြားခြားနားမှုတွေ ရှိလာရင် ပြည်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို ထောက်ပြကြဖို့။ NLD ပါတီကိုမှ မဲပေးချင်သူတွေအတွက် NLD ပါတီဟာ ရွေးကောက်ပွဲ မဝင်တော့တာကြောင့် မဲပေးစရာ NLD ပါတီ မရှိဘူးဆိုရင် မဲမပေးပဲ နေနိုင်ကြောင်း။"

(ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်သတင်းစကား ကောက်နုတ်ချက်)

(25-8-2010) RFA နှင့် ဦးညဏ်ဝင်းအင်တာဗျူးမှ

အပေါ်သို့