နယ်ခြားစောင့်တပ် ဖွဲ့ဖို့ လက်မခံနိုင်ဘူး . . . ။ (အင်တာဗျူး)
ဘ၀တူတွေပဲ မဟုတ်လား၊ တိုင်းရင်းသားတွေရဲ့ အရေးက ကိုယ်ပိုင်ပြဌာန်းခွင့်၊ တကယ့် စစ်မှန်တဲ့ ပြည်ထောင်စုထဲမှာ တိုင်းရင်းသားတွေ အချင်းချင်း နေဖို့ပဲ လို့ ကျနော်တို့ မြင်တယ်။ အဲဒီရည်မှန်းချက် ရောက်ဖို့က တိုင်းရင်းသားတွေ အားလုံး စုစုစည်းစည်း ရှိကြဖို့ လိုမယ်။ အတူတကွ အမြင်တခုတည်း တိုင်းရင်းသားအရေးအတွက် ပူးတွဲပြီးတော့ ဆက်စပ်မှု ရှိရှိ၊ ညီညွတ်မှု ရှိရှိနဲ့ ကြိုးစားသွားရင်တော့ ရည်မှန်းထားသလို ဖြစ်နိုင်မယ်။
ဦးဝင်းတင်နှင့် ပဒိုဒေးဗစ်သကဘော် စကားပြောခြင်း အစီအစဉ် (RFA)
ဦးဝင်းတင် ။ ။ ကျနော်ကတော့ ဘယ်လိုစဉ်းစားတယ်ဆိုတော့ ကျနော်တို့ စောစောက ဦးဒေးဗစ်ပြောတဲ့ထဲမှာ ပါတဲ့ ဒီ လူမျိုးမုန်းတီရေးတို့ ဘာတို့ဆိုတာတွေက နှစ်ပေါင်းများစွာ ဖန်တီးခဲ့တဲ့ကိစ္စပေါ့ဗျာ ဒါကတခုပေါ့။ နောက်တခါ ကျနော် တို့ လူ့အခွင့်အရေးတို့ ဘာတို့ ယှဉ်တြွဲမင်ကြည့်တာက တခုပေါ့၊ နောက်တခုကလည်း အခုနားက ဒီမိုကရေစီ အလားအလာတွေကို လာမည့်ရွေးကောက်ပွဲတို့ ဘာတို့ကိစ္စတွေမှာ ဒီမိုကရေစီအလားအလာ သစ်များပေါ်ထွန်းအောင် လုပ်ဖို့ဆိုတဲ့ သဘောထားတွေ ကြားရတဲ့အတွက် ကျနော် မူအားဖြင့်သဘောတူပါတယ်။ အဓိကပြဿနာက ဒီနေ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့၊ အခြေခံတွေရှာဖို့ လက်တွဲနိုင်ဖို့၊ အဲဒါက အဓိကအကျဆုံးလို့ ကျနော်ထင်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဦးဒေးဗစ်တို့ရဲ့ သဘောထား အမြင်ကိုလည်း ကျနော်တို့ ကြားချင်ပါတယ်ခင်ဗျား။
ဒေးဗစ်သကဘော် ။ ။ ဟုတ်ကဲ့ ကျနော်တို့ကတော့ [...]
ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်ကို မသတ်မှတ်သေးသော်လည်း စစ်အုပ်စုကို ထောက်ခံသူများကမူ စည်းရုံးရေး လုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ကိုင်လျက်ရှိသည်။ (Mizzima 020210) Read More…
ရွေးကောက်ပွဲ ကျင်းပမည်ဟု နိုင်ငံတကာနှင့် တိုင်းပြည်အား ကြေညာထားသော်လည်း လက်တွေ့တွင် တပ်တွင်းက စိတ်မဝင်စားကြောင်း ပြောသည်။ (Yoma3 030210) Read More…
စစ်အစိုးရက ၂ဝ၁ဝ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နိုင်ငံခြားမှ အတိုင်ပင်ခံ အခါပေး နက္ခတ္တဝေဒ ပညာရှင် များကို မြန်မာနိုင်ငံသို့ ခေါ်ယူထားကြောင်း ဝေဒပညာရှင်များ အသိုင်းအဝိုင်းက ပြောသည်။ (Irrawaddy 040210) Read More…
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ကြံ့ဖွံ့အဖွဲ့က လမ်းပြင်ခြင်းများနှင့် ပျော်ပွဲရွှင်ပွဲများကို လိုက်လံလုပ်ဆောင် ကာ စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နေသည်။ (Yoma3 040210) Read More…
PDF [...]
