RFA တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်း (၂၀၁၀ ခုနှစ် သြဂုတ်လ ၈ ရက်)
တာဝန်ယူတင်ဆက်သူ ဦးခင်မောင်စိုး။
၁။ ဖိတ်ကြားထားသူများ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ပါ။ ဦးအောင်မိုးဇော် ကျန်းမာရဲ့လားခင်ဗျ။
ဟုတ်ကဲ့ပါ ကျန်းမာပါတယ် ကျေးဇူးတင်ပါတယ်။
၂။ နောက်တစ်ဦးကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဥက္ကဋ္ဌ ကိုသံခဲပါ။
ဦးသံခဲရေ နေကောင်းရဲ့လားဗျ။ ဟုတ်ကဲ့ နေကောင်းပါတယ်ခင်ဗျ။
၃။ နောက်ဆုံးတစ်ဦးကတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ဦးမင်းနိုင်ပါ။ ဦးမင်းနိုင်ရေ ကျန်းမာရဲ့လား။
ဟုတ်ကဲ့ခင်ဗျ နေကောင်းပါတယ်ခင်ဗျ။ အပြည့်အစုံသို့ »

မြန်မာနိုင်ငံ စစ်အစိုးရဟာ သူတို့ကျင်းပပြုလုပ်ပေးမယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအမည်ခံပါတီကို အနိုင်ရအောင် တဖတ်သတ်ဆောင်ရွက်နေတာ အခုအခါမှာတော့ ပိုမိုထင်ရှားလာနေပါပြီ။ ဒီလို အခြေအနေမျိုးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အဖိနှိပ်ခံပါတီတွေ အင်အားစုတွေကို ဦးဆောင်တိုက်ပွဲဝင်ခဲ့ရင် ပိုမကောင်းပေဘူးလားဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ ပိုမိုသိရှိနိုင်ဖို့ ဦးကျော်ဇံသာ က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။ 















