d
OFFICIAL WEBSITE OF FORUM FOR DEMOCRACY IN BURMA

d





၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဒီမိုကရေစီရေးလှုပ်ရှားဆောင်ရွက်နေသူများ
ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ သဘောထားကြေညာချက်

၂၂ ရက်၊ သြဂုတ်လ၊ ၂၀၀၇ ခုနှစ်

ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် မြန်မာပြည်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများ ထွန်းကားနိုင်ရေးအတွက် ကြိုးပမ်းနေသူများ ဖြစ်သည်။ ထိုသို့ကြိုးပမ်းရာ၌ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းနိုင်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး အပေါ်တွင် အခြေခံ၍

၁။ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် အဖြေရှာရေး
၂။ ၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ်အပေါ်တွင် အခြေခံရေး၊
၃။ ဒီမိုကရေစီကို ဦးတည်သော ဖြေရှင်းမှုဖြစ်ရေး၊

ဟူသော အခြေခံမှု ၃ ရပ်ပေါ်တွင် ရပ်တည်ဆောင်ရွက်ခဲ့သည်။ ယခု ၂၁ ရက်၊ သြဂုတ်လ၊ ၂၀၀၇ ခုနှစ် ညသန်းခေါင်၌ နအဖ စစ်အစိုးရမှ ၈၈ မျိုးဆက်ခေါင်းဆောင်များ၊ ဒီမိုကရေစီကြိုးပမ်းနေသူများအား မည်သည့်အကြောင်းပြချက်မှ မရှိဘဲ နေအိမ်များ၌ ၀င်ရောက်ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းနိုင်ရေး ကြိုးပမ်းမှုအပေါ်တွင် နိုင်ငံရေးအရ အကြမ်းဖက်ခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့ ဖမ်းဆီးခြင်းအား ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများမှ အပြင်းအထန် ကန့်ကွက်ရှုံ့ချသည်။

ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုကိုကြီးတို့အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် များ ဒီမိုကရေစီရေး ဆောင်ရွက်နေသူများအား ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံ၌ လက်ရှိကြုံတွေ့နေရသော စီးပွားရေး၊ နိုင်ငံရေးအကြပ်အတည်းများကို အမြန်ဆုံးဖြေရှင်းပေးရန် နအဖ စစ်အစိုးရအား အလေးအနက်တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူမိဘပြည်သူအပေါင်းနှင့် မျိုးဆက်ကျောင်းသားအပေါင်းကလည်း မြန်မာပြည်ဒီမိုကရေစီထွန်းကားရေးကြိုးပမ်းမှုအပေါ်တွင် ထက်သန်ညီညာစွာ ကျွန်ုပ်တို့နှင့် အတူ ရပ်တည်ဆောင်ရွက်ကြဖို့ ပန်ကြားအပ်ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ

 

"Quote of the Week"

လူငယ်များအနေနဲ့ ပြဿနာ အခက်အခဲများ အတွက် ထွက် ပေါက်ကိုသာ စဉ်းစား ခြင်းမပြုဘဲ “ဖောက်ထွက်ဖို့ စဉ်းစားစေချင်ပါတယ်။ ဒါဟာ ပိုပြီး အရေးကြီးပါတယ်”

ဦးဝင်းတင်
(အန်အယ်ဒီ အတွင်းရေးမှူး
အဖွဲ့ဝင်
)
ဧရာဝတီသတင်းဌာန ဆက်သွယ်မေးမြန်းချက်မှ
၁၉/၁၂/၂၀၀၈
- - - - - - - - - - - - - - - -
"အဖွဲ့ချုပ်က ဒီကနေ့အထိ တောင့်ခံနေနိုင်တာက လူထု က သူ့ကို ထောက်ခံထားလို့၊ လုပ်ပိုင်ခွင့်ပေးထားလို့ဖြစ် တယ်။ လူထုရဲ့အားနဲ့ပဲ လုပ် ချင်တဲ့ လုပ်ငန်းတွေ အကုန် လုံးကို လူထုနဲ့အတူ လုပ်ကြ ရလိမ့်မယ်။
ဥပမာ … ပါတီအဖြစ် မှတ်ပုံ တင်မလား မတင်ဘူးလား ဆို တာမှာ မတင်ဘူးလို့ ဆုံးဖြတ် တယ်ဆိုရင် လူထုနဲ့အတူ ရင်ဆိုင်ဖို့လိုတယ်။
ရွေးကောက်ပွဲအတွက် အမတ်စာရင်းတွေ တင်ခိုင်း ရင် မတင်နိုင်ဘူး၊ ဒီကိစ္စကို လုံးဝ စဉ်းစားမှာမဟုတ်ဘူး လို့ တောင့်ခံမယ်ဆိုရင် အဲဒါ အတွက် လူထုနဲ့အတူပြင်ဆင် ရလိမ့်မယ်”ဟု ကိုငွေလင်းက ဧရာဝတီသို့ပြောပြသည်။"

ကိုငွေလင်း
တွဲဘက်အထွေထွေအတွင်း ရေးမှူး (လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ
)
ဧရာဝတီသတင်းဌာန ဆက်သွယ်မေးမြန်းချက်မှ
၁၉/၁၂/၂၀၀၈



She Must Be Free


Joint statement

©2006 Forum for Democracy in Burma
With support of the Denish Burma Committee
Website design by FDB Meida Team