ဘ၀တူတွေပဲ မဟုတ်လား၊ တိုင်းရင်းသားတွေရဲ့ အရေးက ကိုယ်ပိုင်ပြဌာန်းခွင့်၊ တကယ့် စစ်မှန်တဲ့ ပြည်ထောင်စုထဲမှာ တိုင်းရင်းသားတွေ အချင်းချင်း နေဖို့ပဲ လို့ ကျနော်တို့ မြင်တယ်။ အဲဒီရည်မှန်းချက် ရောက်ဖို့က တိုင်းရင်းသားတွေ အားလုံး စုစုစည်းစည်း ရှိကြဖို့ လိုမယ်။ အတူတကွ အမြင်တခုတည်း တိုင်းရင်းသားအရေးအတွက် ပူးတွဲပြီးတော့ ဆက်စပ်မှု ရှိရှိ၊ ညီညွတ်မှု ရှိရှိနဲ့ ကြိုးစားသွားရင်တော့ ရည်မှန်းထားသလို ဖြစ်နိုင်မယ်။
ဦးဝင်းတင် ။ ။ ကျနော်ကတော့ ဘယ်လိုစဉ်းစားတယ်ဆိုတော့ ကျနော်တို့ စောစောက ဦးဒေးဗစ်ပြောတဲ့ထဲမှာ ပါတဲ့ ဒီ လူမျိုးမုန်းတီရေးတို့ ဘာတို့ဆိုတာတွေက နှစ်ပေါင်းများစွာ ဖန်တီးခဲ့တဲ့ကိစ္စပေါ့ဗျာ ဒါကတခုပေါ့။ နောက်တခါ ကျနော် တို့ လူ့အခွင့်အရေးတို့ ဘာတို့ ယှဉ်တြွဲမင်ကြည့်တာက တခုပေါ့၊ နောက်တခုကလည်း အခုနားက ဒီမိုကရေစီ အလားအလာတွေကို လာမည့်ရွေးကောက်ပွဲတို့ ဘာတို့ကိစ္စတွေမှာ ဒီမိုကရေစီအလားအလာ သစ်များပေါ်ထွန်းအောင် လုပ်ဖို့ဆိုတဲ့ သဘောထားတွေ ကြားရတဲ့အတွက် ကျနော် မူအားဖြင့်သဘောတူပါတယ်။ အဓိကပြဿနာက ဒီနေ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့၊ အခြေခံတွေရှာဖို့ လက်တွဲနိုင်ဖို့၊ အဲဒါက အဓိကအကျဆုံးလို့ ကျနော်ထင်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဦးဒေးဗစ်တို့ရဲ့ သဘောထား အမြင်ကိုလည်း ကျနော်တို့ ကြားချင်ပါတယ်ခင်ဗျား။
ဒေးဗစ်သကဘော် ။ ။ ဟုတ်ကဲ့ ကျနော်တို့ကတော့ [...]
အပစ်ရပ်အဖွဲ့တွေကို နအဖက အကြမ်းဖက် စစ်ဆင်လာခဲ့ရင် ဒီမိုကရေစီအင်အားစုမှန်သမျှက လူထုကြီးကို စည်းရုံးပြီး ပြည်တွင်းစစ်ဆန့်ကျင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေး လူထုလှုပ်ရှားမှုကြီးနဲ့ နအဖလုပ်ရပ်ကို ဆန့်ကျင်ဖို့ဖြစ်တယ်။ ဒီမိုကရေစီ အင်အားစုများရဲ့ လူထုလှုပ်ရှားမှုများကို နအဖက အကြမ်းဖက်ဖြိုခွဲလာခဲ့ရင် အပစ်ရပ်အဖွဲ့များအနေနဲ့ လူထုဆန္ဒပြဖော်ထုတ်မှုကို ထောက်ခံရေး၊ ဒီမိုကရေစီရရှိရေး၊ စစ်အစိုးရရဲ့ အကြမ်းဖက်ဖိနှိပ်မှုကို ဆန့်ကျင်ကန့်ကွက်ရေး စတဲ့ လှုပ်ရှားမှုများနဲ့ နအဖကို ဆန့်ကျင်ဖို့ဖြစ်တယ်။
အခု နအဖ စစ်အုပ်စုကလည်း စစ်တပ်က အာဏာသုံးရပ်စလုံးကို ချုပ်ကိုင်ထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ ၂ဝ၁ဝ ရွေး ကောက်ပွဲဆိုတာဟာ နအဖ စစ်အုပ်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ လွတ်တော်များ ဖွဲ့စည်းရေးအတွက် တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပခြင်း ဆိုတဲ့ နိုင်ငံတော်ရှေ့ဆက်သွားမည့် လမ်းစဉ် (၇) ရပ်ထဲက အဆင့် (၅) ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ယခုနှစ် နိုဝင်ဘာလအတွင်း နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးမည်ဟု မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက မန္တလေးတိုင်း ကျောင်းပန်းတောင်းမြို့တွင် လွန်ခဲ့သည့် ရက်ပိုင်းက ပြောကြား ခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ (RFA 240110)
ကျနော်မြင်တာကတော့ အခု ပြောတာကိုကျနော်တို့လည်း နားထောင်ဖူးတယ်၊ အခု ပြည်သူတွေက ၂ဝ၁ဝ ရွေးကောက်ပွဲကို သူတို့အတွက် အကျိုးစီးပွားဘာမှမရှိတော့မှန်းသိလို့ရင် စိတ်ကိုမဝင်စားဘူး။ ဆိုတော့ အဲလိုအခြေအနေမျိုးမှာကိုပဲ ကျနော်တို့က ပြည်သူတွေကိုယ်တိုင်က တကယ်ကိုယ်စားðပပြီးတော့ အပြောင်းအလဲကို လုပ်နိုင်ပါ့မလား၊ အဲလိုóကိးစားခဲ့တဲ့အချိန်တွေလည်း ရှိခဲ့ဖူးတာပဲ။ တကြိမ်တခါလောက် ကျနော်တို့အားလုံး òပိင်တူတွန်းရင် မရွေ့နိုင်ဘူးလားပေါ့ ကျနော်က အဲလိုစဉ်းစားတာပါ။
ယနေ့ညနေတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) ၏ “Debaters of Our Society” (DOS) မှ စီစဉ်ကျင်းပသည့်စကားရည်လုပွဲ နောက်ဆုံးပွဲစဉ်ကို Assistance Program of Education for Burmese Children (APEBC) အဆောင်ဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။